LATEST STORIES

နိုဝင်ဘာ ၂၈၊ ၂၀၂၁။ (တနင်္ဂနွေ)

ဒီနေ့အာဏာသိမ်းတာရက်၃၀၀ပြည့်သွားပြီ။အပစ်မဲ့ပြည်သူ၁၂၉၅ဦးသတ်ဖြတ်ခံခဲ့ရပြီး၇၅၀၀ ကျော်ဖမ်းဆီးခံထားရတယ်။စစ်ကောင်စီရဖမ်းဆီးမယ့်သူကိုမတွေ့ရင်အိမ်မှာရှိသမျှလူအကုန်ဓားစာခံအဖြစ်ဖမ်းဆီးတယ်။တအိမ်လုံးလူမရှိရင်အိမ်ကိုချိတ်ပိတ်တယ်။အခုဆိုရင်ချိတ်ပိတ်ခံရတဲ့အိမ်ပေါင်းတစ်ရာကျော်သွားပြီ။တကယ့်ကိုတရားလက်လွှတ်ပြုမူနေကြတယ်။ ခုခံစစ်ပွဲတွေကြောင့်တနိုင်ငံလုံးမှာစစ်ရှောင်ပြည်သူတွေ၂၃၀၀၀၀ ကျော်တိုးလာပြီ။နယ်ဘက်ကပြည်သူတွေရဲ့အခြေအနေကပိုမိုဆိုးရွားနေတယ်။စစ်ဘေးရှောင်တွေကိုပေးမယ့်အကူအညီတွေကိုလဲစစ်သူပုန်တွေကနေရာတိုင်းမှာဖြတ်တောက်ထားတယ်။အခြေအနေတွေကရှေ့လျောက်ဒီထက်ပိုမိုဆိုးရွားလာဖို့ပဲရှိမယ်။

Read moreDetails

နိုဝင်ဘာ ၂၇၊ ၂၀၂၁။ (စနေ)

ချင်းပြည်နယ်ထန်တလန်မြို့လေးမှာဒီညမီးလောင်မှုတွေထပ်ပြီးဖြစ်ပွားနေတယ်။မြို့ခံလူထုတွေလုံးဝမရှိတော့ပဲစစ်သူပုန်တွေသာတပ်စွဲထားတဲ့နေရာမှာဒီမီးလောင်မှုတွေဟာဘယ်သူလက်ချက်လဲဆိုတာအသိသာကြီးပဲ။ထန်တလန်မှာမီးလောင်မှုတွေဖြစ်နေတာကိုးကြိမ်ခန့်ရှိနေပြီ။တမြို့လုံးလဲကုန်လောက်ပြီ။ဒါတောင်စစ်သူပုန်တွေကPDF တွေလက်ချက်ပါဆိုပြီးသူခိုးကလူလိုဟစ်ချင်နေသေးတယ်။ စစ်ကိုင်းတိုင်းအလယ်ပိုင်းဒီပဲယင်းမြို့နယ်မှာလဲညဘက်ကြီးရွာတွေကိုရဟတ်ယာဥ်တွေနဲ့ဝင်ပစ်နေလို့ဒေသခံဘေးလွှတ်ရာကိုညတွင်းချင်းပြေးနေရတယ်။စစ်သူပုန်တွေရဲ့ပစ်ခတ်မှုကြောင့်ရွာသား၁၈ဦးခန့်ပျောက်ဆုံးနေတယ်။သေလားရှင်လားမသိရသေးဘူး။စစ်တပ်ဟာကိုယ့်လူမျိုးကိုယ်ပြန်သတ်နေပြီ။

Read moreDetails

နိုဝင်ဘာ ၂၆၊ ၂၀၂၁။ (သောကြာ)

ရန်ကုန်မြို့ကနာမည်ကြီးစျေးဝယ်စင်တာတစ်ခုဖြစ်တဲ့မြန်မာပလာဇာမှာလူငယ်ငါးဦးခန့်ဆန္ဒပြပွဲလုပ်ကြတယ်။အဲ့ဒီမှာပလာဇာလုံခြုံရေးဝန်ထမ်းတွေကအတင်းထိုးကြိတ်ဖမ်းဆီးကြတယ်။ထိုသတင်းဟာလူထုကြားချက်ချင်းရောက်သွားပြီးမြန်မာပလာဇာကိုသပိတ်ဝိုင်းမှောက်ကြဖို့ဝိုင်းဝန်းဆော်သြကြတယ်။သိပ်မကြာခင်အချိန်အတွင်းမှာပဲမြန်မာပလာဇာကဆိုင်ခန်းတချို့ပိတ်သိမ်းကြောင်းကြေငြာချက်တွေဆိုရှယ်မီဒီယာတွေပေါ်တက်လာတယ်။ပလာဇာဘက်ကတောင်းပန်ကြောင်းပန်ကြားချက်ထွက်လာပေမယ့်မမှီတော့ဘူး။လူထုရဲ့boycottဟာချက်ချင်းအကျိုးသက်မှုရှိသွားတယ်။နောက်နေ့မှာတော့ပလာဇာတစ်ခုလုံးနီးပါးဆိုင်ခန်းတွေပိတ်ထားတာပြီးစျေးဝယ်သူတွေလဲမရှိသလောက်နည်းပါးသွားတယ်။ ဒီဖြစ်ရပ်ဟာရန်ကုန်မြို့နေလူထုတရပ်လုံးတော်လှန်ဘက်မှာအပြည့်အဝရပ်တည်နေဆဲပဲဆိုတာပြသလိုက်တာပဲ။လူတွေဟာလမ်းပေါ်ထွက်ဆန္ဒပြလို့မရတော့ပေမယ့်ကိုယ်နိုင်တဲ့တာဝန်ကိုတော့တတ်နိုင်သလောက်ထမ်းဆောင်နေကြတယ်။

Read moreDetails

စစ်ကောင်စီ၏ စစ်ကြောရေး ငရဲခန်း

ဒီဇိုင်း - မိုးထက်လျှမ်း/Myanmar Now ဖေဖော်၀ါရီ ၁ အာဏာသိမ်းစစ်ကောင်စီ၏ စစ်သားနှင့် ရဲများက အရပ်သားများကို နေ့စဉ်ရက်ဆက် လိုက်လံဖမ်းဆီးလျက်ရှိသည်။ အဖမ်းခံရသူတို့ ထွက်ဆိုခဲ့သည်ဆိုသော အချက်များကိုသာ စစ်ကောင်စီက သတင်းထုတ်ပြန်လေ့ရှိပြီး ထိုသို့ထွက်ဆိုရန် မည်သို့ နှိပ်စက်ညှဉ်းပန်းခဲ့သည်၊...

Read moreDetails

၂၀၂၂ တိုရစ်ဇမ်ပြန်အဖွင့်မှာ မြန်မာ့ခရီးသွား ဘာဖြစ်လာမလဲ?

"စကစနှင့်လက်ရှိခရီးသွားစီးပွား" သက်တမ်း၂၅နှစ်ကျော်လာပြီဖြစ်တဲ့ မြန်မာ့ခရီးသွားစီးပွားဟာ ယခုဆိုရင် ကိုဗစ်၁၉ နဲ့ စကစအာဏာသိမ်းမှုကြားမှာရပ်တန့်နေခဲ့တာ၂ နှစ်ကြာပါပြီ။ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းမှာတော့၂၀၂၂ ခုနှစ်ရဲ့နှစ်ဦးပိုင်းမှာမြန့်မာခရီးသွားပြန်လည်ဖွင့်လှစ်တော့မယ်လို့ စကစ ကကမ္ဘာကို ​ကြေငြာလိုက်ပါတယ်။ ရည်ရွယ်ချက်ကတော့ စကစလက်အောက်မှာ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းကြောင်းပြချင်တာရယ်၊ စကစရဲ့ဘတ်ဂျတ်လိုငွေပြနေမှုကြောင့်ခရီးသွားကဏ္ဍကနေနိုင်ငံခြားဝင်ငွေ/ဝင်ငွေလိုချင်တာရယ်ကြောင့်ပါပဲ။ သို့သော်လည်း မကြာသေးခင်ကမှ MOHT...

Read moreDetails

နိုဝင်ဘာ ၂၅၊ ၂၀၂၁။ (ကြာသပတေး)

မြို့ကြီးတွေရဲ့ဆင်ခြေဖုံးမြို့နယ်တွေမှာWFPကဆန်အိတ်တွေဝေနေတယ်။မရှိဆင်းရဲသားတွေကိုအဓိကထားပြီးပေးဝေနေတာတွေ့ရတယ်။တအိမ်ထောင်ကိုဆန်တစ်အိတ်နှုန်းရပြီးWFPကဝန်ထမ်းတွေကိုယ်တိုင်အောက်ခြေထိစာရင်းလိုက်ကောက်တော့တကယ်မရှိတဲ့ပြည်သူတော်တော်များများရကြတာပေါ့။ဆန်ကတော့သိပ်မကောင်းဘူး။ ခုလိုအခြေအနေမျိုးနာဂစ်မုန်တိုင်းတိုက်တုန်းကတစ်ခါကြုံဖူးတယ်။အဲ့တုန်းကတော့နိုင်ငံတကာကပေးတဲ့အကူအညီတွေဟာအောက်ခြေထိရောက်မလာပဲသက်ဆိုင်ရာအာဏာပိုင်တွေကရောင်းစားပြီးအိတ်ထဲထည့်လိုက်ကြလေရဲ့။စစ်တပ်ရဲ့အကျင့်ဆိုးတွေကိုသိလို့အခုတော့INGOတွေဟာအောက်ခြေထိဖိဖိစီးစီးကိုင်တွယ်နေတဲ့သဘောပဲ။အလေအလွင့်မရှိပဲရသင့်ရထိုက်တဲ့သူတွေရသွားတာပေါ့။  

