မနေ့ကအခြေအနေတွေတင်းမာနေတဲ့လေးကေကော်မြို့သစ်မှာဒီနေ့တိုက်ပွဲတွေစဖြစ်နေပြီ။စစ်ကောင်စီတပ်တွေမြို့ထဲကထွက်မရပဲပိတ်မိနေကြတယ်။သူတို့ထွက်နိုင်ဖို့အတွက်စစ်တပ်ကလက်နက်ကြီးတွေလှိုင်လှိုင်သုံးနေတယ်။နယ်စပ်နဲ့အရမ်းကပ်နေလို့ထိုင်းနိုင်ငံဘက်ကိုလက်နက်ကြီးကျည်တွေကျကုန်တယ်။စစ်ကူလာတဲ့စစ်ကောင်စီတပ်တွေလဲကြားဖြတ်တိုက်ခိုက်ခံရလို့အထိနာနေတယ်။
ဒေသခံပြည်သူတွေလဲနေ့ချင်းညချင်းပြေးလွှားနေရပြီ။စစ်ဘေးရှောင်အရေအတွက်ဟာ၂၄နာရီအတွင်းသုံးထောင်ကျော်သွားပြီ။တစ်ထောင်ကျော်လောက်ကတော့ထိုင်းဘက်ထွက်ပြေးကြတယ်။ဆောင်းတွင်းကြီးမှာအဝတ်တထည်ကိုယ်တစ်ခုနဲ့ပြေးရတဲ့အတွက်စားဝတ်နေရေးဒုက္ခရောက်နေကြတယ်။စစ်ပွဲကအခုမှစတာဆိုတော့ကြာဦးမယ့်သဘောပဲ။စစ်ရှောင်တွေအတွက်အရေးပေါ်အကူအညီတွေလိုအပ်နေပြီ။