ရှမ်းမြောက်မှာတိုက်ပွဲဝင်နေတဲ့TLNAအဖွဲ့ဟာစစ်ကောင်စီနဲ့ဆွေးနွေးမယ်လို့ကြေညာလိုက်ပါတယ်။ကုန်စည်စီးဆင်းမှုပြတ်တောက်နေမှုတွေကြောင့်ထိုဒေသကပြည်သူတွေဒုက္ခရောက်နေတာရယ်၊စစ်ကောင်စီရဲ့အရပ်သားပစ်မှတ်တွေကိုဦးတည်တဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အပစ်မဲ့ပြည်သူတွေသေဆုံးနေရတာကြောင့်ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆုံးဖြတ်လိုက်တာလို့ဆိုပါတယ်။တကယ်လဲစစ်ကောင်စီဟာနေစဥ်ရက်ဆက်နီးပါးရှမ်းမြောက်ကမြို့ရွာတွေကိုလေကြောင်းကနေဗုံးကြဲနေတာပါ။စစ်ကောင်စီရဲ့ရက်စက်ယုတ်မာမှုတွေကိုနိုင်ငံတကာကလဲမျက်ကွယ်ပြုထားကြတယ်။
TLNAကငြိမ်းချမ်းရေးဆွေးနွေးမယ်လို့ပြောလိုက်တာကြောင့်တော်လှန်ရေးဟာရှမ်းမြောက်ကနေရှမ်းတောင်သို့မဟုတ်မြေပြန့်ကိုစီးဆင်းလာဖို့ခက်ခဲသွားပါပြီ။EAOတွေရဲ့တော်လှန်မှုတွေငြိမ်သက်သွားတာကြောင့်မြေပြန့်ကတော်လှန်ရေးအဖွဲ့တွေဟာကိုယ့်အားကိုယ်ကိုးရုန်းကန်ရတော့မှာပါ။