နွေဦးတော်လှန်ရေးကတော့ စစ်ကောင်စီကိုလောက်ပဲမဟုတ်ပဲ တရုတ်ကိုပါ ရင်ဆိုင်နေရပါပြီ။ MNDAA ခေါင်းဆောင် ဖုန်းတာရွှင်ကိုပါ အကျယ်ချုပ် ဖမ်းထားပြီး လားရှိုးကို ပြန်ပေးဖို့အတွက် အကြပ်ကိုင်နေတယ်ဆိုတာ အတော်လေး မိုက်ရိုင်းလွန်းတယ်။ တိုင်းရင်းသားတော်လှန်ရေးတပ်တွေအတွက် တကယ့်ကို ကျဥ်းထဲကြပ်ထဲအချိန်ကာလ ရောက်နေပြီဖြစ်တယ်။ တရုတ်ဟာလည်း စစ်ကောင်စီလိုပဲ သူတလူ ငါတမင်းနဲ့ ရင်ဆိုင်ရမယ့်အရာမျိုးတော့ မဟုတ်ဘူးလို့ မြင်မိတယ်။ တရုတ်နယ်စပ် EROs ကြီးတွေနဲ့ တရုတ် အကျိုးစီးပွား အများအပြားကို ထိန်းချုပ်ထားနိုင်တဲ့ တိုင်းရင်းသား EROs ကြီးတွေ စုပေါင်းရင်ဆိုင်ရမယ့်အရာဖြစ်လာပြီ။ NUG အနေနဲ့ တိုင်းရင်းသား EROs ကြီးတွေနဲ့ ညှိနှိုင်းဆွေးနွေး ကျောခြင်းကပ်ထားရမယ်အချိန်ပါပဲ။ တရုတ်နဲ့ပတ်သက် ပါပလစ်မှာ အသံထွက်ဖို့ ခက်နေတဲ့ EROs ကြီးတွေကိုယ်စား NUG က ရှေ့ထွက်ပြီး ချဲလင့်လုပ်ရမယ့်အချိန်လို့ မြင်မိတယ်။ မြန်မာပြည်သူတွေဟာ နောက်ပြန်လှည့်ကြည့်ရင် ဆုံးရှုံးစရာ ကြောက်နေစရာ ဘာမှမကျန်တော့ပြီမို့ တရုတ်ကိုလည်း ကြောက်နေစရာ အကြောင်းမရှိနေပါဘူး။ တရုတ်အကျိုးစီးပွား အများအပြားရှိတဲ့ နယ်စပ်ဒေသတွေကို KIA က ထိန်းချုပ်နိုင်ပြီးနောက်မှာ တရုတ်ကို မာမာတင်းတင်း ဆက်ဆံပြနိုင်တဲ့ KIA ရဲ့မူဝါဒကို လေးစားမိတယ်။ ဒီလိုပဲ တရုတ်အကျိုးစီးပွား အများအပြားရှိတဲ့ဒေသတွေကို ထိန်းချုပ်ထားတဲ့ EROs NUG အနေနဲ့ တရုတ်ကို မာမာတင်းတင်း တုံ့ပြန်ဖို့ လိုလားမိတယ်။
သေချာတာတခုက တော်လှန်ရေးဟာ ဒီအနေအထားအတိုင်းသာဆို ကြာနေလို့ ဘယ်လိုမှ မကောင်းနိုင်ပါဘူး။ စစ်ကောင်စီကို မျှခြေထိန်းထားပြီး နေနေတဲ့ တောင်ပိုင်းက KNU တပ်မဟာအများအပြားအနေနဲ့လည်း ခိုင်မာတဲ့ဆုံးဖြတ်ချက်ချဖို့ အချိန်တန်ပါပြီ။အလားတူပဲ ကျန် EROs PDF LDF တို့အနေနဲ့ စစ်ကောင်စီကို အမြစ်ပြတ်နိုင်မယ့် တပြိုင်တည်းထိုးစစ်ကို စတင်ဖို့ အချိန်တန်ပြီဖြစ်တယ်။ ဒီလိုမှမဟုတ်ရင် တော်လှန်ရေး တရုတ် ကြားဝင်မှုတွေကြောင့် အများကြီးနှောင့်နှေးသွားနိုင်ပါတယ်။ အခုတောင်မှ အတော်လေးအရှိန်တန့်နေပါပြီ။