Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

အညာနဲ့ချင်းတော်လှန်ရေးကျတာနဲ့ NCGUB ဘဝရောက်ပြီ

December 23, 2021
in သုံးသပ်ချက်များ
Reading Time:1 min read
Share on FacebookShare on Twitter

စကစတပ်ရဲ့စစ်အင်အားအနေအထားဘယ်လိုရှိ့လဲ၊စစ်အင်္ဂါရပ်ဘယ်လိုရှိ့လဲဆိုတာ အချက်အလက်ရှားပါးလို့ မပြောတတ်ပါဘူး။ယေဘူယျအားဖြင့် ရရှိ့တဲ့အချက်အလက်တွေအရ တပ်ရင်းပေါင်း ၅၀၀ နီးပါး၊စစ်အင်အား ၃ သိန်းနဲ့ ၅သိန်းကြားလို့ပဲခန့်မှန်းကြပါတယ်။ပြောင်းလဲလာတဲ့ စစ်လက်နက်ပစ္စည်းအခြေအနေအရ ခြေလျင်တပ်ရင်းတစ်ခုရဲ့စစ်ထွက်အင်အားကို ၁၂၅ ဦးလို့သက်မှက်ထားတာတော့ဖတ်ဖူးပါတယ်။

ခြေလျင်မဟုတ်တဲ့စစ်လက်ရုံးတပ်တွေရဲ့အင်အားကတော့တပ်ဆင်ထားတဲ့စစ်လက်နက်၊ယန္တယားပစ္စည်းတွေပေါ်မှုတည်မယ်ထင်ပါတယ်။ဥပမာ ရေငုတ်သင်္ဘောတစ်စင်းမှာ ရေအောက်ငုတ်ချိန် တာဝန်ချိန် ၃လအတွက်အင်အား၁၅၀ရှိ့တယ်ဆိုအလှည့်ကျတာဝန်ထမ်းနိုင်ဖို့နောက်ထပ်၁၅၀နှစ်သုတ်စာလိုတယ်လို့မှတ်ဖူးပါတယ်။တင့်ကားတစ်စီးမှာအဖွဲ့သား၆ယောက်ပါတယ်ဆိုတင့်ကား၃၀လောက်ပါမယ့်တင့်ကားတပ်ခွဲကြီးတစ်ခုဆို မောင်းနှင်အဖွဲ့သား ၁၈၀ လောက်ရှိ့မယ့်သဘောတွက်မိပါတယ်။

ဒီလိုယန္တယားတပ်တွေ၊မဟာဗျူဟာမြောက်လက်နက်ကြီးတပ်တွေ၊မြေပြင်နဲ့ထိမ်းသိမ်းရေးတပ်တွေ စသဖြင့် အင်အားတွေကတော့ရုပ်ဝတ္ထုတွေအပေါ်မှုတည်မယ်ထင်ပါတယ်။ကိုရီးယားကဝယ်တဲ့ ဘက်စုံသုံးသင်္ဘော ကြီးဆိုရင် ရေယာဉ်ဝန်ထမ်း၆၀၀၊ကမ်းတက် ၃၀၀၀နဲ့ယဉ်ယန္တရားများသယ်ဆောင်နိုင်မှု့ကိုကြည့်ရင် ဝန်ထမ်းအင်အားကို ရုပ်ဝတ္ထုသုံးစွဲမှု့အပေါ်မှုတည်ပြီးတွက်ချက်ကြည့်ရမယ့်သဘောလို့မြင်မိပါတယ်။

ဒီလိုအင်အားတွေဘယ်လိုဖြန့်ကျက်ထားသလဲဆိုတာတော့ အရပ်သားအနေနဲ့ခန့်မှန်းရခက်လှပါတယ်။

စစ်ရေးသိပ္ပံကျွမ်းကျင်သူများက မဟာဗျူဟာမြောက်လက်နက်ကြီးများ၊ယန္တယားများရဲ့စွမ်းဆောင်နိုင်ရည်နဲ့ ဖြန့်ကျက်ချထားနိုင်မယ့် ပထဝီဝင်မြေပုံနဲ့ ခန့်မှန်းတွက်ချက်လို့ရနိုင်မယ်ထင်ပါတယ်။

ယနေ့မြန်မာပြည်သူတို့ရဲ့တော်လှန်ရေးမှာအဓိကရင်ဆိုင်တိုက်ပွဲဝင်နေရတာကစကစရဲ့ခြေလျင်၊ခြေမြန်တပ်တွေ(လိုက်ဖ်အင်ဖင်ထရီ)တွေဖြစ်မယ်လို့ယူဆပါတယ်။အပေါ့စားခြေလျင်တပ်စုစုပေါင်းဘယ်လောက်ရှိ့တယ်မသိပါဘူး။EAO,PDF,LPDF တွေနဲ့အဓိကရင်ဆိုင်နေရတာတော့ အပေါ့စားခြေလျင်တပ်တွေဖြစ်ကြပါတယ်။

ဒီလိုမပြည့်မစုံအချက်အလက်တွေအပေါ်ကပဲ စစ်အင်္ဂါစဉ်ခင်းကျင်းမှု့ကို ခန့်မှန်းကြည့်ပါတယ်။

မြန်မာပြည်ရဲ့မြေပုံပေါ်မှာပဲ လက်ဝဲသုန္ဒရ ပြု့စု့တဲ့ သေနင်္ဂဗျူဟာစစ်သမိုင်းနဲ့ဗျူဟစက္ကိပျို့ပါ

စစ်အင်္ဂါခင်းကျင်းပုံ ၇ ပါးဖြန့်ခင်းကြည့်ပါတယ်။

စစ်လျင် စစ်ဖျား၊စစ်ရင်၊စစ်ပခုံးနှစ်ဖက်၊စစ်ဝမ်း၊စစ်နံနှစ်ဖက်၊စစ်ကျောက်ကုန်း၊စစ်ခံ ဆိုတဲ့အင်္ဂါ ၇ ပါးကို မြေပုံပေါ်ဖြန့်ကြည့်ပါတယ်။စစ်ဝမ်းဗိုက်ဟာဘုရင်ထိုင်တဲ့ပင်မတပ်ဖြစ်တဲ့အတွက်အင်အားအများဆုံးဖြစ်သလိုကျန်တဲ့ အင်္ဂါတွေက စစ်ဝမ်းဗိုက်ကိုကာကွယ်ကြရပါတယ်။ဒီလိုတွက်ရင်တော့ နေပြည်တော်ဟာ စစ်ဝမ်းရဲ့ဗဟိုချက်ဖြစ်ပြီး နေပြည်တော် ပတ်ချာလည်ကတော့ စစ်ဝမ်းဧရိယာ ဖြစ်နေမှာဖြစ်ပါတယ်။

မကွေး၊တောင်တွင်းကြီး၊တောင်ကြီးကလော၊ကယား စသဖြင့်ပတ်ချာလည်အဖြစ်ယူဆရပါတယ်။

စကစစစ်ဝမ်းရဲ့တစ်ဖက်တစ်ချက်မှာရှိတဲ့စစ်နံများကတော့ရခိုင်ဒေသနဲ့ရှမ်းကုန်းပြင်မြင့်ဒေသတို့ဖြစ်နိုင်ပါတယ်။စကစရဲ့ စစ်နံ နှစ်ဖက်စလုံး စစ်ပွဲမဖြစ်အောင် စကစ ကညိ့နှိုင်းထိမ်းသိမ်းထားပုံရပါတယ်။

အပေါ်ဆက်တက်ရင်မန္တလေး၊စစ်ကိုင်း၊မုံရွာ ဒေသများဟာ စစ်ရင် (စစ်ရင်ဝ) ဖြစ်နိုင်ပါတယ်။

ယခု မကွေး၊စစ်ကိုင်း၊မန္တလေး စစ်ပွဲများဟာ စကစ ရဲ့ စစ်ရင်ဝဧရိယာများမှာဖြစ်နေတယ်လို့မြင်ပါတယ်။

အပေါ်ဆက်တက်တဲ့ ကချင်ပြည်နယ်၊စစ်ကိုင်းအထက်ပိုင်း ဒေသစစ်ပွဲတွေကတော့ စကစ ရဲ့စစ်လျင်၊စစ်ဖျား ဒေသများဖြစ်မယ်ယူဆပါတယ်။စကစ ရဲ့ စစ်ပခုံးနှစ်ဖက်လိုယူဆရတဲ့ ချင်း၊နာဂ၊ယောဆော ဒေသမှာ နာဂကလွဲရင်နေရာအတော်များများဖြစ်နေပါတယ်။အခြားပခုံးတစ်ဖက်လို့တွက်ရတဲ့ ရှမ်းမြောက်ပိုင်း ဝ၊ကိုးကန့်၊မိုင်းလား၊ပလောင်၊ရှမ်းနှစ်ဖွဲ့စသဖြင့်ဒေသတွေကိုစကစကစစ်မဖြစ်အောင်ထိမ်းထားသေးတာတွေ့ရပါတယ်။ပြည်၊ပဲခူး၊ရန်ကုန်ဧရိယာများကတော့ စကစ စစ်ဝမ်းနောက်ကျောလုံခြုံရေး စစ်ကျောက်ကုန်းဖြစ်နိုင်ပါတယ်။

အောက်ပိုင်းဧရိယာကတော့ စစ်ခံ လို့တွက်ပါတယ်။

စစ်အင်္ဂါ ၇ ပါးကို အခြေအနေအရ အပေါ်အောက်ပြောင်းပြန်ခင်းသည်ဖြစ်စေ၊ပတ်ချာလည်ခင်းသည်ဖြစ်စေ စစ်ဝမ်းဧရိယာကတော့ လတ်တလော နေပြည်တော်(ပျဉ်းမနား)ပဲဆက်ရှိ့နေမယ်လို့ယူဆပါတယ်။

စစ်အင်္ဂါခင်းကျင်းပုံအင်အားအရ စစ်လျင်စစ်ဖျားအင်အားထက် စစ်ရင်ဝက နှစ်ဆပိုခင်းကျင်းပါတယ်။

စစ်ရင်ဝဧရိယာရဲ့ဘေးတိုက်နှစ်ဖက်စစ်ပခုံးတစ်ဖက်စီမှာ စစ်လျင်စစ်ဖျားထက် နှစ်ဆစီခင်းကျင်းပါမယ်။

စစ်ရင်ဝအောက် စစ်ဝမ်း ဟာအဓိကဖြစ်လို့ပင်မထုထည်အဖြစ် စစ်ရင်ထက်များစွာထူထပ်သိပ်သည်းပါမယ်။ မိတ္ထီလာ၊တောင်တွင်းကြီး၊တောင်ကြီးစသဖြင့်တပ်အင်အား၊တပ်ရင်းတပ်ဖွဲ့များစွာဖြန့်ထားတာကိုတွေ့ရပါတယ်။သတင်းတစ်ပုတ်အရ မိတ္ထီလာမှာ တပ်မျိုးစုံ တပ်ရင်း၄၀ ကျော်ထိုင်ထားတယ်ဆိုပါတယ်။

စစ်ဝမ်းဗဟိုချက်နေပြည်တော်လည်းထုပိုထူမယ်ထင်ပါတယ်။

စစ်နံနှစ်ဖက်ဖြစ်တဲ့ ရခိုင်နဲ့ရှမ်းမြောက်ကတော့ မန္တလေး၊စစ်ကိုင်း၊မုံရွာစသဖြင့်စစ်ရင်ဝမှာ ချထားတဲ့အင်အားနဲဆတူချထားမှာဖြစ်ပါတယ်။ကျန်တဲ့စစ်ကျောက်ကုန်း ပြည်၊ပဲခူး၊ရန်ကုန် ဧရိယာများကတော့ စစ်ရင်ဝ၊စစ်နံထက်ပိုများတဲ့အင်အားချထားနိုင်ပါတယ်။အောက်ပိုင်း ဧရာဝတီ၊မွန်၊ကရင် တနင်းသာရီ စသဖြင့် စစ်ခံဧရိယာများကတော့ ရသမျှအကုန်ချထားမှာဖြစ်ပါတယ်။

မဟာဗျူဟာမြောက်လက်နက်ကြီးတပ်များ၊ယန္တယားတပ်များ၊စစ်လက်ရုံးတပ်များကို မတွက်ပဲ ခြေလျင်၊ခြေမြန်တပ်များ ဖြန့်ခင်းနိုင်မှု့ကို အရေအတွက်နဲ့ဖြန့်ချကြည့်တဲ့သဘောဖြစ်ပါတယ်။

စကစအာဏာမသိမ်းခင်အထိတိုက်ပွဲများဟာEAOများနဲ့စစ်လျင်စစ်ဖျား၊စစ်နံနှစ်ဖက်၊စစ်ပခုံးတစ်ဖက်နဲ့စစ်ခံဧရိယာများမှာသာဖြစ်လေ့ရှိတာသာတွေ့ရပါတယ်။