Read moreDetails

နိုဝင်ဘာ ၂၄၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

NUGရဲ့ငွေတိုက်စာချုပ်တွေနှစ်ရက်အတွင်းဒေါ်လာဆယ်သန်းနီးပါးရောင်းထွက်သွားတယ်။စင်ကာပူမှာဆိုမြန်မာတွေတိုးကြိတ်ဝယ်ယူနေကြလို့စင်ကာပူဘဏ်ကြီးတွေရဲ့Mobile Bankingစနစ်တွေယာယီပြုတ်ကျကုန်တယ်။စင်ကာပူကမြန်မာတွေဟာခေတ်အဆက်ဆက်တာဝန်ကျေကြတယ်။အရင်ရွှေးကောက်ပွဲတွေတုန်းကလဲအလုပ်ပျက်ခံ၊အအိပ်အပျက်ခံပြီးနိုင်ငံကောင်းစားရေးအတွက်NLDကိုမဲပေးခဲ့ကြတယ်။အခုတော်လှန်ရေးကာလမှာလဲသူတို့ရဲ့ချွေးနဲစာတွေကိုနိုင်ငံအတွက်တတ်နိုင်သမျှပေးဆပ်နေကြတယ်။သူတို့အားလုံးကိုဦးညွတ်ပါတယ်။ စစ်ကိုင်းတိုင်းမှာတော့မုံရွာမန္တလေးလမ်းမကြီးပေါ်ဒီမနက်တိုက်ပွဲဖြစ်နေလို့ခရီးသွားတွေရောက်တဲ့နေရာမှာရပ်နေကြဖို့PDFကသတင်းထုတ်ပြန်ထားတယ်။မုံရွာ-မန္တလေးလမ်းဆိုတာပြည်မမှာရန်ကုန်-မန္တလေးအမြန်လမ်းပြီးရင်အသုံးအများဆုံးလမ်းမကြီးတွေထဲကတစ်ခုပဲ။အခုအဲဒီနေရာတွေထိတောင်PDF တွေစိုးမိုးလာနေပြီလား။

Read moreDetails

နိုဝင်ဘာ ၂၃၊ ၂၀၂၁။ (အင်္ဂါ)

မန္တလေးမြို့မှာလှုပ်ရှားသွားလာနေတဲ့သူတွေအကုန်စစ်ကောင်စီရဲ့အဓိပ္ပါယ်မရှိတဲ့အမိန့်တွေကြောင့်ဒုက္ခရောက်နေကြတယ်။မန္တလေးဟာမြန်မာနိုင်ငံမှာဆိုင်ကယ်အများဆုံးမြို့တော်ပါ။အဲ့ဒီလိုမြို့မှာဆိုင်ကယ်ကိုနှစ်ယောက်မစီးရအမိန့်ထုတ်တယ်။စစ်ကောင်စီတပ်သားတွေကိုဆိုင်ကယ်တွေလဲလာရောက်ပစ်ခတ်သွားလို့အကြောက်လွန်နေကြတယ်။အမိန့်ထုတ်ရုံနဲ့မပီးသေးဘူး။အစစ်အဆေးတွေအရမ်းကြမ်းနေတယ်။လိုင်စင်၊ဝှီးတက်အပြည့်အစုံပါလဲအပစ်ရှာပြီးငွေညစ်တယ်၊ဆိုင်ကယ်ပါသိမ်းတယ်။နောက်ဆုံးအပစ်ရှာမရရင်နှာခေါင်းစည်းတပ်လဲဖမ်းတယ်၊မတပ်လဲဖမ်းတယ်။စစ်ဆေးရေးရှိလို့အနားရောက်မှရှောင်မောင်းရင်လဲအမေးမြန်းမရှိပစ်ခတ်သေးတယ်။တကယ့်ကိုတရားလက်လွတ်ပြုမူနေကြတယ်။နေ့စဉ်ဆိုင်ကယ်ကိုသာအားပြုနေရတဲ့တမြို့လုံးကပြည်သူတွေဟာသွားရလာရတာအဆင်မပြေတော့ဘူး။ ဆင်ခြင်တုံတရားမရှိတဲ့ကောင်တွေရဲ့အနိုင်ကျင့်တွေအောက်ကဘယ်တော့မှလွတ်မြောက်မှာလဲ။

