LATEST STORIES

အသံတိတ်သပိတ်မှ မြည်ဟိန်းသောသတင်းစကားများကို ကြားနာခြင်း

အင်မတန်အားကြီးတဲ့ တနိုင်ငံလုံးပါတဲ့ မြန်မာပြည်သူတွေရဲ့ လူထုလှုပ်ရှားမှုကြီးတစ်ခု ထပ်ဖြစ်လာမယ်လို့ မျော်လင့်မထားခဲ့ကြပါဘူး။ စစ်တပ်ရဲ့ ဖိနှိပ် သတ်ဖြတ် ရက်စက်မှု သိပ်ကြီးလွန်းတာကြောင့်၊ တက်ကြွလှုပ်ရှားသူတော်တော်များများ လည်း အဖမ်းခံထားရတာကြောင့် လူထုအစုအဖွဲ့လိုက် အကြမ်းမဖက် ဆန့်ကျင်နိုင်တဲ့စွမ်းရည် မရှိတော့ဘူးလို့ အများစုက တွေးခဲ့ကြတာပါ။...

Read moreDetails

ဒီဇင်ဘာ ၁၀၊ ၂၀၂၁။ (သောကြာ)

ဒီနေ့ကြိုတင်စီစဉ်ထားတဲ့အတိုင်းအသံတိတ်သပိတ်ကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ပြုလုပ်ကြတယ်။မြို့ကြီး၊မြို့ငယ်၊တောရွာတွေပါမကျန်ပြည်သူလူထုအားလုံးပါဝင်ဆန္ဒထုတ်ဖော်ကြတယ်။ ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေက ပြည်သူတွေသာမက များလှတဲ့မြို့တွေရွာတွေအစွန်အဖျားနေရာတွေက ပြည်သူတွေအထိပါဝင်ကြပါတယ်။ လူမျိုးနွယ်စုံ၊ အသက်အရွယ်စုံ၊ အသက်မွေးဝမ်းကြောင်းစုံ၊ အလွှာစုံက ပြည်သူတွေဟာစစ်အုပ်ချုပ်မှုကို ဘယ်တော့မှလက်မခံငြင်းပယ်ကြတယ် ဆိုတာကိုပြသကြပါတယ်။ စျေးတွေ၊ဆိုင်တွေ၊ အလုပ်ရုံတွေ၊ လမ်းတွေ၊ မြေပြန့်ဒေသတွေ၊ တောင်ကုန်းတွေမှာ မနက် ၁၀...

Read moreDetails

ဒီဇင်ဘာ ၀၉၊ ၂၀၂၁။ (ကြာသပတေး)

စစ်ကိုင်းတိုင်းမှာPDFတွေကဖြတ်သန်းသွားလာမယ့်လုပ်ငန်းရှင်ကြီးတွေရဲ့ကားတွေကိုစစ်ဆေးပြီးNUGကိုအခွန်ဆောင်ထားတဲ့ပြေစာမပါရင်ဖြတ်သန်းခွင့်မပြုတော့ဘူးလို့ကြေငြာလိုက်တယ်။ဒါဟာPDF တွေအနေနဲ့နယ်မြေစိုးမိုးမှုကိုပိုမိုတိုးချဲ့လာတဲ့သဘောပဲ။NUG ကလဲ Local PDF တွေရဲ့ကိုးဆယ်ရာခိုင်နှုန်းခန့်နဲ့ချိတ်ဆက်ထားနိုင်ပြီလို့ပြောထားတယ်။မကြာခင်မှာလက်နက်ရိက္ခထောက်ပံပေးနိုင်မယ့်အနေအထားတွေရှိလာပြီ။ ကိုဇေယျာသော်တို့အဖမ်းခံရပြီးတဲ့နောက်ရန်ကုန်မှာUGတွေရဲ့လှုပ်ရှားမှုတွေငြိမ်သွားပေမယ့်မန္တလေးမှာတော့အရင်လိုမဟုတ်ပဲPDFတွေလက်စွမ်းပြနေတာကိုတွေ့ရတယ်။မြို့ထဲကစစ်သူပုန်တွေတပ်စွဲထားတဲ့နေရာတွေဆက်တိုက်ဆိုသလိုတိုက်ခိုက်ခံနေရတယ်။မြို့ကြီးတွေမှာလှုပ်ရှားမှုတွေရှိမှပဲနယ်ဘက်တွေကိုတဖက်တလမ်းကကူညီရာကျလိမ့်မယ်။

