LATEST STORIES

ဒီဇင်ဘာ ၀၂၊ ၂၀၂၁။ (ကြာသပတေး)

ကုလသမဂ္ဂကိုယ်စားလှယ်ရွှေးချယ်ရေးကော်မတီဟာစစ်ကောင်စီကတင်သွင်းတဲ့ကိုယ်စားလှယ်ကိုမရွှေးပဲသံအမတ်ကြီးဦးကျော်မိုးထွန်းကိုသာဆက်လက်ရွှေးချယ်လိုက်တယ်။ဒါဟာNUGကိုအသိအမှတ်ပြုတဲ့သဘောလားဆိုတာကိုတော့တိတိကျကျပြောမသွားဘူး။သံတမန်တွေကတော့အစိုးရကိုယ်စားမှုပြုကိုနောက်နှစ်ညီလာခံအထိရွှေ့ဆိုင်းလိုက်တဲ့သဘောပဲလို့မှတ်ချက်ပြုတယ်။ကိုယ်စားလှယ်နေရာကိုလက်ရှိလူကိုပဲဆက်ထားပီးစစ်ကောင်စီနဲ့NUGဘယ်သူ့ကိုအသိအမှတ်ပြုမလဲဆိုကတော့UNကကြားနေလိုက်တဲ့သဘောပေါ့။ဓမ္မနဲအဓ္ဓမကိုရှင်းရှင်းလင်းလင်းသိမြင်နေရက်နဲ့ကြားနေတယ်ဆိုကတည်းကကမ္ဘာကြီးရဲ့လက်ရှိအနေအထားကိုပြသလိုက်တာပဲ။ ဘာပဲဖြစ်ဖြစ်ဒီရလဒ်ကြောင့်သံတမန်ရေးမျက်နှာစာမှာNUGအတွက်ပိုမိုအသာစီးရသွားခဲ့ပြီးစစ်ကောင်စီကတော့လုံးဝကျဆုံးသွားခဲ့ပါပြီ။အထွေထွေညီလာခံမှာဆက်လက်ဆွေးနွေးဖို့ရှိပေမယ့်တရုတ်နဲ့ရုရှားတို့ကပါသဘောတူထားတဲ့ဒီရလဒ်ကိုပြောင်းလဲပစ်ဖို့မဖြစ်နိုင်တော့ပါဘူး။မိတ်ဆွေနိုင်ငံအနည်းငယ်နဲ့ရှေ့ဆက်သွားမယ်လို့ပြောထားခဲ့တဲ့စစ်ကောင်စီဟာပိုမိုအထီးကျန်ဆန်လာပါပြီ။

Read moreDetails

ဒီဇင်ဘာ ၀၁၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

SweetDecemberလို့ခေါ်ကြတဲ့ချိုသောဒီဇင်ဘာလကိုရောက်ရှိလို့လာပါပြီ။မနှစ်ကဒီလိုအချိန်မှာငါးထောင်တန်FoodBoxတွေခေတ်စားခဲ့တယ်။ကျပ်ငါးထောင်ဆိုတဲ့ပမာဏဟာလူတိုင်းအတွက်ဘာမှမဟုတ်ခဲ့ဘူး။ဒီနှစ်တော့ဒီအချိန်မှာငါးရာတန်ထမင်းပွဲတွေခေတ်စားလာတယ်။ လူတွေကတော်တော်များများအလုပ်လက်မဲ့ဖြစ်သွားကြပြီ။ဝင်ငွေမရှိတော့ဘူး။ကမ္ဘာဘဏ်ကတော့၂၀၂၂မှာမြန်မာပြည်သူတဝက်လောက်ဟာဆင်းရဲမွဲတေမှုမျဉ်းအောက်မှာအသက်ရှင်ရလိမ့်မယ်လို့ခန့်မှန်းထားတယ်။လက်တွေ့မြေပြင်မှာလဲအဲ့ဒီအတိုင်းဖြစ်နေပြီ။စားစရာမရှိတော့တာနဲ့အမျှခိုးဆိုးလုယက်မှုတွေပေါလာလိမ့်မယ်။ခုတောင်တချို့နေရာတွေမှာတွေ့နေရပြီ။တရားဥပဒေစိုးမိုးမှုလဲမရှိတော့ဘူးလေ။စစ်ကောင်စီဟာအခုအချိန်မှာရာဇဝတ်မှုတွေကိုစိတ်မဝင်စားတော့ဘူး။သူတို့အာဏာတည်မြဲဖို့ကိုပဲအာရုံစိုက်နေရတယ်။ပြည်သူတွေရဲ့ဘဝဟာစားဖို့လဲပူရ၊ရာဇဝတ်မှုတွေကိုလဲကြောက်ရနဲ့အပူလုံးကြွနေပြီ။

