LATEST STORIES

နိုဝင်ဘာ ၁၂၊ ၂၀၂၁။ (သောကြာ)

ဒီရက်ပိုင်းနိုင်ငံကြီးတွေကကိုယ်စားလှယ်တွေမြန်မာပြည်ကိုရောက်လာနေကြတယ်။ ပထမဆုံးရောက်လာတာကအမေရိကန်သံတမန်ဟောင်းတစ်ယောက်ပဲ။မင်းအောင်လှိုင်နဲ့တွေ့ဆုံပြီးဖမ်းဆီးခံထားရတဲ့သူ့နိုင်ငံသားတွေကိုလွှတ်ပေးဖို့ဆွေးနွေးသွားတယ်လို့သတင်းထုတ်ပြန်တယ်။ နောက်တစ်ယောက်ကကတော့တရုတ်ဒုနိုင်ငံခြားရေးဝန်ကြီးဆွန်ကော့ရှန်ပဲ။သူကသြဂုတ်လတုန်းကတစ်ခေါက်လာပြီးစစ်ကောင်စီကိုနားချဖူးတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့လဲတွေ့ခွင့်တောင်းရာမှာတွေ့ခွင့်မရလို့ခရီးစဉ်အောင်မမြင်ပဲပြန်သွားရတယ်။အခုလဲနောက်တစ်ခေါက်ရောက်လာပြန်ပြီ။ဘာလာလုပ်မှန်းတော့မသိသေးဘူး။အမေရိကန်နဲ့တရုတ်ကိုယ်စားလှယ်တွေလာရောက်မှုဟာဒီလထဲမှာကျင်းပမယ့်အမေရိကန်-တရုတ်ထိပ်သီးအစည်းအဝေးပွဲနဲ့ဆက်စပ်နေလိမ့်မယ်။နောက်ပြီးဒီလထဲမှာပဲအာဆီယံ-တရုတ်အစည်းအဝေးမှာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုတက်ခွင့်ပေးမပေးအဆုံးအဖြတ်ပေးနိုင်တယ်။အာဆီယံ-အီးယူအစည်းအဝေးကိုတော့စစ်ခေါင်းဆောင်ကိုတက်ခွင့်မပေးဘူးပြောထားတယ်။

Read moreDetails

နိုဝင်ဘာ ၁၁၊ ၂၀၂၁။ (ကြာသပတေး)

NUGကနွေဦးထီကိုပုံမှန်ပြန်ရောင်းနေပြီ။ရောင်းရငွေရဲ့၇၅%ကိုCDMတွေကိုထောက်ပံမယ်လို့ပြောထားတယ်။ဒါပေမယ့်လဲအရင်ကလောက်လူတွေသည်းသည်းလှုပ်မဝယ်ကြသလိုပဲ။ပထမအကြိမ်တုန်းကအခက်အခဲတွေ၊ပြသာနာတွေကိုဖြေရှင်းပေးထားတယ်လို့တော့ပြောတယ်။စစ်ကောင်စီကဘဏ်အကောင့်တွေကိုမထင်ရင်မထင်သလိုလိုက်ပိတ်နေတော့တော်လှန်ရေးအတွက်ငွေလှူဖို့ပိုမိုခက်ခဲလာတယ်။ စစ်ကောင်စီဘက်ကလုံးဝလိုက်လို့မရတဲ့Click to Donate Team ကတော့တော်တော်အောင်မြင်နေပြီ။Clickတွေကတဆင့်အခုဆိုရင်တစ်နေ့သိန်းတစ်ရာခန့်ရနေပြီ။သူကရတဲ့ငွေတွေကLocal PDFတွေကိုပဲသီးသန့်သွားတာပါ။ဒါပေမယ့်လဲတစ်လသိန်းသုံးထောင်ဆိုတာလုံလောက်တဲ့ပမာဏတော့မဟုတ်ဘူး။ဒါကြောင့်တော်လှန်ရေးကာလကြာလေလေ ပြည်သူတွေဖက်ကပမ်းလာလေလေဖြစ်လာနိုင်တယ်။

Read moreDetails

ဖြုံဘူးရွာရှိ လူနေအိမ် ၁၀ အိမ်ခန့်က အိမ်တွင်းပစ္စည်းများကို စစ်ကောင်စီတပ် ဖျက်ဆီး

  မကွေးတိုင်း၊ ရေစကြိုမြို့နယ် ၊ ရေလယ်ကျွန်းဒေသရှိ ဖြုံဘူးကျေးရွာသို့ ယမန်နေ့ နို၀င်ဘာလ ၂၀ ရက်နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး လူနေအိမ် ၁၀ အိမ်ခန့်ရှိ အတွင်းပစ္စည်းများကို ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။...

Read moreDetails

ဦးခေါင်းကို ချိန်ရွယ်ပစ်ခတ်ခံရသည့် မြန်မာပြည်သူလူထု

မတ်လ ၃ ရက်နေ့တွင် မုံရွာမြို့မှ ရဲတပ်ဖွဲ့ဝင်များက ကျည်ထိ အမျိုးသားတစ်ဦးကို တရွတ်တိုက်ဆွဲသွားရာ လမ်းပေါ်တွင် သွေးစီးကြောင်း စွန်းထင်းသွားသည့် အွန်လိုင်းရုပ်သံဖိုင်ကို ကြည့်မိသူများ ကြောက်လန့်တုန်လှုပ်၊ ဒေါသဖြစ်ခဲ့ရသည်။ ထိုသူမှာ မုံရွာ ဆန္ဒပြလူအုပ်အတွင်း ကျည်ထိသူများထဲမှ တစ်ဦးဖြစ်သော၊ ဦးခေါင်းကျည်သင့်သေဆုံးသွားသော ၃၉ နှစ်အရွယ် ကဗျာဆရာ...

Read moreDetails

PDF အမျိုးသမီးတစ်ဦးကို ရဲနှင့် ပျူစောထီး ရက်ရက်စက်စက် သတ်ဖြတ်မှု

ရဲနှင့် ပျူစောထီးအဖွဲ့ဝင်များ ပေါက်မြို့နယ် တောင်ဘက်ကျေးရွာ အပြင်ဘက်တွင် သတ်ဖြတ်ခဲ့သည့် အမျိုးသမီး၏ ရုပ်အလောင်း (ဓာတ်ပုံ - PDF) (ဤဆောင်းပါးတွင် စိတ်မချမ်းမြေ့ဖွယ် အကြောင်းအရာများ ပါဝင်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်) စက်တင်ဘာ ၁၄ သန်းခေါင်ယံတွင် မကွေးတိုင်း၊...

Read moreDetails

“မပြီးသေးဘူး … ငါတို့အလှည့် ကျန်သေးတယ်”

ဖက်ဆစ်အင်အားက တစ်နိုင်ငံလုံးမှာ ၅သိန်းကျော်ရှိတယ်လို့ အလိုတော်ရိတွေက အမြဲလိုလိုပြောလေ့ရှိတယ်။ သူတို့က ဟိုအ‌ရေးဒီအရေးကျွမ်းကျင်သူဆိုတဲ့ ဆိုင်းဘုတ်တွေချိတ်ပြီး ဖက်ဆစ်အတွက် ဈေးပန်း ဖွင့်ပေးတတ်ကြတယ်။ သူတို့ရဲ့ အဓိကရည်ရွယ်ချက်က ငါတို့မှာ သာလွန်အင်အားရှိတယ်၊ ဘယ်တော့မှ လာမယှဉ်နဲ့လို့ ပြောချင်တာပါပဲ။ ဒါ့ကြောင့် ဒီလူတွေရဲ့...

