ချင်းပြည်နယ်မင်းတပ်နဲ့ဖလမ်းမြို့မှာတော့ တိုက်ပွဲတွေဆက်လက်ပြင်းထန်ဆဲပါ။ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက မြို့ရဲ့ခြောက်ဆယ်ရာခိုင်နှုန်းအထိထိန်းချုပ်နိုင်ပြီးလို့သိရတယ်။စစ်ကောင်စီကတော့ မြို့ပေါ်ကအိမ်တွေကိုမီးလိုက်ရှို့နေပါတယ်။
ရခိုင်ပပြည်နယ်အမ်းမြို့မှာလဲ AAတပ်တော်ကစစ်ကူလာပို့တဲ့စစ်ကောင်စီရဲ့ ရဟတ်ယာဥ်တစ်စီးကို ထိမှန်အောင်ပစ်ခတ်နိုင်ခဲ့တယ်။ထိုရဟတ်ယာဥ်ဟာပျက်ကျမသွားပေမယ့် မကွေးတိုင်းထဲကတစ်နေရာမှာအရေးပေါ်ဆင်းသက်ခဲ့ရတယ်။အမ်းမြို့ထဲမှာတော့စစ်ဌာနချုပ်ကို အဓိကထောက်ပို့ပေးနေတဲ့တပ်ကို အေအေကသိမ်းလိုက်နိုင်ပါပြီ။အခြားဒေသတွေမှာတော့ တိုက်ပွဲတွေငြိမ်သက်သလောက်ဖြစ်နေပါတယ်။