Read moreDetails

ဒီဇင်ဘာ ၀၈၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

ဖေ့ဘုတ်ကစစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေရဲ့စာမျက်နှာတွေကိုဖြုတ်ချလိုက်တယ်။လုပ်ငန်းကြီးတွေဖြစ်တဲ့မိုင်တယ်၊မြန်မာဘီယာတို့ကအစတော်တော်များများဖြုတ်ချခံလိုက်ရတယ်။ထိုလုပ်ငန်းတွေဟာအစောကတည်းက boycott နဲ့ PDF တွေကြောင့်ဆုံးရှုံးမှုတွေကြီးမားနေတာအခုဆိုရင်ပိုဆိုးပြီပေါ့။ တနိုင်ငံလုံးမှာတော့သဘက်ခါအသံတိတ်သပိတ်ပြုလုပ်ဖို့အတွက်ဆော်သြနေကြတယ်။ဒီဇင်ဘာ၁၀ရက်နေ့ဟာကမ္ဘာ့လူ့အခွင့်အရေးနေ့မို့အဲ့ဒီနေ့နဲ့တိုက်ဆိုင်ပြီးပြည်တွင်းမှာအသံတိတ်သပိတ်ကြီးတစ်ခုလုပ်ဖို့စီစဥ်နေကြတယ်။ဒါမျိုးကိုမတ်လတုန်းကတစ်ခေါက်လုပ်ဖူးသေးတယ်။အဲ့ဒီတုန်းကတော့သပိတ်တွေလုပ်လို့ကောင်းဆဲကာလမို့အောင်မြင်ခဲ့တယ်။အခုတစ်ခေါက်လဲသွေးမအေးသွားဘူးဆိုတာပြဖို့အောင်မြင်စေချင်တယ်။

Read moreDetails

ဒီဇင်ဘာ ၀၇၊ ၂၀၂၁။ (အင်္ဂါ)

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်ထဲကဒုံဝန်းရွာမှာစစ်သူပုန်တွေကရွာသား၁၁ယောက်ကိုPDF တွေလို့စွပ်စွဲဖမ်းဆီးပြီးအရှင်လတ်လတ်မီးရှို့သတ်ဖြစ်သွားတယ်။မီးလောင်ထားတဲ့အလောင်းပုံတွေဟာမြင်ရက်စရာတောင်မရှိဘူး။သူတို့ဘယ်လောက်တောင်မှခံစားခဲ့ရမလဲ။PDFတွေဆိုရင်တောင်ဒီလိုမျိုးနည်းလမ်းတွေနဲ့သတ်ဖြတ်စရာအကြောင်းမရှိဘူး။ကမ္ဘာပေါ်မှာတောင်မရှိတော့တဲ့အရိုင်းအစိုင်းဆုံးအပြုအမူတွေကိုလက်တွေ့ခံစားနေရတယ်။ရန်ကုန်ကကားနဲ့တိုက်သတ်မှုအပြီးအခုဆက်လက်၍ရွံရှာဖွယ်ကောင်းသောစစ်ရာဇဝတ်မှုတွေကိုစစ်သူပုန်တွေဟာလက်ရဲဇတ်ရဲနဲ့ဆက်လက်ကျူးလွန်နေကြတယ်။ဒါဟာအခုအချိန်ထိထိရောက်တဲ့အရေးယူမှုတစ်စုံတရာဘာမှမရှိသေးလို့ပဲ။ကမ္ဘာကြီးကလဲလက်ပိုက်ကြည့်နေတုန်းပဲလေ။ဒီလိုမကောင်းဆိုးရွားကောင်တွေအားလုံးကိုဒီတိုက်ပွဲမှာကျိန်းသေပေါက်အမြစ်ဖြတ်ပစ်ရမယ်။

Read moreDetails

ဒီဇင်ဘာ ၀၆၊ ၂၀၂၁။ (တနင်္လာ)

မတရားဖမ်းဆီးစွပ်စွဲပြီးရုံးထုတ်ခံနေရတဲ့သမ္မတကြီးနဲ့အမေစုတို့ရဲ့အမှုပေါင်းမြောက်မြားစွာထဲကတစ်ခုကိုဒီနေ့စစ်ကောင်စီရဲ့မတရားရုံးကအမိန့်ချမှတ်လိုက်တယ်။နှစ်ယောက်စလုံးကိုထောင်ဒဏ်လေးနှစ်စီချတယ်။မတရားမှန်းလူတိုင်းသိနေလို့လေးနှစ်ဖြစ်စေ၊နှစ်လေးဆယ်ဖြစ်စေထူးပြီးတော့ရင်ခုန်စရာမရှိပါဘူး။နောက်မှာလဲနှစ်ရှည်ထောင်ဒဏ်တွေချလို့ရတဲ့အမှုတွေအများကြီးဆင်ထားသေးတယ်။သူတို့နှစ်ယောက်အတွက်ကတော့တော်လှန်ရေးမြန်မြန်အောင်ဖို့ပဲလိုတယ်။ဒီနေ့အောင်ရင်ဒီနေ့လွတ်မယ်။အချိန်ကြာနေသ၍မတရားဖမ်းဆီးခံထားနေရမှာပဲ။ သမ္မတကြီးတို့ကိုအမိန့်ချတဲ့သတင်းနဲ့မနေ့ကကားနဲ့တိုက်ပြီးလူစုခွဲတဲ့သတင်းတွေကိုနိုင်ငံတကာမီဒီယာကြီးတွေကလဲအလုအယက်ဖော်ပြနေကြတယ်။စစ်ကောင်စီဟာအရှက်ကင်းမဲ့စွာနဲ့ပဲနိုင်ငံကိုထိန်းချုပ်ဖို့ဆက်လက်ကြိုးစားနေတယ်။

Read moreDetails

စစ်အာဏာရှင်ရဲ့ နောက်ဆုံးအော်သံ

အဲဒီနေ့ပေါ့။ စစ်အာဏာရှင်ဟာ သွေးထွက်သံယိုနဲ့ နောက်ဆုံးအော်လိုက်တယ်။ “ မလုပ်ကြပါနဲ့ “ လို့။ အဲဒီနေ့ပေါ့။ လူပေါင်းများစွာကို ရက်ရက်စက်စက်သတ်ပစ်ခဲ့တဲ့ စစ်အာဏာရှင်ကို ပြည်သူတွေက နာကျည်းစွာနဲ့ ပြန်သတ်ပစ်လိုက်ကြတာ။ အဲဒီနေ့ကစစ်အာဏာရှင်ဟာ မွေးရပ်မြို့ဆာတ်( Sirt )ရဲ့ အနောက်ဘက်အစွန်အဖျားက...

Read moreDetails

ဒီဇင်ဘာ ၀၅၊ ၂၀၂၁။ (တနင်္ဂနွေ)

ရန်ကုန်ကြည့်မြင်တိုင်မှာလူငယ်တွေရှောင်တခင်ဆန္ဒပြနေတုန်းစစ်ကားတစ်စီးရောက်လာပြီးဆန္ဒပြလူအုပ်ထဲကိုရည်ရွယ်ချက်ရှိရှိအရှိန်နဲ့ဝင်တိုက်ခဲ့တယ်။ကားနဲ့တိုက်ခံရမှုကြောင့်လူငယ်သုံးဦးပွဲချင်းပြီးသေဆုံးသွားပြီးစုစုပေါင်းငါးဦးသေဆုံးကာ၁၅ဦးခန့်အဖမ်းခံရတယ်။ သာမန်လူတစ်ယောက်ရဲ့စိတ်ဆိုရင်လမ်းပေါ်မှာရှိနေတဲ့ခွေးတကောင်ကိုတောင်တမင်ဝင်တိုက်ဖို့ခဲယဉ်းလိမ့်မယ်။စစ်ကောင်စီတပ်သားတွေအားလုံးဟာလူမဟုတ်တော့ဘူး။တရိစ္ဆာန်ထပ်တောင်နိမ့်ပါးတဲ့အသိဉာဏ်နဲ့ရှင်သန်နေကြတယ်။ရန်ကုန်မြို့ကြီးမှာတောင်ဒီလိုအပြုအမူမျိုးအတားအဆီးမရှိလုပ်ရဲကြတယ်ဆိုရင်စစ်သူပုန်တွေအားလုံးဟာတယောက်မကျန်မကောင်းဆိုးဝါးတွေဖြစ်နေကြပြီ။ ထိုအဖြစ်အပျက်ကိုရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်တွေဟာအချိန်နဲ့တပြေးညီအင်တာနက်ပေါ်ရောက်လာကြတယ်။ကြည့်မိတဲ့သူတိုင်းဟာအော်နှလုံးနာလို့ပေါ့။နာကျည်းချက်တွေကိုခွန်အားအဖြစ်ပြောင်းလဲပီးဆက်လက်တိုက်ပွဲဝင်ကြရမယ်။

Read moreDetails

ဒီဇင်ဘာ ၀၄၊ ၂၀၂၁။ (စနေ)

စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်PDFတွေကစစ်ကောင်စီပိုင်သဘောနှစ်စီးကိုဖမ်းဆီးလိုက်ပြီးမြို့အဝင်အထွက်တွေမှာစစ်ဆေးရေးဂိတ်တွေထားရှိမယ်လို့ကြေငြာလိုက်တယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတချို့တွေကမြောင်မြို့နယ်ဟာလွတ်မြောက်တယ်မြေဖြစ်သွားပြီလို့ထင်ကြေးပေးကြတယ်။တကယ်တမ်းတော့အပြည့်အဝလွတ်မြောက်နယ်မြေဆိုတာအခုအချိန်ထိမရှိသေးပါဘူး။ဒါပေမယ့်စစ်ကိုင်းတိုင်းကဒေသတော်တော်များများမှာတော့စစ်ကောင်စီရဲ့အာဏာဟာမြို့ကြီးတွေပေါ်မှာလောက်ပဲသက်ရောက်မှုရှိတော့တယ်။နေရာအတော်များများနဲ့လမ်းမကြီးတွေကိုPDFတွေထိန်းချုပ်ထားနိုင်တဲ့အခြေအနေတွေဖြစ်လာတယ်။လမ်းတွေမှာရှောင်တခင်စစ်ဆေးရေးဂိတ်တွေဖွင့်ပြီးစစ်ကောင်စီပိုင်ပစ္စည်းတွေနဲ့သစ်မှောင်ခိုတွေကိုပါဖမ်းဆီးနေပြီ။ လွတ်မြောက်နယ်မြေတွေဖြစ်ဖို့ကတော့လိုပါသေးတယ်။PDFတွေလက်နက်အင်အားတောင့်တင်းလာရင်တော့မျှော်လင့်လို့ရတယ်။ဒါကြောင့်ပဲပြည်သူတွေကလှူ၊NUGကအသည်းအသန်ပိုက်ဆံရှာနေတာပေါ့။

Read moreDetails

ဒီဇင်ဘာ ၀၃၊ ၂၀၂၁။ (သောကြာ)

ဆက်သွယ်ရေးကုမ္မဏီတွေရဲ့အင်တာနက်မိုဘိုင်းဒေတာစျေးနှုန်းတွေကိုလက်ရှိစျေးနှုန်းထပ်နှစ်ဆတက်ဖို့စစ်ကောင်စီကအကြောင်းကြားလာတယ်လို့သိရတယ်။ဥပမာအခုကျပ်တစ်ထောင်ဖိုးကို1Gရတယ်ဆိုရင်နှုန်းထားအသစ်အရတစ်ထောင်ကို500MBပဲရတော့မှာပေါ့။အင်တာနက်စျေးနှုန်းတွေတက်လာတာအာဏာသိမ်းပြီးနောက်ပိုင်းဒါဒုတိယအကြိမ်ပဲ။NLDအစိုးရလက်ထက်ကဆိုရင်တစ်ထောင်ဖိုးကို5Gအထိသုံးလို့ရတယ်။ဆယ်ဆတိတိစျေးတက်သွားတဲ့သဘောပေါ့။ဒီတကြိမ်မှာဖုန်းပြောဆိုခနှုန်းထားတွေပါစျေးတက်မယ်လို့သိရတယ်။ စစ်ကောင်စီဟာအင်တာနက်ကိုလုံးဝဖြတ်တောက်လို့မရတဲ့အတွက်သတင်းစီးဆင်းမှုကိုနှေးကွေးစေချင်တာရယ်၊C2DလိုDigital Strikeတွေကိုနှိပ်ကွပ်လိုတာကြောင့်အခုလိုကန့်သတ်လိုက်တာလို့ယူဆကြတယ်။ဒါပေမယ့်ရည်ရွယ်ချက်အတိုင်းအောင်မြင်မှာမဟုတ်ပဲအခြေခံလူတန်းစားတွေကိုပဲအဓိကထိခိုက်စေလိမ့်မယ်။စားဖို့တောင်အနိုင်နိုင်ရှာနေရတဲ့သူတွေအတွက်ဒီစျေးနှုန်းအတိုင်းဆိုရင်အင်တာနက်သုံးနိုင်ဖို့အလှမ်းဝေးသွားလိမ့်မယ်။စစ်ကောင်စီဟာတိုင်းပြည်ကိုတဖြည်းဖြည်းနဲ့မြောက်ကိုရီးယားပုံစံဆွဲသွင်းနေပြီ။

Read moreDetails
Page 182 of 235 1 181 182 183 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist