နှလုံးသား ထဲက ဘွန်း
NUG ငွေတိုက်စာချုပ်များ သည် စတင် ရောင်းချသည့် နေ့မှာပင် အမေရိကန် ဒေါ်လာ ၆.၃ သန်း (စင်္ကာပူ ဒေါ်လာ ၈.၆ သန်း) ရရှိခဲ့ပြီ ဖြစ်သည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ အဖွဲ့မှ...
Read moreDetailsNUG ငွေတိုက်စာချုပ်များ သည် စတင် ရောင်းချသည့် နေ့မှာပင် အမေရိကန် ဒေါ်လာ ၆.၃ သန်း (စင်္ကာပူ ဒေါ်လာ ၈.၆ သန်း) ရရှိခဲ့ပြီ ဖြစ်သည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ အဖွဲ့မှ...
Read moreDetailsအရင်ရက်တွေကစစ်ကိုင်းတိုင်းအထက်ပိုင်းမှာပွဲတွေကောင်းခဲ့သလိုဒီရက်ပိုင်းမှာလဲမကွေး-စစ်ကိုင်းအစပ်နယ်မြေတွေမှာတိုက်ပွဲတွေပြင်းထန်နေတယ်။စစ်ကောင်စီဘက်ကထုံးစံအတိုင်းရဟတ်ယာဥ်တွေပါသုံးနေရတယ်ဆိုတော့အထိနာနေတယ်ဆိုပါတော့။ ထိုနယ်မြေမှာပဲရှေ့တန်းကပြန်လာတဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေကိုဒေသခံပြည်သူတွေကသပြေပန်းတွေနဲ့သောင်းသောင်းဖျဖျကြိုဆိုနေကြတဲ့ပုံတွေတက်လာတယ်။အဲ့ဒီပုံတွေတွေ့တော့ဟိုးအရင်ငယ်စဉ်တုန်းကတီဗီမှာမကြာခဏပါလာတတ်တဲ့တပ်မတော်သားတွေကိုပြည်သူကကြိုဆိုကြတဲ့ပုံရိပ်တွေကိုပြန်သတိရမိတယ်။အခုတော့ပြောင်းပြန်တွေဖြစ်ကုန်ပြီ။မြန်မာ့တပ်မတော်ဆိုတဲ့အဖွဲ့အစည်းကြီးတစ်ခုလုံးဟာအကြမ်းဖက်သူပုန်တွေဖြစ်ကုန်ကြပြီ။တစ်နိုင်ငံသူတို့ကိုလက်မခံပဲတော်လှန်ပုန်ကန်နေကြပြီ။
Read moreDetailsမနေ့ကရန်ကုန်မှာPDFတွေဖမ်းဆီးခံရတာနဲ့မရှေးမနှောင်းပဲNLDလွှတ်တော်အမတ်ကိုဖြိုးဇေယျာသော်အဖမ်းခံလိုက်ရတယ်။ပီးခဲ့တဲ့လကကိုဂျင်မီအဖမ်းခံရပြီးနောက်ဒုတိယမြောက်ခေါင်းဆောင်ပိုင်းကတစ်ယောက်ဖမ်းဆီးခံရတာပဲ။သူတို့နှစ်ယောက်စလုံးဟာရန်ကုန်မြို့ပြပျောက်ကျားတိုက်ပွဲတွေအတွက်အနီးကပ်တာဝန်ယူနေတယ်လို့ယူဆရတယ်။တော်လှန်ရေးအတွက်တော့ကြီးမားတဲ့ဆုံးရှုံးမှုပဲ။ ဒီရက်ပိုင်းမှာPDFတွေအတွက်စိတ်မကောင်းစရာသတင်းတွေဆက်နေတယ်။ရန်ကုန်မှာတော်လှန်ရေးအတွက်စိတ်ဓာတ်ကျစရာတွေဆက်တိုက်ဖြစ်နေပေမယ့်ရန်ကုန်သူရန်ကုန်သားတွေကတော့ပျော်ပျော်ပါးပါးတန်ဆောင်တိုင်ပန့်သကူကောက်လို့ကောင်းနေတုန်းပဲ။အသက်တွေ၊ဘဝတွေရင်းပြီးတကယ်လုပ်နေတဲ့သူတွေကိုအားနာဖို့ကောင်းတယ်။ဒီပုံတိုင်းဆိုရန်ကုန်အပါအဝင်တချို့မြို့ကြီးတွေဟာစစ်ကောင်စီရဲ့အလုံးစုံထိန်းချုပ်မှုအောက်ကိုရောက်သွားလိမ့်မယ်။
Read moreDetailsရန်ကုန်မှာPDFလေးဆယ်ကျော်ခန့်ဖမ်းမိကြောင်းစစ်ကောင်စီကသတင်းထုတ်ပြန်တယ်။တကယ်လဲ PDFနှစ်ဆယ်ကျော်ပါသွားတယ်လို့သိရတယ်။သူတို့ထဲမှာမှဗားကရာ၊သန်လျင်တံတား၊ထန်းတပင်ပစ်ခတ်မှာတွေမှာပါဝင်ခဲ့သူတွေပါသွားတယ်လို့သတင်းတွေထွက်နေပေမယ့်အတည်ပြုလို့တော့မရသေးပါဘူး။ ဖမ်းဆီးခံရမှုတွေဟာအရင်ဖမ်းမိထားသူတွေရဲ့အချိတ်အဆက်တွေ၊ဒါမှမဟုတ်လမ်းမကြီးတွေပေါ်ကCCTVတွေကြောင့်ပဲ။ရန်ကုန်မန္တလေးလိုမြို့ကြီးတွေမှာUGလုပ်ရတာလွယ်ကူမနေပါဘူး။နေရထိုင်ရလှုပ်ရှားရတာအခက်အခဲတွေအများကြီးရှိတယ်။Missionတစ်ခုအောင်မြင်ဖို့ရင်းနှီးရတာအရမ်းများလွန်းတယ်။အခုလိုအရေအတွက်များများပါသွားတဲ့အတွက်မြို့ပြပျောက်ကြားတော်လှန်ရေးကိုအားလျော့စေတာတော့အမှန်ပဲ။
Read moreDetailsကလေးမြို့ကPDFစခန်းတစ်ခုစစ်သူပုန်တွေဝင်စီးတာခံလိုက်ရတယ်။တိုက်ခိုက်ခံရချိန်စခန်းမှာဆေးတပ်သားမိန်းကလေးများသာရှိနေပြီးကျန်တဲ့တပ်သားတွေရှေ့တန်းထွက်နေကြတယ်။အဲ့ဒါကြောင့်မိန်းကလေးရှစ်ဦးအဖမ်းခံလိုက်ပြီးကျန်ခဲ့တဲ့ရဲဘော်ယောကျ်ားလေးနှစ်ဦးကတော့အသတ်ခံလိုက်ရတယ်။ ကယားမှာလဲPDF၁၀ဦးခန့်သာကင်းပုန်းဝတ်နေတဲ့နေရာကိုစစ်သူပုန်တစ်ရာခန့်ကဝင်စီးလို့အကျအဆုံးတွေရှိခဲ့တယ်။ကျဆုံး၊ဖမ်းဆီးခံရတဲ့လူငယ်လေးတွေဟာတက္ကသိုလ်ကျောင်းသားအရွယ်လေးတွေပါ။တချို့တွေဆိုကျောင်းတက်လက်စပဲရှိသေးတယ်။မင်းအောင်လှိုင်အာဏာရူးလို့တိုင်းပြည်ရဲ့အနာဂတ်လေးတွေကြွေလွှင့်နေပြီ။