Read moreDetails

အသံတိတ်သပိတ်မှ မြည်ဟိန်းသော သတင်းစကားများ

အင်မတန်အားကြီးပြီး တနိုင်ငံလုံးပါတဲ့ မြန်မာပြည်သူတွေရဲ့ လူထုလှုပ်ရှားမှုကြီးတခု ထပ်ဖြစ်လာမယ်လို့ မျှော်လင့်မထားခဲ့ကြပါဘူး။ စစ်တပ်ရဲ့ ဖိနှိပ် သတ်ဖြတ် ရက်စက်မှု သိပ်ကြီးလွန်းတာကြောင့်၊ တက်ကြွလှုပ်ရှားသူတော်တော်များများလည်း အဖမ်းခံထားရတာကြောင့် လူထုအစုအဖွဲ့လိုက် အကြမ်းမဖက် ဆန့်ကျင်နိုင်တဲ့စွမ်းရည် မရှိတော့ဘူးလို့ အများစုက တွေးခဲ့ကြတာပါ။ သိပ်မကြာခင်ကဆိုရင်...

Read moreDetails

နေရပ်စွန့်ခွာသူများထံ အသက်ကယ်အကူအညီများ ပေးပို့မှုအပေါ် စစ်ကောင်စီ ပိတ်ဆို့ဟန့်တားနေဟု HRW ပြော

မြန်မာနိုင်ငံတွင် သန်းနှင့်ချီသော နေရပ်စွန့်ခွာတိမ်းရှောင်နေကြရသူများနှင့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော အခြားသူများထံ အရေးတကြီး လိုအပ်နေသည့် လူသားချင်းစာနာမှု အကူအညီများ ရောက်ရှိစေနိုင်ရေး ပေးပို့မှုအပေါ် အာဏာသိမ်းစစ်ကောင်စီက ပိတ်ပင်ဟန့်တားနေကြောင်း Human Rights Watch (HRW) က ဒီဇင်ဘာ...

Read moreDetails

မန္တလေးတိုင်း၊ တောင်သာမြို့နယ် တံတား (အနောက်)ကျေးရွာတွင် စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားသည့် ကိုထီလာ၏ နေအိမ်အတွင်းရှိ နွားများနှင့် ပစ္စည်းများအားလုံးကို စစ်ကောင်စီတပ်များက ဖောက်ထွင်း‌ယူဆောင်သွား၍ ပစ္စည်းအချို့ကို ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ ဒီဇင်ဘာလ ၁၂ ရက်...

Read moreDetails

အသံတိတ်သပိတ်လှုပ်ရှားမှုနေ့က ပိတ်ခဲ့သည့် ဆိုင်များကို အကျပ်ကိုင်နှိပ်ကွပ်နေ

စစ်ကောင်စီ ခြိမ်းခြောက်ခံနေရသည့် မန္တလေးမြို့ပေါ်က ဈေးဆိုင်များ / MDY CJ စစ်အာဏာရှင်ကို လက်မခံကြောင်း အသံတိတ်သပိတ်လှုပ်ရှားသည့်နေ့က ပိတ်ခဲ့သည့် ဆိုင်များကို အာဏာသိမ်း စစ်ကောင်စီက ယနေ့တွင် ပြန်လည်ပိတ်ခိုင်းခြင်း၊ ပစ္စည်းများ သိမ်းယူခြင်းနှင့် ဆဲဆိုကြိမ်းမောင်း၊ ခြိမ်းခြောက်ခြင်းများ...

Read moreDetails

စစ်အာဏာသိမ်းမှုက လူ ၂၅ သန်းကို ဆင်းရဲတွင်းထဲ တွန်းချခဲ့သည်

မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါးသည် လာမည့်နှစ်အစောပိုင်းတွင် ဆင်းရဲနွမ်းပါးမှုကို ရင်ဆိုင်ရမည် ဖြစ်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်က ထုတ်ပြန်ခဲ့သည် / Flickr/International Labour Organization လာမည့် နှစ် ၂၀၂၂ ခုနှစ်ကား မြန်မာပြည်အတွက် သတင်းဆိုးများသာ ယူဆောင်လာသည်။...

Read moreDetails

စစ်ကိုင်းဟာ လွတ်မြောက်နယ်မြေဖြစ်တော့မှာလား

ဘယ်သူကစလိုက်တယ်တော့မသိဘူး စစ်ကိုင်းဟာပထမဆုံးလွတ်မြောက်နယ်မြေဖြစ်လာမယ်ဆိုတဲ့စကား အခုတလောခဏခဏတွေ့လာရတယ်။ အဲဒီတော့စစ်ကိုင်းတိုင်း လွတ်မြောက်နယ်မြေဖြစ်တော့မှာလား လွတ်မြောက်နယ်မြေဖြစ်ဖို့ရောဘာတွေလိုလဲဆိုတာ သုံးသပ်ကြည့်ရအောင်။ တိုင်းဒေသကြီးတွေထဲမှာတော့ လွတ်မြောက်နယ်မြေဖြစ်ဖို့ အလားအလာအကောင်းဆုံးဆိုပေမယ့် စစ်ကိုငိးဟာ လွတ်မြောက်နယ်မြေဖြစ်ဖို့လိုအပ်ချက်တွေရှိနေပါသေးတယ်။ ပြည်နယ်တွေထဲမှာတော့ စစ်ကိုင်းထက်ပိုအလားအလာရှိတဲ့ပြည်နယ်တွေတောင်ရှိနေပါတယ်။ စစ်ကိုင်းတိုင်းဟာ ဘာလို့အလားအလာကောင်းတာလဲလို့ပြောရရင် PDF တွေက Defacto ရယူထားနိုင်တဲ့အထိ...

Read moreDetails

နိုဝင်ဘာ ၃၀၊ ၂၀၂၁။ (အင်္ဂါ)

ဒီနေ့တော့သူငယ်ချင်းတွေစုပြီးထောက်ပို့applicationတွေကိုဖုန်းထဲထည့်ပြီးကလစ်ဖို့လုပ်ကြတယ်။ထောက်ပို့applicationကလောလောဆယ်သုံးလေးမျိုးလောက်တော့ရှိမယ်။အဓိကအားဖြင့်တော့ Click to Donate၊ ThaDin၊ Su Yandanar၊ Nway Oo Quiz စသဖြင့်ပေါ့။ ဘယ်လိုပဲနာမည်တွေကွဲပြားနေပါစေ၊သဘောတရားကတော့ကြော်ငြာတွေကြည့်ပြီးGoogleကနေပိုက်ဆံရှာတာပဲ။ရတဲ့ငွေတွေအကုန်Loca lPDFတွေဆီစီးဆင်းကြတယ်။အင်တာနက်ပေါ်မှာလူအများကြီးဝိုင်းလုပ်ရတာဆိုတော့တယောက်ချင်းစီအတွက်တာဝန်မကြီးဘူး၊ငွေမကုန်ဘူး။အခုဆိုရင်ကလစ်ကနေ တစ်လကိုစုစုပေါင်းပျှမ်းမျှသိန်းငါးထောင်ခန့်ထောက်ပံနိုင်နေပြီ။ ဒါပေမယ့်လဲအခုအချိန်ထိပုံမှန်ကလစ်ကြတဲ့သူတွေဟာတနိုင်ငံလုံးမှာလူဦးရေငါးသောင်းတောင်မပြည့်ဘူး။ဒီလောက်လွယ်တဲ့ကိစ္စကိုဘာလို့မပူးပေါင်းကြလဲဆိုတာစဥ်းစားလို့မရဘူး။ အနည်းဆုံးလူဦးရေတသိန်းလောက်ကကြိုးစားပေးကြရင်တစ်လသိန်းတစ်သောင်းဆိုတဲ့ပမာဏကမပြောပလောက်ပါဘူး။များများထောက်ပံနိုင်ရင်တော်လှန်ရေးကမြန်မြန်ပြီးနိုင်တယ်။

Read moreDetails

နိုဝင်ဘာ ၂၉၊ ၂၀၂၁။ (တနင်္လာ)

အမျိုးသားနေ့ကိုအမှီပြုပြီးစစ်ကောင်စီရဲ့ဒေါက်တိုင်စီးပွားရေးလုပ်ငန်းတွေကိုသပိတ်မှောက်ဖို့တနိုင်ငံလုံးမှာဆော်သြနေကြတယ်။ထိုကန်ပိန်းရဲ့အကျိုးဆက်အဖြစ်ရန်ကုန်မှာစစ်တပ်ပိုင်လိုင်းကားတွေမှာစီးနင်းသူတွေသိသိသာသာနည်းသွားတယ်။မြန်မာဘီယာကုမ္မဏီလဲအတော်အထိနာနေတယ်။ရောင်းအားလေးဆယ်ရာခိုင်နှုန်းလောက်ကျဆင်းသွားတယ်လို့သိရတယ်။ဖက်စပ်ပိုင်တဲ့ဂျပန်ကီရင်ကုမ္မဏီတောင်မြန်မာပြည်ကပြန်ထွက်ဖို့လုပ်နေပြီ။ မင်းအောင်လှိုင်ရှယ်ယာပါတဲ့မိုင်တဲဆက်သွယ်ရေးကုမ္မဏီလဲထိုနည်းလည်းကောင်းပဲ။တနိုင်ငံလုံးမှာမိုင်တဲတာဝါတိုင်နှစ်ရာနီးပါးဖျက်ဆီးခံလိုက်တော့ဆုံးရှုံးမှုကနည်းမှာမဟုတ်ဘူး။တခြားအထိနာနေတဲ့စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေလဲရှိသေးတယ်။ဒါပေမယ့်နိုင်ငံဘဏ္ဍာကိုအပိုင်စီးထားတဲ့သူတို့အတွက်သိပ်တော့သိသာမယ်မထင်ဘူး။

Read moreDetails
Page 183 of 235 1 182 183 184 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist