NUGရဲ့ဒေါ်လာသန်းတစ်ထောင်ဖိုးတန်ဖိုးရှိတဲ့ငွေတိုက်စာချုပ်တွေဒီနေ့စတင်ရောင်းချတယ်။ပထမအသုတ်အဖြစ်သန်းနှစ်ရာဖိုးအရင်ရောင်းမှာဖြစ်တယ်။ခုလောလောဆယ်တော့ပြည်တွင်းမှာမရသေးပဲပြည်ပကပဲဝယ်လို့ရဦးမယ်။ဒါတောင်ပထမဆုံးသုံးနာရီအတွင်းမှာပဲဒေါ်လာသုံးသန်းကျော်ဖိုးရောင်းလိုက်ရတယ်။နိုင်ငံတကာကမြန်မာတွေရဲ့အားပေးမှုဟာကြောက်ခမန်းလိလိပဲ။ပြည်တွင်းကပြည်သူတော်တော်များများလဲဝယ်ယူဖို့စိတ်ဝင်စားနေကြတယ်။ဒေါ်လာတစ်ရာဖိုးကစဝယ်လို့ရတယ်ဆိုတော့တော်တော်များများအတွက်လက်လှမ်းမှီတယ်လေ။
ငွေတိုက်စာချုပ်တွေများများနဲ့မြန်မြန်ရောင်းရလေ၊တော်လှန်ရေးအတွက်အထောက်အကူဖြစ်လေပဲ။NUGကတော့ဒါဟာတော်လှန်ရေးတဆစ်ချိုးလို့ပြောထားတယ်။အဲ့ဒီကရတဲ့ငွေတွေကိုဘာအတွက်သုံးမလဲဆိုတာတော့ပြောစရာမလိုပဲလူတိုင်းသဘောပေါက်ကြတယ်။ဒါကြောင့်ကြိတ်ကြိတ်တိုးဝယ်ယူအားပေးနေကြတာပေါ့။