စကစ အာဏာသိမ်းပြီးတဲ့နောက် ပြည်သူ့တော်လှန်ရေးဟာ ယခင်ကမဖြစ်ခဲ့တဲ့ စစ်ရင် နဲ့ စစ်ပခုံးတစ်ဖက်မှာ ဖြစ်လာပါတယ်။ယခင်ကဖြစ်ခဲ့တဲ့ စစ်လျင်စစ်ဖျား၊နဲ့စစ်ပခုံးတစ်ဖက်ဖြစ်တဲ့ရှမ်းမြောက်အဖွဲ့များနဲ့ FPNNC နဲ့ ကချင်တို့မှာ စစ်ရှိန်လျော့သွားတယ်လို့မြင်မိပါတယ်။စစ်ရင်နဲ့စစ်ပခုံးတစ်ဖက်ဟာ စစ်ဝမ်းနဲ့နီးတဲ့အတွက် စကစ ကပြင်းပြင်းထန်ထန်အင်အားသုံးမှာပဲဖြစ်ပါတယ်။စစ်ဝမ်းနဲ့စစ်ကျောကုန်းဒေသများကတော့ လတ်တလောအထိုင်ထုထူနေတဲ့အတွက်လှုပ်ရှားရကြပ်တည်းနေဦးမယ်ယူဆရပါတယ်။စစ်ခံဧရိယာကတော့ ထုတ်နှုတ်လိုရသမျှအင်အားပို့နေဦးမှာပဲဖြစ်ပါတယ်။

ဆွန်ဇုရဲ့စာအုပ်အလိုအရ နယ်စပ်ဒေသများမှာ ယေဘူယျအားဖြင့်စစ်အင်အားရဲ ၂၀ ရာခိုင်နှုန်း အထိုင်ချလေ့ရှိ့တယ်နဲ့တွက်ရင်ကျန်အင်အားများဟာအင်္ဂါစဉ်အလိုက်စစ်ဝမ်းအောက်တစ်ဆလျော့နဲ့သုံးစွဲထားမှာပဲဖြစ်ပါတယ်။

ယခုစစ်ပွဲဟာ စစ်ရင်ဝနဲ့စစ်ပခုံးတစ်ဖက်၊စစ်နံဧရိယာတစ်ဖက်ပဲအဓိကဖြစ်နေလို့ စကစ ဟာ ကျန်တဲ့ ဒေသကတပ်‌အင်အားတွေပို့ဆောင်သုံးစွဲစေမှာပဲဖြစ်ပါတယ်။စစ်ဝမ်းကို စစ်ရင်ဝနဲ့ပခုံးတစ်ဖက်ထဲကတိုးဝင်ဖို့

ဆိုတာစကစရဲ့စစ်ရင်ဝနဲ့ပခုံးပြိုမှပဲဖြစ်နိုင်မှာဖြစ်ပါတယ်။ယခုအချိန်ထိစစ်ပွဲအနေနဲ့စစ်ဝမ်းနားကိုမကပ်နိုင်သေးသလိုတွေ့ရပါတယ်။

စစ်နံနှစ်ဖက်၊စစ်ပခုံးတစ်ဖက်ဖြစ်တဲ့ဖြစ်တဲ့ ရခိုင်ရှမ်းကုန်းပြင်မြင့်၊ရှမ်း‌မြောက်များက မလှုပ်တဲ့အတွက် ဟန်ချက်မညီပဲစစ်ရင်ဝနဲ့စစ်ပခုံးတစ်ဖက်ထဲဖိအားပေးခံရပြီးတစ်ဖက်စောင်းနင်းရင်ဆိုင်နေရသလိုမြင်မိပါတယ်။စစ်ခံဧရိယာစစ်ပွဲများကစစ်ဝမ်းကို မခြိမ်းချောက်နိုင်သေးပါဖူး။လတ်တလောအခြေအနေအရ စစ်နံတွေဖြစ်တဲ့ ရခိုင်နဲ့ ရှမ်းကုန်းပြင်မြင့်ကို စစ်လှုပ်ဖို့ မဆွဲဆောင်နိုင်သေးတဲ့အခြေအနေမှာ စစ်ပခုံးတစ်ဖက်က စစ်ထပ်လှုပ်လာရင် စစ်ရင်ဝနဲ့စစ်ပခုံးနှစ်ဖက်၊ဖိ့အားအတော်အသင့်လျော့သွားမယ် ဟန်ချက်ထိမ်းထားနိုင်မယ်မြင်မိပါတယ်။ဟန်ချက်ညီထိမ်းညှိနိုင်မယ့်စစ်ပခုံးတစ်ဖက်ဟာ တရုတ်ဩဇာမကင်းတဲ့ရှမ်းမြောက်FPNCCတွေဖြစ်နေတာလည်းမြန်မာတော်လှန်ရေးရဲ့ပျော့ကွက်တစ်ခုဖြစ်နေပါတယ်။

စကစကလည်းနောက်ထပ်စစ်ပခုံးတစ်ဖက်FPNNC၊စစ်နံတစ်ဖက်AAမလှုပ်အောင်ဗိုလ်ချုပ်ရာပြည့်ကိုစေလွတ်ပြီးညှိနှိုင်းနေတာတွေ့ရပါတယ်။FPNCCနဲ့AAမလှုပ်သ၍ စစ်ရင်ဝ အညာနဲ့ စစ်ပခုံးချင်းတို့ဟာ ပိုမိုဖိခံနေရဦးမှာဖြစ်ပါတယ်။ဗိုလ်ချူပ်ရာပြည့်FPNCCနဲ့AAတို့နဲ့ညှိတာအဆင်ပြေသွားရင် အညာနဲ့ချင်း ကို ပိုမိုပြင်းထန်တဲ့ထိုးစစ်ကြီးတွေဆင်နွဲလာနိုင်မယ်တွက်မိပါတယ်။ယနေ့သတင်းများကလည်း နေပြည်တော်မှာ စစ်ဗျူဟာပြောင်းဖို့အစည်းအဝေးလုပ်နေတယ်လို့ဆိုပါတယ်။အကယ်၍တရုတ်အကူအညီနဲ့ ဗိုလ်ချူပ်ရာပြည့်ရဲ FPNCCနဲ့AA တို့နဲ့ညှိတာ အဆင်ပြေလို့ စစ်ဗျူဟာအစည်းအဝေး လုပ်တာဆိုရင် အညာဒေသနဲ့ချင်း ကို ပိုမိုကြီးမား ပြင်းထန်တဲ့ထိုးစစ်ကြီးတစ်ခုထပ်မံဆင်နွဲလာနိုင်တယ်လို့ခန့်မှန်းပါတယ်။

စစ်ရင်ဝနဲ့စစ်ပခုံးတစ်ဖက်(အညာနဲ့ချင်း) ဖြိုခွဲခံရရင်၊ပြိုသွားရင်တော်လှန်ရေးဟာမြန်မာပြည်အောက်ပိုင်းက စစ်ခံနဲ့စစ်ကျောကုန်းဧရိယာများမှာပဲဒေသန္တရပျောက်ကျားစစ်လောက်အဆင့်နဲ့ကန့်သတ်ထိန်းချုပ်ခံရနိုင်ပါတယ်။ဒီလိုသာကန့်သတ်ထိမ်းချုပ်ခံရရင်NUGနဲ့PDFဟာလည်းယခင်ကABSDFနဲ့NCGUBကံကြမ္မာမျိုးနဲ့အဆုံးသတ်သွားမှာစိုးရိမ်မိပါတယ်။

NUG အနေနဲ့တော်လှန်ရေး ဒီရေကျမသွားပဲ NCGUB ကံကြမ္မာမျိုးမဆိုက်အောင် အညာနဲ့ချင်းကို မကျဖို့အတွက်ရှိသမျှပုံအောသင့်ရင်လည်းပုံအောရမယ်လို့မြင်မိပါတယ်။တော်လှန်ရေးဟန်ချက်ကိုထိန်းနိုင်အောင်တရုတ်နဲ့လည်းအဂ္ဂမဟာဗျူဟာအရစကားပြောဖို့လိုသလို၊စစ်နံAAနဲ့စစ်ပခုံး FPNCC နဲ့လည်း သေင်္နဂဗျူဟာအရ၊ နိုင်ငံရေးအရ နက်နက်ရှိုင်းရှိုင်းဆွေးနွေးဖို့လိုအပ်လာပြီထင်မိပါကြောင်း။

 

မှက်ချက်-စာရေးသူ၏ ပုဂ္ဂလိက ယူဆချက်သာဖြစ်ပါသည်။

 

Related Posts

“စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ”
သုံးသပ်ချက်များ

“စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ”

June 3, 2025

"စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ"   အထွေထွေထိုးစစ်ကြီး...

သုံးသပ်ချက်များ

အပစ်မရပ်ကြသူများ

April 30, 2025

အပစ်မရပ်ကြသူများ ခုရက်ပိုင်း ပွဲသတင်းတွေ တော်တော်လေး စိတ်နေတယ်။...

ဧပြီ ၀၁၊ ၂၀၂၅။ (အင်္ဂါ)
သုံးသပ်ချက်များ

ဘယ်သူ့​ကြောင့်လဲ

April 19, 2025

မန္တလေးငလျင်ကြီးလှုပ်ပြီးသွားတဲ့အခါ နိုင်ငံတကာကအကူအညီပေးတဲ့အဖွဲ့တွေအလျှင်အမြန်ရောက်လာပြီး နည်းပညာအကူအညီနှင့် ဒေသခံတွေပူးပေါင်းပြီး ကယ်တင်ကြတဲ့အတွက်...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English