Read moreDetails

နိုဝင်ဘာ ၂၂၊ ၂၀၂၁။ (တနင်္လာ)

NUGရဲ့ဒေါ်လာသန်းတစ်ထောင်ဖိုးတန်ဖိုးရှိတဲ့ငွေတိုက်စာချုပ်တွေဒီနေ့စတင်ရောင်းချတယ်။ပထမအသုတ်အဖြစ်သန်းနှစ်ရာဖိုးအရင်ရောင်းမှာဖြစ်တယ်။ခုလောလောဆယ်တော့ပြည်တွင်းမှာမရသေးပဲပြည်ပကပဲဝယ်လို့ရဦးမယ်။ဒါတောင်ပထမဆုံးသုံးနာရီအတွင်းမှာပဲဒေါ်လာသုံးသန်းကျော်ဖိုးရောင်းလိုက်ရတယ်။နိုင်ငံတကာကမြန်မာတွေရဲ့အားပေးမှုဟာကြောက်ခမန်းလိလိပဲ။ပြည်တွင်းကပြည်သူတော်တော်များများလဲဝယ်ယူဖို့စိတ်ဝင်စားနေကြတယ်။ဒေါ်လာတစ်ရာဖိုးကစဝယ်လို့ရတယ်ဆိုတော့တော်တော်များများအတွက်လက်လှမ်းမှီတယ်လေ။ ငွေတိုက်စာချုပ်တွေများများနဲ့မြန်မြန်ရောင်းရလေ၊တော်လှန်ရေးအတွက်အထောက်အကူဖြစ်လေပဲ။NUGကတော့ဒါဟာတော်လှန်ရေးတဆစ်ချိုးလို့ပြောထားတယ်။အဲ့ဒီကရတဲ့ငွေတွေကိုဘာအတွက်သုံးမလဲဆိုတာတော့ပြောစရာမလိုပဲလူတိုင်းသဘောပေါက်ကြတယ်။ဒါကြောင့်ကြိတ်ကြိတ်တိုးဝယ်ယူအားပေးနေကြတာပေါ့။

Read moreDetails

နိုဝင်ဘာ ၂၁၊ ၂၀၂၁။ (တနင်္ဂနွေ)

အာဆီယံတရုတ်ထိပ်သီးအစည်းအဝေးပွဲမှာအကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုမဖိတ်ဖို့ဆုံးဖြတ်လိုက်တယ်။တရုတ်အနေနဲ့စစ်ခေါင်းဆောင်ကိုနေရာပေးဖို့ကြိုးစားပါသေးတယ်။ဒါပေမယ့်အာဆီယံနိုင်ငံတွေကလက်မခံကြဘူး။အထူးသဖြင့်စင်ကာပူ၊မလေးရှား၊အင်ဒိုနီးရှားနဲ့ဘရူနိုင်းနိုင်ငံတွေပေါ့။ဘုံသဘောတူညီချက်ငါးချက်ကိုအကောင်အထည်မဖော်သ၍စစ်ခေါင်းဆောင်ကိုအာဆီယံရဲ့ဘယ်အစည်းအဝေးကိုမှတက်ခွင့်မပေးဖို့ဆုံးဖြတ်ထားကြပုံပေါ်တယ်။ပီးခဲ့တဲ့အပတ်ကတရုတ်ကိုယ်စားလှယ်မြန်မာပြည်လာတာအဲ့ဒီကိစ္စပဲ။ဒါပေမယ့်သူ့ရဲ့ခရီးစဉ်မအောင်မြင်လိုက်ဘူးပေါ့။ စစ်ကောင်စီကတော့ဆက်လက်ခေါင်းမာနေဦးမှာပဲ။အစည်းအဝေးတွေမတက်ရလဲဂရုစိုက်မယ့်ပုံမပေါ်ဘူး။ကြာရင်သူတို့အတွက်နေသားတောင်ကျသွားဦးမယ်။ဒီထက်ပိုပြီးပြင်းထန်တဲ့အရေးယူမှုတွေလုပ်ဖို့လိုတယ်။

Read moreDetails
Page 184 of 235 1 183 184 185 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist