LATEST STORIES

နိုဝင်ဘာ ၀၆၊ ၂၀၂၁။ (စနေ)

စစ်ကောင်စီရဲ့ဗဟိုဘဏ်ကသိန်း၂၀၀ ကျော်တဲ့ငွေပေးချေမှုတိုင်းကို Digital money နဲ့ပေးချေရမယ်လို့သတ်မှတ်လိုက်တယ်။သိန်းနှစ်ရာဆိုတဲ့ပမာဏကတကယ်လုပ်နေတဲ့စီးပွားရေးသမားတွေအတွက်ဘာမှရှိတာမဟုတ်ဘူး။ထိုသတ်မှတ်ချက်ကြောင့်အရောင်းအဝယ်တွေအတွက်ငွေပေးငွေယူခြင်းတွေမှာပြသာနာတွေတက်ကုန်တယ်။ ဗဟိုဘဏ်မှာငွေသားမရှိတော့တာပိုသိသာလာတယ်။လူတိုင်းဟာဘဏ်တွေကိုအယုံအကြည်မရှိတော့တဲ့အတွက်အွန်လိုင်းဘဏ်စနစ်ကိုလဲမသုံးတော့ပဲငွေသားကိုင်သုံးဖို့ပဲကြိုးစားလာကြတယ်။ဗဟိုဘဏ်ကလဲဆက်တိုက်တလွဲတွေပဲလုပ်နေတဲ့အတွက်စီးပွားရေးသမားတွေတောင်လုပ်ရကိုင်ရခက်ခဲလာပြီ။

Read moreDetails

စစ်ကြောင်းပိတ်ဆို့ခံနေရသည့် ဆောမြို့နယ်တွင် စစ်တပ်က ရဟတ်ယာဉ်ပါသုံးနေ

ဧရာဝတီတိုင်းအတွင်း ၂၀၁၈ခုနှစ်က ပြုလုပ်သည့် ဆင်ဖြူရှင်စစ်ရေးလေ့ကျင့်မှုတွင် စစ်ရဟတ်ယာဉ်တစ်စီးပါဝင်ဆင်နွှဲနေစဉ်။ (ဓာတ်ပုံ - စစ်ကောင်စီ) မကွေးတိုင်း၊ ‌ဆောမြို့နယ် တောမရွာ မြောက်ဘက် တစ်မိုင်ခန့် အကွာတွင် ယ‌နေ့(နိုဝင်ဘာ ၁၉) နံနက်မှစ၍ ချင်း၊ မကွေး ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF)...

Read moreDetails

ပေါ်တာဆွဲ နှိပ်စက်ခံရသည့် ချင်းလူငယ် ဒဏ်ရာများနှင့် ထွက်ပြေးလာ

ထွက်ပြေးလွတ်မြောက်လာသည့်လူငယ်ကို ယနေ့ နိုဝင်ဘာ ၁၇ မနက်က တွေ့ရစဉ်။ (ဓာတ်ပုံ- ဆော PDF) စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်ပြီး ပစ္စည်းများထမ်းပိုးခိုင်းခဲ့သည့် ချင်းတိုင်းရင်းသားလူငယ်တစ်ဦး ယနေ့ (နိုဝင်ဘာ ၁၇) မနက်တွင် ဒဏ်ရာများနှင့် ထွက်ပြေးလွတ်မြောက်လာကြောင်း မကွေးတိုင်း၊ ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF)...

Read moreDetails

ဇီးကွက်ပို့စ့်

ပြည်သူ့ခုခံစစ်စတင်တုန်းက ဖြစ်တန်ရာခြေ ၄ ခုတွက်ပြခဲ့တယ်။ ၁။ စစ်တပ်က အလုံးစုံထိန်းချုပ်နိုင်သွားတာ ၂။ ပြည်သူက အလုံးစုံထိန်းချုပ်နိုင်သွားတာ ၃။ စစ်ပွဲက ကြာရှည်ပြီး နောက်ဆုံးမှာစစ်ကောင်စီ(သို့) ပြည်သူ ကပဲ ထိန်းချုပ်သွားမှာ ၄။ စစ်ပွဲက အခိုက်အတန့်ကာလတစ်ခုအထိကြာပြီး...

Read moreDetails

နိုဝင်ဘာ ၀၅၊ ၂၀၂၁။ (သောကြာ)

စစ်တပ်ပိုင်ဆက်သွယ်ရေးအော်ပရေတာမိုင်တယ်ကCFOအရာရှိဟာသူ့အိမ်နားမှာလမ်းလျှောက်ထွက်နေတုန်းပစ်သတ်ခံလိုက်ရတယ်။တော်လှန်ရေးမှာပစ်မှတ်ထားခံရသူတွေဟာနောက်တဆင့်ပြောင်းလဲသွားပြီ။မိုင်တယ်အရာရှိဆိုရင်စစ်တပ်ရဲ့ထောက်တိုင်လုပ်ငန်းတွေထဲကအကြီးအကဲတစ်ယောက်ပဲ။ဦးပိုင်လိုတခြားလုပ်ငန်းကြီးတွေအများကြီးကျန်သေးတယ်။ထိုလုပ်ငန်းတွေကခေါင်းဆောင်ပိုင်းတွေကိုခြိမ်းခြောက်နိုင်ရင်စစ်တပ်အတွက်အခြေအနေမကောင်းဘူး။ မြောက်ဥက္ကလာမှာလဲဒလန်ဆရာမတစ်ယောက်လမ်းပေါ်မှာပဲအသတ်ခံရတယ်။ဆရာမဆိုပြီးတပည့်တွေကိုသတင်းပေးဖမ်းခိုင်းနေတာလို့ကြားတယ်။သူသေသွားခဲ့ရင်ဖမ်းရမယ့်လူစာရင်းကိုတောင်ပြုစုသွားသေးတယ်။အသက်နဲ့ရင်းပြီးတောင်စစ်တပ်ကိုအလုပ်အကျွေးပြုသွားကြတာ။ပညာတတ်ပြီးဦးနှောက်မရှိတဲ့လူစားမျိုးတွေပေါ့။    

Read moreDetails

နိုဝင်ဘာ ၀၄၊ ၂၀၂၁။ (ကြာသပတေး)

လက်နက်ကိုင်တော်လှန်ရေးကိုအစောဆုံးစတင်ခဲ့တဲ့ကလေးမြို့မှာမြို့ပြင်ကစစ်တပ်စခန်းတစ်ခုကို KALAY PDFကဝိုင်းဝန်းတိုက်ခိုက်လို့စစ်သူပုန်ငါးဆယ်ခန့်သေဆုံးသွားတယ်။ တိုက်ပွဲဟာသုံးနာရီကျော်ကြာမြင့်ခဲ့တယ်လို့ဆိုပါတယ်။ အရင်တုန်းကPDFတွေဆိုတာလက်နက်အင်အားချို့တဲ့လို့မိုင်းခွဲထွက်ပြေးတာလောက်ပဲလုပ်နိုင်ခဲ့တာပါ။အခုဆိုရင်ရင်ဆိုင်တိုက်ပွဲအဆင့်ထိတက်လှမ်းနိုင်နေပြီ။ချင်းပြည်နယ်နဲ့ကယားပြည်နယ်မှာလဲအလားတူပါပဲ။ဒါပေမယ့်သုံးနာရီကျော်တဲ့တိုက်ပွဲတစ်ခုအတွက်ကျည်ဆံကသိန်းတစ်ရာဖိုးလောက်သုံးလိုက်ရတယ်လို့ပြန်ကြားရတယ်။ စစ်စားရိတ်ဟာအရမ်းကြီးမားပါတယ်။ဒါကြောင့်တော်လှန်ရေးသမားတွေကိုလှူပါလို့တစာစာအောင်နေကြရတာ။NUGဟာလဲအခုဆိုရင်အခွန်တွေစကောက်နေပါပြီ။ငွေတိုက်စာချုပ်တွေကိုလဲဒီလထဲစရောင်းမယ်ပြောတယ်။ရေရှည်စစ်ပွဲတစ်ခုဆင်နွဲဖို့ဆိုတာငွေကြေးအင်အားတောင့်တင်းဖို့လိုပါတယ််။ အခုအချိန်ထိနိုင်ငံတကာကရှုံ့ချတောင်းဆိုယုံကလွှဲပြီးဘာမှမကူညီပေးတဲ့အတွက်ပြည်သူအားလုံးကဝိုင်းဝန်းကူညီမှတော်လှန်ရေးကမြန်မြန်ပြီးမှာပါ။

Read moreDetails

နိုဝင်ဘာ ၀၃၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

ပြီးခဲ့တဲ့အောက်တိုဘာလတစ်လလုံးမှာပြည်သူတွေရဲ့ခုခံစစ်တိုက်ပွဲတွေကြောင့်စစ်ကောင်စီတပ်သား၁၈၀၀ကျော်သေဆုံးခဲ့တယ်။ဒါဟာအာဏာသိမ်းပြီးနောက်ပိုင်းတစ်လအတွင်းမှာအကျအဆုံးအများဆုံးအရေအတွက်ပဲ။NUGကခုခံစစ်ကြေငြာတဲ့စက်တင်ဘာလမှာစစ်ကောင်စီဘက်တော်သား၁၀၀၀ကျော်သေဆုံးခဲ့ပြီးဒီလမှာတော့နှစ်ဆနီးပါးတက်လာတဲ့သဘောပဲ။ တနိုင်ငံလုံးမှာတိုက်ပွဲတွေဟာအရှိန်အဟုန်ပိုကောင်းလာနေပြီ။တူမီးတွေနဲ့စခဲ့တဲ့ချင်းပြည်နယ်နဲ့ကယားပြည်နယ်တွေမှာဆိုရင်ရိုင်ဖယ်တွေကိုင်နိုင်နေကြပြီ။တခြားLocalPDFတွေရဲ့လှုပ်ရှားမှုတွေဟာလဲတောရောမြို့မှာပါခပ်စိတ်စိတ်ဖြစ်ပေါ်လာနေတယ်။ဒါပေမယ့်လဲနောက်ဆုံးပန်းတိုင်ကိုရောက်ဖို့ကတော့အတော်အလှမ်းဝေးနေပါသေးတယ်။ဘာပဲဖြစ်ဖြစ်နောက်လတွေမှာစစ်သူပုန်တွေမြေသြဇာဖြစ်နှုန်းဟာဒီထက်ပိုများလာဖို့ပဲရှိမယ်။

Read moreDetails

နိုဝင်ဘာ ၀၂၊ ၂၀၂၁။ (အင်္ဂါ)

စစ်ကောင်စီဟာဒီလကစပြီးကျောင်းတွေပြန်ဖွင့်ဖို့ကြိုးစားနေတယ်။မနေ့ကအခြေခံပညာကျောင်းတော်တော်များများဖွင့်ခိုင်းထားပြီးအဆင့်မြင့်ပညာပိုင်းမှာတော့အဝေးသင်တက္ကသိုလ်တွေကျောင်းအပ်လက်ခံတယ်။ဒါပေမယ့်လဲမနေ့ကစာရင်းတွေအရတပြည်လုံးမှာရှိတဲ့ကျောင်းသားဦးရေရဲ့တစ်ဆယ်ရာခိုင်နှုန်းခန့်သာစာသင်ခန်းထဲရောက်လာကြတယ်။ ဒီကာလကြီးမှာဘယ်မိဘမှကိုယ့်ကလေးကိုကျောင်းတက်ခိုင်းမှာမဟုတ်ဘူး။ပိုဆိုးတာကကျောင်းတွေရှေ့မှာအခုဆိုရင်စစ်ကောင်စီတပ်သားတွေလုံခြုံရေးယူနေကြတာတွေ့ရတယ်။သူတို့လုံခြုံရေးယူတဲ့နေရာတိုင်းမှာမလုံခြုံသလိုခံစားနေရတာအားလုံးအသိပဲလေ။သူတို့ကြောင့်ကျောင်းတွေရှေ့မှာပေါက်ကွဲမှုတွေဖြစ်လာရင်PDFတွေလုပ်တာပါဆိုပြီးလွှဲချဦးမှာပဲ။ကြားထဲကကလေးတွေကဓားစာခံဖြစ်သွားနိုင်တယ်။ဒီပုံအတိုင်းဆိုကလေးတွေလဲကျောင်းတစ်နှစ်ထပ်အောက်ဦးမယ့်အခြေအနေပဲ။

Read moreDetails

နိုဝင်ဘာ ၀၁၊ ၂၀၂၁။ (တနင်္လာ)

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာစစ်အာဏာသိမ်းကိုးလပြည့်မိန့်ခွန်းဆိုပြီးဒီနေ့အသံလွှင့်တယ်။ပြည်သူတွေကိုအစားလျော့စားဖို့ပြောသွားသေးတယ်။ဘယ်လိုဦးနှောက်တွေနဲ့တိုင်းပြည်ကိုအုပ်ချုပ်မလဲမသိဘူး။ကိုးလပြည့်တဲ့အချိန်ထိသက်ဆိုးရှည်နေတာကိုလဲအံသြမဆုံးဘူး။တကယ်တမ်းပြည်သူတွေကအလျော့မပေးပေမယ့်နောက်ဆုတ်စရာလမ်းမရှိတော့တဲ့စစ်ခေါင်းဆောင်အတွက်ကတော့နောက်ဆုံးအချိန်ထိပေကပ်ပြီးနေသွားဦးမှာပဲ။အဲ့ဒီနောက်ဆုံးအချိန်ဆိုတာဘယ်တော့ရောက်လာမှာလဲဆိုတာကိုလဲဘယ်သူမှမပြောနိုင်ကြဘူး။ဒီလိုနဲ့ပဲတဝဲလည်လည်နဲ့ပြည်သူတွေလဲလုံးပါးပါးတော့မယ်။

Read moreDetails

NUG ဟာ ဘာကြောင့် PDF တွေကို လက်နက် မတပ်ဆင်ပေးနိုင်သေးတာလဲ

ပြင်ပသုံးသပ်သူတယောက်အနေနဲ့ ဖြစ်နိုင်ခြေကို ဝေဖန်ပါမယ်။ NUG ဟာ မူလက EAO တွေ စုပေါင်းပြီး ဖက်ဒရယ်တပ်မတော်တည်ထောင်မယ်။ PDF ထူထောင်ဖို့ စိတ်ကူးမရှိဘူး။ EAO တွေ ညီညွှတ်ရင် စစ်ဟိန်းသံပေးတာနဲ့ စကစ ဒူးထောက်သွားမယ်။ သီအိုရီက...

Read moreDetails
Page 187 of 235 1 186 187 188 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist