LATEST STORIES

ဒီဇင်ဘာ ၁၈၊ ၂၀၂၁။ (စနေ)

မန္တလေးမြို့ကမြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်တွေဒီလထဲမှာပဲတစ်ရာကျော်အဖမ်းခံလိုက်ရတယ်။ပြီးခဲ့တဲ့လကရန်ကုန်မှာအတော်များများအဖမ်းခံလိုက်ရပြီးနောက်အခုမန္တလေးအလှည့်ရောက်လာတာပဲ။ မြို့ပေါ်ကUGတွေရဲ့ဘဝဟာအတော်ခက်ခဲကြမ်းတမ်းတယ်။စစ်ကောင်စီရဲ့နည်းလမ်းမျိုးစုံနဲ့အနံ့ခံမှုကြောင့်နေရေးစားရေးကအစအတော်သတိထားရတယ်။ဒါတောင်ဘာမစ်ရှင်မှမဖော်ဆောင်ရသေးတဲ့အခြေအနေတစ်ခုကိုရေးပြတာ။မစ်ရှင်တစ်ခုဖော်ဆောင်ဖို့ဆိုတာလဲအရင်းအနှီးကြီးလွန်းပြီးအသက်ပါပေးလုပ်ဆောင်ရတာပဲ။ပစ္စည်းနဲ့ငွေကြေးအင်အားချို့တဲ့တာလဲပါတာပေါ့။ဒါတောင်ရန်ကုန်ရောမန္တလေးမှာပါUGတွေဟာလှုပ်ရှားမှုတွေအတော်များများလုပ်ခဲ့ကြတယ်။တချို့UGတွေကမစ်ရှင်တွေကြောင့်အဖမ်းခံရတယ်။တချို့တွေကတော့ဒလန်တွေကြောင့်အဖမ်းခံရတယ်။အခုအခြေအနေအတိုင်းဆိုလုံးပါးပါးကုန်ကြပြီ။ပြန်တည်ဆောက်ဖို့အချိန်တစ်ခုယူရဦးမယ်။

Read moreDetails

ဒီဇင်ဘာ ၁၇၊ ၂၀၂၁။ (သောကြာ)

ဒေါ်အောင်ဆန်းစုကြည်ဆက်လက်ရင်ဆိုင်နေရတဲ့အမှုတွေရဲ့ရုံးချိန်းတွေမှာသူမကိုထောင်ပုံစံအဝတ်အစားနဲ့ရုံးထုတ်လာတယ်လို့သိရတယ်။မင်းအောင်လှိုင်ရဲ့ယုတ်မာမှုကကန်းကုန်နေပြီ။ပြည်သူချစ်တဲ့ခေါင်းဆောင်တစ်ယောက်ကိုသူ့ဆရာတွေဖြစ်တဲ့ဗိုလ်သန်းရွှေတို့၊ဗိုလ်ခင်ညွှန့်တို့တောင်ဒီလောက်ထိမလုပ်ရဲကြဘူး။မင်းအောင်လှိုင်ဟာမျက်ကန်းတစ္ဆေမကြောက်ဖြစ်နေပြီ။ဒီစစ်ခေါင်းဆောင်ကိုလဲအာဂျင်တီးနားတရားရုံးမှာရိုဟင်ဂျာအမှုတွေနဲ့တရားစွဲထားပြီ။သက်သေအထောက်အထားခိုင်လုံပီဆိုရင်နိုင်ငံအပြင်ထွက်တာနဲ့ဖမ်းလို့ရပြီ။စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့အပေါင်းအပါတွေအတွက်ကြိုးစင်ဟာတဖြည်းဖြည်းနဲ့နီးလာပါပြီ။

Read moreDetails

ဒီဇင်ဘာ ၁၆၊ ၂၀၂၁။ (ကြာသပတေး)

မနေ့ကအခြေအနေတွေတင်းမာနေတဲ့လေးကေကော်မြို့သစ်မှာဒီနေ့တိုက်ပွဲတွေစဖြစ်နေပြီ။စစ်ကောင်စီတပ်တွေမြို့ထဲကထွက်မရပဲပိတ်မိနေကြတယ်။သူတို့ထွက်နိုင်ဖို့အတွက်စစ်တပ်ကလက်နက်ကြီးတွေလှိုင်လှိုင်သုံးနေတယ်။နယ်စပ်နဲ့အရမ်းကပ်နေလို့ထိုင်းနိုင်ငံဘက်ကိုလက်နက်ကြီးကျည်တွေကျကုန်တယ်။စစ်ကူလာတဲ့စစ်ကောင်စီတပ်တွေလဲကြားဖြတ်တိုက်ခိုက်ခံရလို့အထိနာနေတယ်။ ဒေသခံပြည်သူတွေလဲနေ့ချင်းညချင်းပြေးလွှားနေရပြီ။စစ်ဘေးရှောင်အရေအတွက်ဟာ၂၄နာရီအတွင်းသုံးထောင်ကျော်သွားပြီ။တစ်ထောင်ကျော်လောက်ကတော့ထိုင်းဘက်ထွက်ပြေးကြတယ်။ဆောင်းတွင်းကြီးမှာအဝတ်တထည်ကိုယ်တစ်ခုနဲ့ပြေးရတဲ့အတွက်စားဝတ်နေရေးဒုက္ခရောက်နေကြတယ်။စစ်ပွဲကအခုမှစတာဆိုတော့ကြာဦးမယ့်သဘောပဲ။စစ်ရှောင်တွေအတွက်အရေးပေါ်အကူအညီတွေလိုအပ်နေပြီ။

Read moreDetails

အညာနဲ့ချင်းတော်လှန်ရေးကျတာနဲ့ NCGUB ဘဝရောက်ပြီ

စကစတပ်ရဲ့စစ်အင်အားအနေအထားဘယ်လိုရှိ့လဲ၊စစ်အင်္ဂါရပ်ဘယ်လိုရှိ့လဲဆိုတာ အချက်အလက်ရှားပါးလို့ မပြောတတ်ပါဘူး။ယေဘူယျအားဖြင့် ရရှိ့တဲ့အချက်အလက်တွေအရ တပ်ရင်းပေါင်း ၅၀၀ နီးပါး၊စစ်အင်အား ၃ သိန်းနဲ့ ၅သိန်းကြားလို့ပဲခန့်မှန်းကြပါတယ်။ပြောင်းလဲလာတဲ့ စစ်လက်နက်ပစ္စည်းအခြေအနေအရ ခြေလျင်တပ်ရင်းတစ်ခုရဲ့စစ်ထွက်အင်အားကို ၁၂၅ ဦးလို့သက်မှက်ထားတာတော့ဖတ်ဖူးပါတယ်။ ခြေလျင်မဟုတ်တဲ့စစ်လက်ရုံးတပ်တွေရဲ့အင်အားကတော့တပ်ဆင်ထားတဲ့စစ်လက်နက်၊ယန္တယားပစ္စည်းတွေပေါ်မှုတည်မယ်ထင်ပါတယ်။ဥပမာ ရေငုတ်သင်္ဘောတစ်စင်းမှာ ရေအောက်ငုတ်ချိန် တာဝန်ချိန် ၃လအတွက်အင်အား၁၅၀ရှိ့တယ်ဆိုအလှည့်ကျတာဝန်ထမ်းနိုင်ဖို့နောက်ထပ်၁၅၀နှစ်သုတ်စာလိုတယ်လို့မှတ်ဖူးပါတယ်။တင့်ကားတစ်စီးမှာအဖွဲ့သား၆ယောက်ပါတယ်ဆိုတင့်ကား၃၀လောက်ပါမယ့်တင့်ကားတပ်ခွဲကြီးတစ်ခုဆို မောင်းနှင်အဖွဲ့သား...

Read moreDetails

ဒီဇင်ဘာ ၁၅၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

ကရင်ပြည်နယ်KNUထိန်းချုပ်မှုအောက်မှာရှိတဲ့လေးကေကော်မြို့သစ်ကိုစစ်ကောင်စီကရုတ်တရက်ဝင်ရောက်စီးနင်းတယ်။မြို့လေးထဲမှာခိုလှုံနေတဲ့လွှတ်တော်အမတ်တွေ၊CDMဝန်ထမ်းတွေအပါအဝင်၃၀ယောက်ကျော်ဖမ်းဆီးသွားတယ်။ထိုမြို့သစ်ဟာKNUထိန်းချုပ်မှုအောက်မှာရှိတဲ့အတွက်ကရင်တပ်တွေကမြို့ကိုပြန်ဝိုင်းထားတယ်။စစ်ကောင်စီတပ်တွေကလဲနောက်ဆုတ်မယ့်ပုံမရှိပဲနောက်ရက်တွေမှာတအိမ်ဆင်းတအိမ်တက်ဆက်လက်ရှာဖွေမယ့်ပုံရှိလို့အခုလောလောဆယ်စစ်ရေးတင်းမာမှုတွေဖြစ်နေတယ်။မြို့ခံတွေလဲစစ်ရှောင်ကုန်ကြပြီ။ရှေ့ဆက်ဘာတွေဖြစ်လာမလဲဆိုတာစောင့်ကြည့်ရမှာပေါ့။ ပွဲကြီးတပွဲကတော့ဖြစ်လာတော့မယ်ထင်တယ်။  

Read moreDetails

ဒီဇင်ဘာ ၁၄၊ ၂၀၂၁။ (အင်္ဂါ)

ရန်ကုန်ကမြို့နယ်တော်တော်များများမှာစစ်ကောင်စီလက်အောက်ခံလျှပ်စစ်ဌာနကမီးတာမဆောင်တဲ့အိမ်တွေကိုမီးလိုက်ဖြတ်နေတယ်။ရန်ကုန်မှာအာဏာသိမ်းပြီးကတည်းကမီတာမဆောင်တဲ့အိမ်တော်တော်များပါတယ်။တချို့အိမ်တွေဆိုမီတာဖိုးကြွေးကျန်စုစုပေါင်းဆယ်သိန်းခန့်တောင်ရှိနေပြီ။အရင်လတွေကမီတာရုံးတွေဆက်တိုက်ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားနေတာလဲပါမှာပေါ့။ ဒီလမှာတော့စစ်ကောင်စီဟာမီတာမဆောင်တဲ့အိမ်တွေ၊လမ်းတွေကိုလုံခြုံရေးအစောင့်ရှောက်တွေနဲ့မီးလိုက်လံဖြတ်တောက်ပါတော့တယ်။မီတာသပိတ်မှောက်ထားတဲ့သူတွေလဲကိုယ့်အိမ်မီးဖျက်ခံရတော့မီတာခသွားဆောင်ရတော့တာပဲ။ဒီအခြေအနေတွေကြောင့်မီဆာသပိတ်ဟာမအောင်မြင်ဘူးဆိုတဲ့သဘောမျိုးဖြစ်သွားတာပေါ့။ပြည်သူတွေမီတာမဆောင်ဖို့အတွက်လျှပ်စစ်အခွန်ရုံးတွေကိုပစ်မှတ်ထားနေရုံနဲ့မပြီးပဲနည်းလမ်းသစ်တွေကြံဆဖို့လိုနေပြီ။

Read moreDetails

ဒီဇင်ဘာ ၁၃၊ ၂၀၂၁။ (တနင်္လာ)

အင်းစိန်ထောင်မှာအသံတိတ်သပိတ်ပါဝင်တဲ့အကျဥ်းသားတွေနှိပ်စက်ခံနေရတယ်။အရေအတွက်ကိုတော့အတိအကျမသိရသေးဘူး။အပြင်ကပြည်သူတွေကိုတောင်စိတ်ထင်သလိုစစ်သူပုန်တွေရမ်းကားနေချိန်မှာမီဒီယာမရှိ၊လူ့အခွင့်အရေးမရှိတဲ့ထောင်ထဲကနိုင်ငံရေးအကျဥ်းသားတွေရဲ့အခြေအနေဟာမတွေးဝံစရာပဲ။ဒါတွေကိုသိလျက်နဲ့ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်နေကြတာလေးစားဖို့ကောင်းတယ်။ စစ်ကိုင်းတိုင်းအရာတော်မြို့နယ်မှာလဲကျေးရွာတစ်ရွာမီးရှို့ခံရလို့ရွာလုံးကျွတ်နီးပါးအိမ်ခြေတစ်ရာကျော်ပါသွားတယ်။အဲ့ဒီဒေသမှာPDFတွေနဲ့တိုက်ပွဲဖြစ်တော့စစ်သူပုန်တွေကမီးရှို့မယ်လို့ကြွေးကြော်ပြီးရွာကိုဝင်စီးတာတဲ့။ဘယ်လောက်တောင်မိုက်ရိုင်းတဲ့ခွေးတွေလဲ။နိုင်ငံတနှံတလျားမှာကျေးရွာပေါင်းများစွာဟာထိုကဲ့သို့မီးရှို့ဖျက်ဆီးခံနေကြရတယ်။

Read moreDetails

ဒီဇင်ဘာ ၁၂၊ ၂၀၂၁။ (တနင်္ဂနွေ)

နိုင်ငံတဝန်းတောရောမြို့မှာပါစစ်ကောင်စီဟာလမ်းသွားလမ်းလာပြည်သူတွေကိုအကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်နေတယ်။စစ်သူပုန်တွေဟာသူတို့တပ်စွဲထားတဲ့ပြည်သူပိုင်နေရာတွေရှေ့မှာကားတွေဆိုင်ကယ်တွေလမ်းလျှောက်သွားလာသူတွေပါမကျန်မထင်ရင်မထင်သလိုစစ်ဆေးတယ်။ပြီးရင်အပစ်မရှိမပစ်ရှာပြီးငွေညစ်တယ်။အဲ့ဒီတော့ပြည်သူတွေဟာထိုနေရာတွေကိုရှောင်ကွင်းသွားလာနေကြရတယ်။လုံးဝမဖြစ်လို့သူတို့ရှေ့ကဖြတ်သန်းသွားလာမိတဲ့အချိန်သူတို့အမိန့်ကိုမနာခံရင်အမေးမြန်းမရှိပစ်သတ်နေတယ်။အထူးသဖြင့်ညပိုင်းတွေမှာပိုဆိုးတယ်။ဆိုင်ကယ်မရပ်ပေးလို့်၊ကားမောင်းပြေးလို့ဆိုပြီးပစ်ခတ်ခံရတဲ့သူတွေမနည်းတော့ဘူး။ဥပဒေမှာလူသတ်မိတာတောင်တော်ရုံနဲ့သေဒဏ်မပေးကြဘူး။အခုကဘာမဟုတ်တဲ့အကြောင်းပြချက်လေးနဲ့တန်ဖိုးမဖြတ်နိုင်တဲ့လူ့အသက်တွေကိုသတ်ချင်တိုင်းသတ်နေကြတယ်။ဘာအရေးယူမှုမှလဲမရှိဘူး။ဒီလိုဖက်ဆစ်ထပ်ဆိုးတဲ့စစ်တပ်ကိုမြန်မြန်အမြစ်ဖြတ်မှရမယ်။

Read moreDetails

ဒီဇင်ဘာ ၁၁၊ ၂၀၂၁။ (စနေ)

မနေ့ကပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာအတော်ကိုအောင်မြင်ခဲ့တယ်။နိုင်ငံတကာကမီဒီယာပေါင်းများစွာမှာအပြိုင်အဆိုင်ဖော်ပြကြတယ်။မြန်မာပြည်သူတွေဘယ်လောက်ထိညီညွတ်ကြလဲဆိုတာတကမ္ဘာလုံးသိရှိသွားကြတယ်။ မနေ့ကသပိတ်ကိုဘယ်လိုမှနှောက်ယှက်လို့မရတဲ့စစ်ကောင်စီဟာဒီနေ့မှာရှက်ရမ်းရမ်းလာတယ်။မြို့နယ်တချို့မှာဒီနေ့ပြန်ဖွင့်တဲ့စျေးဆိုင်တွေကိုအတင်းပြန်ပိတ်ခိုင်းတယ်။လမ်းဘေးစျေးသည်တွေရဲ့ခုံတွေ၊ထီးတွေကိုစည်ပင်နဲ့ပေါင်းပြီးအကြောင်းမဲ့ဖျက်စီးတယ်။ရန်ကုန်ကမြစ်ကူးတံတားအဆင်းတွေမှာလမ်းပိတ်ပြီးစစ်နေလို့ခရီးသွားတွေဒုက္ခရောက်ကုန်တယ်။စစ်ကောင်စီပိုင်မီဒီယာတွေမှာလဲ PDF တွေကိုကြောက်လို့လူတွေအပြင်မထွက်တာပါဆိုပြီးဝါဒဖြန့်ကြတယ်။တကယ့်ကိုသွေးရူးသွေးတန်းတွေဖြစ်နေကြလေရဲ့။

Read moreDetails

စစ်ကောင်စီ၏ စစ်ကြောရေး ငရဲခန်း

ဖေဖော်ဝါရီ ၁ အာဏာသိမ်းစစ်ကောင်စီ၏ စစ်သားနှင့် ရဲများက အရပ်သားများကို နေ့စဉ် ရက်ဆက် လိုက်လံဖမ်းဆီးလျက်ရှိသည်။ အဖမ်းခံရသူတို့ ထွက်ဆိုခဲ့သည်ဆိုသော အချက်များကိုသာ စစ်ကောင်စီက သတင်း ထုတ်ပြန် လေ့ရှိပြီး ထိုသို့ထွက်ဆိုရန် မည်သို့ နှိပ်စက်ညှဉ်းပန်းခဲ့သည်၊ စစ်ကြောရေးစခန်းတွင်...

Read moreDetails
Page 181 of 235 1 180 181 182 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist