Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

စစ်ကိုင်းဟာ လွတ်မြောက်နယ်မြေဖြစ်တော့မှာလား

December 7, 2021
in သုံးသပ်ချက်များ
Reading Time:1 min read
Share on FacebookShare on Twitter

ဘယ်သူကစလိုက်တယ်တော့မသိဘူး စစ်ကိုင်းဟာပထမဆုံးလွတ်မြောက်နယ်မြေဖြစ်လာမယ်ဆိုတဲ့စကား အခုတလောခဏခဏတွေ့လာရတယ်။ အဲဒီတော့စစ်ကိုင်းတိုင်း လွတ်မြောက်နယ်မြေဖြစ်တော့မှာလား လွတ်မြောက်နယ်မြေဖြစ်ဖို့ရောဘာတွေလိုလဲဆိုတာ သုံးသပ်ကြည့်ရအောင်။

တိုင်းဒေသကြီးတွေထဲမှာတော့ လွတ်မြောက်နယ်မြေဖြစ်ဖို့ အလားအလာအကောင်းဆုံးဆိုပေမယ့် စစ်ကိုငိးဟာ လွတ်မြောက်နယ်မြေဖြစ်ဖို့လိုအပ်ချက်တွေရှိနေပါသေးတယ်။ ပြည်နယ်တွေထဲမှာတော့ စစ်ကိုင်းထက်ပိုအလားအလာရှိတဲ့ပြည်နယ်တွေတောင်ရှိနေပါတယ်။ စစ်ကိုင်းတိုင်းဟာ ဘာလို့အလားအလာကောင်းတာလဲလို့ပြောရရင် PDF တွေက Defacto ရယူထားနိုင်တဲ့အထိ နယ်မြေစိုးမိုးမှုတွေရှိနေလို့ပါ။ စစ်ကိုင်းတိုင်းရဲ့ ၄၀% လောက်ကိုစကစစိုးမိုးထားပြီး ၆၀% လောက်ကို PDF တွေစိုးမိုးထားနိုင်ပါတယ်။ အထူးသဖြင့် ကြည်း၊ရေ၊လေ လမ်းကြောင်းသုံးခုမှ ရေကြောင်းနဲ့ ကြည်းကြောင်းလမ်းတချို့ကိုဒေသကာကွယ်ရေးတပ်တွေကစိုးမိုးထားပါတယ်။ စစ်ကိုင်းတိုင်းရဲ့ အဓိက ဝင်ပေါက်လမ်းဖြစ်တဲ့မုံရွာမန္တလေးလမ်းမှာကို PDF တွေရဲ့ရှောင်တခင် စစ်ဆေးရေးပွိုင့်တချို့ရှိနေတာဟာ လမ်းတွေကိုစစ်ကောင်စီစိုးမိုးထားနိုင်မှုမရှိဘူးဆိုတာ ပေါ်လွင်နေပါတယ်။

ဒါပေမယ့်နယ်မြေစိုးမိုးနိုင်တာနဲ့တော့ လွတ်မြောက်နယ်မြေလို့မခေါ်နိုင်သေးပါဘူး။ အဲဒီနယ်မြေတွေကို စီမံခန့်ခွဲနိုင်ဖို့နဲ့ ပြည်သူ့အုပ်ချုပ်ရေးစနစ်တစ်ခု အစားထိုးနိုင်မှသာ လွတ်မြောက်နယ်မြေလို့ခေါ်နိုင်မှာပါ။ နယ်မြေစိုးမိုးတာနဲ့ နယ်မြေထိန်းချုပ်တာလည်းမတူပါဘူး။ စိုးမိုးထားတဲ့နယ်မြေတွေကို ထိန်းချုပ်နိုင်ဖို့ အချိန်အတိုင်းအတာတစ်ခုယူပြီးကြိုးစားရဦးမှာဖြစ်သလိုစိုးမိုးထားမှုဟာလည်းအချိန်မရွေးပျက်ပြယ်နိုင်ခြေရှိနေသေးလို့ပါ။

စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းကို အုပ်ချုပ်ဖို့ ခက်ခဲနေတယ်ဆိုတာ ဝန်ခံထားပါတယ်။ ဒါပေမယ့် စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တယားမပျက်သေးတာကတော့ စစ်ကောင်စီရဲ့အားသာချက်လို့ ဆိုရပါမယ်။ကျေးရွာတွေကလွဲလို့မြို့ကြီးတွေမှာအပြုံးမပျက်ရုံးတက်နေကြတုန်းဖြစ်သလိုအခွန်အခတွေလည်း ပေးဆောင်နေကြတုန်းပါ။ ကျေးရွာတွေမှာတော့ စစ်ကောင်စီအုပ်ချုပ်ရေးယန္တယားပျက်သွားပြီလို့ ပြောလို့ရပါတယ်။ လွတ်မြောက်နယ်မြေဖြစ်ဖို့ဆိုတာ ဒီအုပ်ချုပ်ရေးယန္တယားတွေအစား ပြည်သူ့အုပ်ချုပ်ရေး ယန္တယားကို အစားထိုးနိုင်မှဖြစ်လာမယ်ဆိုတာ မမေ့သင့်ပါဘူး။

နောက်ထပ်တစ်ချက်က စစ်ကိုင်းတိုင်းဟာ တော်လှန်ရေးအားကောင်းတယ်လို့ ယေဘုယျအားဖြင့် သုံးသပ်နိုင်ပေမယ့် တော်လှန်ရေး လုံးဝမရှိတဲ့ဒေသတွေရှိနေတုန်းပဲဆိုတာလည်း ငြင်းမရပါဘူး။ ချင်းတွင်းမြစ်အထက်ပိုင်းက မြို့တချို့ဟာ တော်လှန်ရေးနဲ့ မဆိုင်သလို ရှိနေတုန်းပါ။ ဒါပေမယ့် မြေအောက်လှုပ်ရှားမှုတွေတော့ ရှိနေနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ အဲဒီဒေသတွေကို စစ်ကောင်စီက ခြေကုပ်ယူပြီး လှုပ်ရှားနိုင်တယ်ဆိုတာ မေ့ထားလို့မရပါဘူး။ အခုထက်ထိစစ်ကောင်စီဟာ စစ်ကိုင်းတိုင်းကို အလျှော့မပေးသေးဘဲ ဆက်ဖိဖို့ကြိုးစားနေဆဲပါ။

နောက်ထပ်သတိထားရမယ့်အချက်က စစ်ကိုင်းတိုင်းရဲ့ လက်နက်ကိုင်တော်လှန်မှုဟာ NUG နဲ့ တိုက်ရိုက်ချိတ်ဆက်တာမျိုး EROs တွေနဲ့ တိုက်ရိုက်ချိတ်ဆက်တာမျိုးမဟုတ်တဲ့ သီးခြားဆန်တဲ့ တော်လှန်ရေးပုံစံဖြစ်တာကြောင့် စစ်ကောင်စီဟာ တော်လှန်ရေးအုပ်စုတွေအချင်းချင်း သပ်လျှိုပြီး proxy တိုက်ပွဲတွေ ဖန်တီးနိုင်တဲ့ အခြေအနေပါပဲ။ စစ်ကောင်စီဟာ ကိုယ်တိုင်သွားမတိုက်ဘဲ အချင်းချင်းကွဲပြဲတိုက်စေပြီး အင်အားနည်းမှ ဝင်သိမ်းတတ်တဲ့ အကျင့်ရှိနေပါတယ်။ ( ဥပမာ KNLA ကို DKBA ခွဲထွက်စေပြီး တိုက်တာမျိုးပါ)

ဘယ်လိုမှ နယ်မြေမစိုးမိုးနိုင်တဲ့ ပုလဲ ယင်းမာပင် ကနီနယ်တွေမှာ အဲဒီစနစ်တွေ ကျင့်သုံးလာနိုင်ပါတယ်။ ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်းဟာ ဘာပဲဖြစ်ဖြစ် ERO အဖွဲ့ကြီးတစ်ခုနဲ့ ချိတ်ဆက်မိနေပြီလို့ ယူဆရတဲ့အတွက် အချင်းချင်းတိုက်မယ့် အန္တရာယ် အနောက်ဘက်ခြမ်းထက်တော့ ပိုနည်းပါတယ်။

ဒါတွေဟာပြောလိုက်တာလွယ်ပေမယ့်တကယ်ရင်ဆိုင်ဖြေရှင်းရတာဟာမတ်စောက်တဲ့တောင်ကြီးတစ်လုံးကို ဘာအထောက်အကူမှ မပါဘဲတက်ရသလိုမို့ အင်မတန်ခက်ခဲပါတယ်။ အချင်းချင်း အမြင်စောင်းနေပြီး လက်နက်လည်းကိုင်ထားတယ်ဆိုရင် လက်နက်ကိုင်အစုအဖွဲ့အချင်းချင်းကြားမှာ သပ်ရှိုသွင်းရတာ သိပ်လွယ်ပါတယ်။

ဒါကိုတားဆီးနိုင်ဖို့က နိုင်ငံရေးဦးဆောင်အဖွဲ့အစည်းတစ်ခု ကြားဝင်ဖြေရှင်းမှပဲ ရပါလိမ့်မယ်။ တစ်နိုင်ငံလုံးရဲ့ နိုင်ငံရေးရည်မှန်းချက်က စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှပပျောက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ထူထောင်ရေးဆိုတာ ထင်ရှားပေမယ့် စစ်ကိုင်းတိုင်းနဲ့ပဲသက်ဆိုင်တဲ့ နိုင်ငံရေးဘုံရည်မှန်းချက်တရပ်ကို မူတည်ပြီး ကွဲလွဲနေတဲ့ လက်နက်ကိုင်အစုအဖွဲ့တွေကြား မဟာမိတ်ပုံစံ စုစည်းဖို့ အားချင်းကိုအရေးကြီးနေပါပြီ။ မဟုတ်ရင် လက်နက်ကိုင် အစုအဖွဲ့တွေ တိုက်ရိုက်စကားပြောရင်း စကားနောက် တရားပါကုန်မယ့် အန္တရာယ်ရှိနေပါတယ်။ ဒါဟာ စစ်ကောင်စီဘက်က ဆင်ထားတဲ့ ထောင်ချောက်လည်းဖြစ်ပါတယ်။

ဒါကြောင့် စစ်ကိုင်းတိုင်းမှာ စိုးမိုးနယ်မြေတွေရှိတိုင်း လွတ်မြောက်ပြီလို့ တက်မထောင်စေချင်သေးဘဲ အဖွဲ့တွေအချင်းချင်းကြား ဘုံရည်မှန်းချက်နဲ့ စုစည်းမှုတွေလုပ်ဆောင်ပြီး စစ်ကောင်စီရဲ့ အုပ်စုခွဲ ရန်တိုက်မှု မခံရအောင်ဘယ်လိုပြင်ဆင်မလဲ၊ NUG/CRPH/ NUCC/EROs တွေနဲ့ ဘယ်လိုလက်တွဲလုပ်ဆောင်မလဲ ဆိုတာကို ညှိနှိုင်းပေးမယ့် နိုင်ငံရေးဘော်ဒီတစ်ခု ကိုသာ ဖွဲ့စည်းပြင်ဆင်ကြဖို့ပဲဖြစ်ပါတယ်။

ဒီလိုဖွဲ့စည်းပြင်ဆင်ပြီး မဟာမိတ်ပုံစံ အင်အားစုအားလုံးချိတ်ဆက်စုစည်းနိုင်ပြီဆိုရင်တော့ လိုအပ်တဲ့ ထောက်ပံ့မှုတွေရတာနဲ့ စစ်ကိုင်းတိုင်းဟာ အခက်အခဲအားလုံးကို ကျော်ဖြတ်ပြီး အများမျှော်လင့်နေတဲ့ လွတ်မြောက်နယ်မြေတစ်ခုအဖြစ်တဖြည်းဖြည်းပုံပေါ်လာလိမ့်မယ်ဆိုတဲ့အကြောင်းအကြံပြုတင်ပြလိုက်ရပါတယ်။

ခရီးကားဝေးသေး၏ ဆိုက္ကားသာလျှင် ယာဉ်ရှိကုန်၏။

ဆိုရှယ်မီဒီယာများမှကူးယူဖော်ပြခြင်းဖြစ်ပါသည်၊မူရင်းရေးသားသူအားခရက်ဒစ်ပေးပါသည်။

Related Posts

“စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ”
သုံးသပ်ချက်များ

“စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ”

June 3, 2025

"စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ"   အထွေထွေထိုးစစ်ကြီး...

သုံးသပ်ချက်များ

အပစ်မရပ်ကြသူများ

April 30, 2025

အပစ်မရပ်ကြသူများ ခုရက်ပိုင်း ပွဲသတင်းတွေ တော်တော်လေး စိတ်နေတယ်။...

ဧပြီ ၀၁၊ ၂၀၂၅။ (အင်္ဂါ)
သုံးသပ်ချက်များ

ဘယ်သူ့​ကြောင့်လဲ

April 19, 2025

မန္တလေးငလျင်ကြီးလှုပ်ပြီးသွားတဲ့အခါ နိုင်ငံတကာကအကူအညီပေးတဲ့အဖွဲ့တွေအလျှင်အမြန်ရောက်လာပြီး နည်းပညာအကူအညီနှင့် ဒေသခံတွေပူးပေါင်းပြီး ကယ်တင်ကြတဲ့အတွက်...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English