Read moreDetailsအမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီရဲ့ပထမဆုံးသတင်းစာရှင်းလင်းပွဲကိုဒီနေ့ကျင်းပတယ်။ NUCCဆိုတာNUGကိုမွေးဖွားပေးလိုက်တဲ့နေရာပဲ။CRPH၊EAO၊တိုင်းရင်းသားခေါင်းဆောင်တွေ၊သပိတ်အဖွဲ့တွေ စသဖြင့်စုပေါင်းဖွဲ့စည်းထားတဲ့အမြင့်ဆုံးအဖွဲ့အစည်းတစ်ခုပဲ။သူ့ရဲ့အဓိကရည်ရွယ်ချက် ဖြစ်တဲ့ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တစ်ရပ်စစ်မှန်စွာပေါ်ထွန်းလာဖို့လုပ်ဆောင်နေတယ်။ အခုသတင်းစာရှင်းလင်းပွဲမှာတော့ရှေ့ဆက်သွားမယ့်လုပ်ငန်းစဉ်တချို့ကိုတင်ပြသွားတယ်။နောက်လထဲမှာပြည်သူ့ညီလာခံကြီးတစ်ခုလုပ်မယ်ပြောတယ်။ဘယ်လိုပုံစံနဲ့လုပ်မလဲတော့မသိသေးဘူး။NUCC အောင်မြင်လာတာနဲ့အမျှနိုင်ငံရဲ့အနာဂတ်ဟာပိုမိုအာမခံချက်ရှိမှာပဲ။
Read moreDetailsအသက် ၃၁ နှစ်အရွယ် တပ်ကြပ် သူရဇွဲမာန်။ ၂၀၁၉ ဧပြီလက ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေချိန် မီတာ ၃၀၀ ခန့် အကွာတွင် မိမိဘက်မှ ကျည်ထိထားသူတစ်ဦး အသက်ရှင်လျက်ရှိသည်ကို ဒုတပ်ကြပ်ဇွဲမာန်က စနိုက်ပါမှန်ပြောင်းမှတစ်ဆင့် လှမ်းမြင်နေရသည်။ သူ၏ အဓိကတာဝန်မှာ အဝေးမှ ရန်သူကို...
Read moreDetailsဧရာဝတီတိုင်းမှာချောင်းသာကမ်းခြေကနေပုသိမ်ကိုပြန်လာတဲ့စစ်ကောင်စီခန့်ဝန်ကြီးယာဉ်တန်းအလစ်ဝင်ရောက်တိုက်ခိုက်ခံလိုက်ရတယ်။လုံခြုံရေးလိုက်ပါလာတဲ့စစ်သားဆယ်ဦးခန့်သေဆုံးသွားပြီးဝန်ကြီးရဲ့အခြေအနေကိုတော့မသိရှိရသေးဘူး။ပုသိမ်ကလိုက်လာတဲ့စစ်ကူတပ်တွေကတော့တိုက်ခိုက်ခံရတဲ့နေရာတဝိုက်ကိုတောနင်းပြီးရှာဖွေနေကြတယ်။PDFတွေကတော့လျင်မြန်သွက်လက်စွာနဲ့တပ်ဖျောက်သွားကြပြီ။ ပြီးခဲ့တဲ့လကလဲစစ်ကိုင်းတိုင်းကPDFတွေကိုသုံးလအတွင်းအပြတ်ရှင်းမယ်လို့ကြွေးကြော်နေတဲ့စစ်ဗိုလ်ချုပ်သန်းလှိုင်ရဲ့ယာဥ်တန်းတိုက်ခိုက်ခံရသေးတယ်။ဗိုလ်သန်းလှိုင်လဲအဲ့ဒီနောက်ပိုင်းအသံတိတ်သွားတော့တာပဲ။ အခုဆိုရင်စစ်ကောင်စီရဲ့ထိပ်ပိုင်းပုဂ္ဂိုလ်တွေကိုယ်တိုင်တိုက်ခိုက်ခံနေရပြီ။စစ်ခေါင်းဆောင်မင်းအောင်လှိုင်တောင်မှပဲသွားမယ့်လမ်းကြောင်းတွေကိုအချိန်ကပ်မှထုတ်ပြန်တယ်လို့ကြားရတယ်။တပ်တွင်းဖရဲသီးတွေကြောင့်သတင်းပေါက်ကြားမှုကလဲဆက်တိုက်ဆိုသလိုပဲ။သူတို့ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့လုံခြုံရေးတောင်စိုးရိမ်စရာဖြစ်လာပြီ။
Read moreDetailsရန်ကုန်၊မုံရွာ၊မိထ္တီလာ၊ထားဝယ်စတဲ့မြို့တွေနဲ့နိုင်ငံတဝန်းကတချို့မြို့ကြီးတွေမှာဆိုင်ကယ်စီးရင်ယောကျ်ားလေးနှစ်ယောက်မစီးရဆိုတဲ့ကြောင်တောင်တောင်အမိန့်ကိုစစ်ကောင်စီကထုတ်ပြန်လိုက်တယ်။မြို့ပေါ်ကသူတို့ကင်းစခန်းတွေကိုဆိုင်ကယ်နဲ့အလစ်ဝင်ရောက်တိုက်ခိုက်သွားတတ်လို့အကြောက်လွန်နေတာဖြစ်မယ်။အမိန့်ကိုမလိုက်နာရင်အမေးမြန်းမရှိပစ်ခတ်မယ်ဆိုတာပါသေးတယ်။ ရန်ကုန်မှာဆိုအရင်ထဲကဆင်ခြေဖုံးမြို့နယ်တွေမှာနားလည်မှုနဲ့သွားလာနေတဲ့ဆိုင်ကယ်တွေကိုတောက်လျောက်ဖမ်းနေတာပါ။ဆိုင်ကယ်သမားတွေလဲကျီးလန့်စာစားသွားနေရတာ။ထိုကြောင်တောင်တောင်အမိန့်ဟာစားစရာမရှိလို့ဆိုင်ကယ်ကယ်ရီဆွဲနေရတဲ့လူတန်းစားတွေကိုအဓိကထိခိုက်စေလိမ့်မယ်။ စစ်သူပုန်တွေဟာသေနတ်ကြီးတကားကားနဲ့ပြည်သူတွေကြားဘယ်ကပေါ်လာမှန်းမသိတဲ့ရန်သူကိုဒူးတုန်အောင်ကြောက်နေရပြီ။သူတို့ဘာအမိန့်ပဲထုတ်ထုတတ်တိုက်ခိုက်မှုတွေကလျော့ကျသွားမှာမဟုတ်ဘူး။
Read moreDetailsဒီနေ့မှာလဲဂျပန်ကနိပွန်အသင်းဥက္ကဌရောက်လာတယ်။သူကတော့ရခိုင်ပြည်နယ်မှာဆက်လက်အပစ်ရပ်ရေးအတွက်လာတာလို့ပြောတယ်။ရှင်းရှင်းပြောရရင်ဂျပန်ကိုယ်စားလှယ်ကိုမကြိုဆိုချင်ဘူး။ ဒီအချိန်မှာစစ်တပ်ကိုတွန်းလှန်နေတဲ့ဘယ်အဖွဲ့နဲ့ပဲဖြစ်ဖြစ်အပစ်ရပ်နေတာထပ်ပစ်နေတာပိုကောင်းတယ်။ ထိုင်းဒုတိယဝန်ကြီးချုပ်လဲရောက်နေတယ်ကြားတယ်။လာရင်းကိစ္စကတော့ခုထိမသိရသေးဘူး။ထိုင်းဟာစစ်ကောင်စီဖက်ကဆိုတော့ကောင်းသောလာခြင်းဖြစ်နိုင်ချေနည်းတယ်။ ဒီရက်ပိုင်းလေးအတွင်းမှာပဲရောက်လာတဲ့နိုင်ငံတကာကိုယ်စားလှယ်တွေရဲ့ရည်ရွယ်ချက်အမှန်တွေကိုသိပ်မကြာခင်ကာလတွေမှာမြင်တွေ့ရဖို့ရှိမယ်။မြန်မာ့အရေးဟာကိုးလကြာနေပေမယ့်ကမ္ဘာကိုလှုပ်ခတ်စေနိုင်တုန်းပဲ။
Read moreDetailsYou can copy without credits to our site. We Need Freedom.