NUGရဲ့ငွေတိုက်စာချုပ်တွေနှစ်ရက်အတွင်းဒေါ်လာဆယ်သန်းနီးပါးရောင်းထွက်သွားတယ်။စင်ကာပူမှာဆိုမြန်မာတွေတိုးကြိတ်ဝယ်ယူနေကြလို့စင်ကာပူဘဏ်ကြီးတွေရဲ့Mobile Bankingစနစ်တွေယာယီပြုတ်ကျကုန်တယ်။စင်ကာပူကမြန်မာတွေဟာခေတ်အဆက်ဆက်တာဝန်ကျေကြတယ်။အရင်ရွှေးကောက်ပွဲတွေတုန်းကလဲအလုပ်ပျက်ခံ၊အအိပ်အပျက်ခံပြီးနိုင်ငံကောင်းစားရေးအတွက်NLDကိုမဲပေးခဲ့ကြတယ်။အခုတော်လှန်ရေးကာလမှာလဲသူတို့ရဲ့ချွေးနဲစာတွေကိုနိုင်ငံအတွက်တတ်နိုင်သမျှပေးဆပ်နေကြတယ်။သူတို့အားလုံးကိုဦးညွတ်ပါတယ်။
စစ်ကိုင်းတိုင်းမှာတော့မုံရွာမန္တလေးလမ်းမကြီးပေါ်ဒီမနက်တိုက်ပွဲဖြစ်နေလို့ခရီးသွားတွေရောက်တဲ့နေရာမှာရပ်နေကြဖို့PDFကသတင်းထုတ်ပြန်ထားတယ်။မုံရွာ-မန္တလေးလမ်းဆိုတာပြည်မမှာရန်ကုန်-မန္တလေးအမြန်လမ်းပြီးရင်အသုံးအများဆုံးလမ်းမကြီးတွေထဲကတစ်ခုပဲ။အခုအဲဒီနေရာတွေထိတောင်PDF တွေစိုးမိုးလာနေပြီလား။