ကန်တည်ပိုက်မြို့ကနေတရုတ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သား၃၀၀ကျော်ကို တရုတ်ကဘေးမသီရန်မခအောင်စောင့်ရှောင်ကာ မူဆယ်မြို့ကိုပြန်ပို့ပေးခဲ့ပါတယ်။အရင်ကဆို တရုတ်ဟာသူ့ဘက်ခြမ်းကိုစစ်ဘေးရှောင်တွေရော၊မြန်မာစစ်သားတွေပါ အဝင်မခံပါဘူး။အခုတော့စစ်ရှုံးစစ်ကောင်စီတပ်သားတွေကို ကြည်ကြည်ဖြူဖြူလက်ခံတဲ့အပြင်ကောင်းမွန်စွာ ပြန်ပို့ပေးလိုက်သေးတယ်။ထိုတပ်အင်အားသုံးရာခန့်ကို စစ်ကောင်စီကမူဆယ်မြို့ခံစစ်အတွက် ပြန်အသုံးပြုနေပါတယ်။
ဒါ့အပြင်နယ်စပ်ဂိတ်တွေပိတ်ထားတဲ့တရုတ်ဟာ ဂိတ်အချို့ကိုကန့်သတ်ချက်တွေနဲ့ပြန်ဖွင့်ဖို့ အသံထွက်လာတယ်။ဘယ်ဂိတ်တွေပြန်ဖွင့်မလဲဆိုတာတော့ မသိသေးပါဘူး။နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပိတ်ထားတာဟာနှစ်ဖက်လုံးမှာ အထိနာပါတယ်။ကိုယ့်ဘက်ကတောင့်ခံနိုင်ရင် သူ့ဘက်ကအလျော့ပေးရမှာပါ။