တရုတ်လုံခြုံရေးအမည်ခံလက်နက်ကိုင်တပ်တွေ မြန်မာပြည်ထဲဝင်လာမယ့်အရေးက ပေါ့သေးသေးတော့မဟုတ်ပါဘူး။မင်းအောင်လှိုင်ကတော့ တရုတ်တပ်တွေဖြစ်စေ၊ရုရှားတပ်တွေဖြစ်စေ ဘယ်သူပဲဝင်လာလာကြည်ကြည်ဖြူဖြူလက်ခံမှာပဲ။သူ့အတွက်က တစ်ချက်ခုတ်သုံးချက်လောက်ပြတ်နေတယ်လေ။တရုတ်အကျိုးစီးပွားလုပ်ငန်းကြီးတွေကို သူကာကွယ်ပေးစရာမလိုတော့ဘူး။ဒါ့အပြင်တော်လှန်ရေးတပ်တွေကို တရုတ်နဲ့ကောင်းကောင်းရန်တိုက်ပေးလို့ရသွားမယ်။
တော်လှန်ရေးအင်အားစုတွေဘက်ကြည့်မယ်ဆိုရင်တော့ ဒီအရေးဟာအတော်ထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်ရမယ့် ကိစ္စတစ်ခုဖြစ်လာမယ်။တရုတ်နဲ့ထိပ်တိုက်တွေ့လို့မရသလို ရှောင်ပေးပြန်ရင်လဲတရုတ်ကဝါးမြိုသွားမှာစိုးရိမ်ရပါတယ်။မင်းအောင်လှိိုင်အတွက်ကတော့ အာဏာကိုလက်မလွတ်ရရေး အရေးကြီးဆုံးဖြစ်တဲ့အတွက်နိုင်ငံဘာပဲဖြစ်နေပါစေ သူ့အတွက်အနေသာကြီးပါပဲ။တော်လှန်ရေးဟာ ဘေးကျပ်နံကျပ်အခြေအနေတွေတစ်ခုပြီးတစ်ခု ရင်ဆိုင်နေရပါတယ်။