Read moreDetails

နိုဝင်ဘာ ၁၀၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာနိင်ငံအတွင်းအကြမ်းဖက်မှုတွေပိုဆိုးလာတယ်ဆိုပြီးမြန်မာ့အရေးတံခါးပိတ်ဆွေးနွေးပြန်တယ်။ပြီးတော့အလွန်အမင်းစိုးရိမ်စောင့်ကြည့်နေပါတယ်ဆိုပြီးထူးမခြားနားကြေငြာချက်တစ်စောင်ထွက်လာတယ်။အဲ့ဒါများအလကားအချိန်ကုန်ခံပြီးကြီးကြီးကျယ်ကျယ်တံခါးပိတ်အစည်းအဝေးလုပ်နေသေးတယ်။သူလဲအာဆီယံလိုဘာမှသုံးစားမရတဲ့အဖွဲ့အစည်းပဲ။ နိုင်ငံတွင်းမှာစစ်ကောင်စီကြောင့်နေ့စဉ်နဲ့အမျှပြည်သူတွေသတ်ဖြတ်ခံနေရတယ်။မြို့တွေရွာတွေမီးရှို့ခံနေရတယ်။စစ်ဘေးရှောင်တွေတနေ့တခြားပိုမိုတိုးပွားလာနေပြီ။ဒါလဲနိုင်ငံတကာကဘာမှအရေးယူမှုမရှိဘူး။အစိုးရိမ်ကောင်းနေတုန်းပဲ။နိုင်ငံတကာကဘာမှမလုပ်ပေးနိုင်မှန်းသိနေတော့စစ်ကောင်စီဟာပိုမိုရမ်းကားလာတာမျက်မြင်ကိုယ့်တွေပဲ။နောက်ဆုံးတော့ကိုယ့်အားကိုယ်ကိုးပြီးတိုက်ပွဲဝင်နေရကြတယ်။ကမ္ဘာကြီးမှာတရားမျှတမှုဆိုတာပျောက်ဆုံးနေပြီ။

Read moreDetails

နိုဝင်ဘာ ၀၉၊ ၂၀၂၁။ (အင်္ဂါ)

နိုင်ငံတဝန်းမြို့ကြီးတွေမှာပျောက်ကျားတိုက်ခိုက်ခံမှုတွေပိုအရှိန်မြင့်လာသလိုအကြိမ်ရေလဲပိုစိပ်လာပြီ။အရင်ကဆိုစစ်တပ်ရဲ့မြို့ပေါ်တွေကယာယီကင်းစခန်းတွေလောက်ကိုသာတိုက်ခိုက်ခံရပေမယ့်အခုဆိုရင်တပ်ရင်းဌာနချုပ်တွေအထိပျောက်ကျားတိုက်ခိုက်ခံနေရပြီ။ ရန်ကုန်မှာဆိုမင်္ဂလာဒုံလေတပ်စခန်းအဝင်ပေါက်နဲ့အုပ်ချုပ်ရေးမှုးရုံးစသဖြင့်ပါဝင်လာသလိုမုံရွာမှာလဲစစ်တပ်ကတပ်ဆွဲထားတဲ့ဆည်မြောင်းရုံးကိုမြို့ပြပျောက်ကျားအဖွဲ့တွေအလစ်ဝင်တိုက်လို့စစ်သူပုန်ခြောက်ဦးခန့်သေဆုံးသွားတယ်။မုံရွာမြို့ပေါ်ကအမှတ်၁နဲ့၂ရဲစခန်းတွေကတော့အရင်ကတည်းကမကြာကြာလက်တည့်စမ်းခံနေရတယ်။စစ်ကောင်စီတပ်သားတွေအနေနဲ့တပ်ထဲနေတာတောင်မလုံခြုံတော့တဲ့ဘဝရောက်လာတော့မယ်။

Read moreDetails

နိုဝင်ဘာ ၀၈၊ ၂၀၂၁။ (တနင်္လာ)

ဒီနေ့ဟာပါတီစုံဒီမိုကရေစီအထွေထွေရွှေးကောက်ပွဲကြီးတနှစ်တိတိပြည့်တဲ့နေ့ဖြစ်တယ်။မနှစ်ကဒီလိုနေ့မျိုးမှာတနိုင်ငံလုံးကပြည်သူတွေဟာကိုဗစ်ရောဂါတွေကြားမဲရုံတွေကိုအရောက်သွားပြီးဒီမိုကရေစီစနစ်ဆက်လက်ရှင်သန်ရေးအတွက်ကိုယ်ကြိုက်တဲ့အစိုးရကိုမဲပေးရွှေးချယ်ခဲ့ကြတယ်။လွတ်လပ်ပြီးတရားမျှတတဲ့ရွှေးကောက်ပွဲတစ်ခုဖြစ်ခဲ့ပြီးဒေါ်အောင်ဆန်းစုကြည်ဦး‌ဆောင်တဲ့NLDအစိုးရကိုပဲဆက်လက်ရွှေးချယ်ခဲ့ကြတယ်။ အခုတော့ဒါတွေအားလုံးသဲထဲရေသွန်ဖြစ်သွားခဲ့ပြီ။အာဏာရူးနေတဲ့မင်းအောင်လှိုင်ဟာပြည်သူ့ဆန္ဒကိုမျက်ကွယ်ပြုပြီးအာဏာသိမ်းခဲ့တယ်။နိုင်ငံရဲ့အခြေအနေဟာလဲမနှစ်ကဒီလိုအချိန်နဲ့နှိုင်းယှဉ်ရင်အရာအားလုံးထိုးစိုက်ဆင်းသွားပြီ။အာဏာရူးတယောက်ကြောင့်သန်းငါးဆယ်ကျော်သောပြည်သူတွေဒုက္ခပေါင်းစုံခံစားနေရတယ်။ပြန်လည်လွတ်မြောက်ရေးအတွက်အရင်းအနှီးများစွာပေးဆပ်ပြီးတိုက်ပွဲဝင်နေရပြီ။ အရင်လိုအချိန်တွေအမြန်ပြန်လိုချင်နေပြီ။

Read moreDetails

နိုဝင်ဘာ ၀၇၊ ၂၀၂၁။ (တနင်္ဂနွေ)

စစ်တပ်ဟာချင်းပြည်နယ်မှာထိုးစစ်ဆင်ရင်းတပြိုင်နက်စစ်ကိုင်းတိုင်းအထက်ပိုင်းမှာစစ်ကြောင်းတွေထိုးနေတယ်။အလောင်းမင်းတရားစစ်ဆင်ရေးလို့အမည်တပ်ပြီးကောလင်း၊ထီးချိုင့်၊ကသာစတဲ့နယ်မြေတွေကိုရဟတ်ယာဉ်တွေသုံးပြီးအင်အားဖြည့်နေတယ်။ဒီရက်ပိုင်းမှာပဲဒေသခံကာကွယ်ရေးတပ်တွေနဲ့အပြင်းအထန်တိုက်ပွဲတွေဖြစ်ပွားလာတယ်။စစ်တပ်ဟာအကျအဆုံးများတဲ့အတွက်မနေ့ကဆိုရဟတ်ယာဉ်တွေသုံးပြီးလေကြောင်းပစ်ကူပါပေးနေရတယ်။ ထိုနယ်မြေတွေကPDFတွေဟာအရင်ကတည်းကလက်သံပြောင်ကြတယ်။KIAနယ်မြေနဲ့နီးတော့အကူအညီတွေရတာလဲပါမှာပေါ့။တိုက်ပွဲတစ်ခါဖြစ်ရင်စစ်သူပုန်တွေအနည်းဆုံးသုံးဆယ်၊လေးဆယ်အကျအဆုံးရှိတယ်။ခုရက်ပိုင်းတိုက်ပွဲတွေမှာတင်တရားဝင်စာရင်းတွေအရတစ်ရာကျော်သေဆုံးကုန်ပြီ။တိုက်ပွဲတွေကဆက်လက်ပြင်းထန်နေဦးမယ့်အခြေအနေမှာရှိတယ်။ဒေသခံပြည်သူတွေကတော့ထုံးစံအတိုင်းနေရပ်စွန့်ခွာပြေးနေရပြီ။ရွာတွေလဲစစ်သူပုန်တွေလက်ချက်နဲ့မီးရှို့ခံနေရပြီပေါ့။

Read moreDetails
Page 186 of 235 1 185 186 187 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist