အာဆီယံတရုတ်ထိပ်သီးအစည်းအဝေးပွဲမှာအကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုမဖိတ်ဖို့ဆုံးဖြတ်လိုက်တယ်။တရုတ်အနေနဲ့စစ်ခေါင်းဆောင်ကိုနေရာပေးဖို့ကြိုးစားပါသေးတယ်။ဒါပေမယ့်အာဆီယံနိုင်ငံတွေကလက်မခံကြဘူး။အထူးသဖြင့်စင်ကာပူ၊မလေးရှား၊အင်ဒိုနီးရှားနဲ့ဘရူနိုင်းနိုင်ငံတွေပေါ့။ဘုံသဘောတူညီချက်ငါးချက်ကိုအကောင်အထည်မဖော်သ၍စစ်ခေါင်းဆောင်ကိုအာဆီယံရဲ့ဘယ်အစည်းအဝေးကိုမှတက်ခွင့်မပေးဖို့ဆုံးဖြတ်ထားကြပုံပေါ်တယ်။ပီးခဲ့တဲ့အပတ်ကတရုတ်ကိုယ်စားလှယ်မြန်မာပြည်လာတာအဲ့ဒီကိစ္စပဲ။ဒါပေမယ့်သူ့ရဲ့ခရီးစဉ်မအောင်မြင်လိုက်ဘူးပေါ့။
စစ်ကောင်စီကတော့ဆက်လက်ခေါင်းမာနေဦးမှာပဲ။အစည်းအဝေးတွေမတက်ရလဲဂရုစိုက်မယ့်ပုံမပေါ်ဘူး။ကြာရင်သူတို့အတွက်နေသားတောင်ကျသွားဦးမယ်။ဒီထက်ပိုပြီးပြင်းထန်တဲ့အရေးယူမှုတွေလုပ်ဖို့လိုတယ်။