Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

နှလုံးသား ထဲက ဘွန်း

November 27, 2021
in သုံးသပ်ချက်များ
Reading Time:1 min read
Share on FacebookShare on Twitter

NUG ငွေတိုက်စာချုပ်များ သည် စတင် ရောင်းချသည့် နေ့မှာပင် အမေရိကန် ဒေါ်လာ ၆.၃ သန်း (စင်္ကာပူ ဒေါ်လာ ၈.၆ သန်း) ရရှိခဲ့ပြီ ဖြစ်သည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ အဖွဲ့မှ ကြေညာခဲ့သည်။ လောလောဆယ်တွင် ပြည်ပရှိ မြန်မာ နိုင်ငံသားများ ထံမှ လွတ်လပ်သော ဘဏ်လုပ်ငန်း စနစ်ကို အသုံးချ၍ ဝယ်ယူ နိုင်ခဲ့ကြခြင်း ကြောင့်လည်း ဖြစ်သည်။

စတင်ရောင်းချသည့် အချိန်တွင် ဒေါ်လာ ၃ သန်း ရောင်းချနိုင်ခဲ့ပြီး တနင်္လာနေ့ ည သန်းကောင် တွင် စုစုပေါင်း ရောင်းရငွေ ဒေါ်လာ ၆.၃ သန်း ရရှိခဲ့ခြင်း ဖြစ်သည်ဟု စင်္ကာပူရှိ ချန်နယ် အေးရှ သတင်း တွင် ဖေါ်ပြထား၏။ဤသည်ကပင် ဖက်ဆစ် စစ်တပ်ကို အမြစ်ဖြုတ် နိုင်ရေး အတွက် ပြည်သူ တရပ်လုံးက မည်မျှ အထိစိတ်အားထက်သန်နေကြောင်း ပြဆိုလိုက်ခြင်းဖြစ်သည်ဟု ဒေါက်တာဆာဆာမှ သူ၏ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသားလာခဲ့သည်။

NUGသည်ထီများ ရောင်းချခြင်း၊ မိမိသဘောဆန္ဒအလျှောက်ဝန်ဆောင်မှုပေးလာသော အခွန်ငွေများဖြင့် ရံပုံငွေများ ရရှိလျှက်ရှိသည်။ချက်သမ္မတနိုင်ငံတွင်ဖွင့်လှစ်ထားသောငွေစာရင်းမှတဆင့် NUG သည် လွှဲပြောင်း လက်ခံရယူ နိုင်ခဲ့ခြင်းပင် ဖြစ်သည်။ပြည်သူများအနေနှင့်အတိုးနှုန်းလည်း တပြားတချပ်မှရရှိမည် မဟုတ်ဟု ကြေညာထားပြီးဖြစ်သည့် NUG၏ ဘွန်းများကို တော်လှန်‌ရေးအောင်မြင်ရမည်ဟူသော ခံယူချက် သက်သက်ဖြင့် စိတ်အားထက်သန်စွာဝယ်ယူထောက်ပံ့ပေးနေခြင်းလည်းဖြစ်၍ NUG အဖို့ တာဝန်များက ကြီးလေးသည်ထက်ကြီးမားလာနေရပြီ ဖြစ်သည်။ ထိုတာဝန်ကြီးများထဲတွင် ပြည်သူများအား စိတ်ဓါတ်မကျဘဲတော်လှန်ရေး မီးရှူးတိုင်ကြီးကိုမြဲမြံစွာ ဆုပ်ကိုင်ထားနိုင်ရေး အတွက်တွန်းအားပေးရမည့် အရေးသည် ထိပ်ဆုံးကပါဝင်နေပေသည်။

စစ်ကောင်စီသည်ထိုတာဝန်ကြီးကို ပုခုံးထက်ထမ်းကာသွားနေရသည့် NUG အား သက်သာလိုသက်သာငြား ပူးတွဲထမ်းဆောင်ပေးသည့်အနေဖြင့် ပြည်သူများကိုဒုတိယကမ္ဘာစစ်အတွင်းကဖက်ဆစ်ဂျပန်များပင် အရှုံး ပေးရလောက်သည့် နည်းမျိုးစုံဖြင့်လက်သံပြောင်ပြောင်ဖိနှိပ်ပေးလျှက်ရှိနေသည်။ အလိမ်အညာပေါင်းစုံ ဖြင့်လည်း ဝါဒဖြန့်ချီရေးထိုးစစ်ကြီးကိုဆင်နွှဲလျှက်ရှိရာ ပြီးခဲ့သည့် တရုတ်-အာဆီယံ အစည်းအဝေး ကို “မတက်‌ရောက်ဖြစ်” ဟု အရှက်ကင်းမဲ့စွာ ၎င်းတို့ပိုင်သတင်းစာများမှ စာလုံးမည်းကြီးဖြင့်ဖေါ်ပြလာခဲ့သည်။

ဤသည်မှာစစ်တပ်အတွင်းရှိအရာရှိ အရာခံ အကြပ်တပ်သားများအကြားအမှန်တရားကိုရှာဖွေမည့် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာဝေဖန်ဆန်းစစ်လာနေသည့် အကြပ်အတည်းကြီးနှင့် ရင်ဆိုင်လာနေရပြီကို ကောင်းစွာသဘောပေါက်နေကြသောကြောင့်လည်း ဖြစ်သည်။

ခေါင်းဆောင်လုပ်သူများက စစ်တပ်အတွင်းပြိုကွဲသွားခြင်းမှသာ၎င်းတို့အပေါ်အန္တရာယ်ကျရောက်လာ နိုင်မည်ဟု ယုံကြည်ထားသည့်အတွက် တင်းကျပ်စွာဖိနှိပ်လာနေသည်။ ၎င်းတို့သည် ကျည်ကာမှန်များ တပ်ဆင်ထားသောဇိမ်ခံကားကြီးများဖြင့်သွားလာနေကြချိန်တွင် စစ်သည်များအဖို့မှာ တပ်များရွှေ့ပြောင်း ရာတွင်ပင် အသက်အန္တရာယ်စိတ်မချရတော့သည့်အနေအထားအထိစိတ်ဖိစီးမှုများရှိလာနေပြီး မြို့ကြီး များတွင်မျက်လုံးပေါ်အောင်စီမံထားသည့်အလုံပိတ်ဘန်ကာထဲတွင်ကင်းစောင့်နေကြရပြီ ဖြစ်သည်။

၎င်းတို့အဖို့လူကြားထဲတွင် ယူနီဖောင်းဝတ်ပြီးသွားလာရဲခြင်းမရှိကြသည့်အပြင် တနေ့ထက်တနေ့ကြီးမား လာနေသောကုန်ဈေးနှုန်းများကြောင့် မိသားစုဝင်များမှာအနေအစားဆင်းရဲသည်ထက်ဆင်းရဲလာနေကြ သဖြင့် မည်သည့်အခါများမှ ငါတို့ နိုင်နေပြီ ဟုကြွေးကြော်ခြင်းများပြုကာလွတ်လွတ်လပ်လပ်နေရပါ တော့ မည်လဲ ဆိုသည်ကိုစဉ်းစားရင်း ဆုတောင်းနေကြရလေသည်။

အခြားဖက်တွင်လည်း အဖက်ဖက်ကစိတ်ဖိစီးမှုများပြင်းထန်လာနေသဖြင့်စိတ်ပညာသဘောအရ ထိုသို့ ဖြစ်အောင်ဖန်တီးနေကြသူများသည် ပြည်သူများဖြစ်သည်ဟုထင်မြင်လာကာ လူစိတ်ပျောက်လာနေကြ ရခြင်းလည်း ဖြစ်မည်။

စစ်ကောင်စီနောက်ထပ်ရင်ဆိုင်လာရမည့်ပြဿနာကြီးကား တိုင်းပြည်သည်အထွေထွေ ကြပ်တည်းမှုများ ဖြစ်လာနေသည်နှင့်အမျှ နိုင်ငံတကာမှလူသားချင်းဆိုင်ရာအကူအညီများပေးနိုင်ရေးအတွက် တံခါးခေါက် လာနေကြခြင်းပင် ဖြစ်သည်။

ထိုအရေးကို အမေရိကန် စီအိုင်အေ ကပင် ပါဝင်လာနေပြီ ဖြစ်သည့် အတွက် စစ်ခေါင်းဆောင်များ အဖို့ ငယ်ထိပ် မြွေပေါက်ခံရသည့်အလား ဖြစ်လာနေပေသည်။

တော်လှန်ရေးကြီး မုချအောင်ရမည်!!!

ဆိုရှယ်မီဒီယာများမှကူးယူဖော်ပြခြင်းဖြစ်ပါသည်။မူရင်းရေးသားသူအားခရက်ဒစ်ပေးပါသည်။

Related Posts

“စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ”
သုံးသပ်ချက်များ

“စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ”

June 3, 2025

"စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ"   အထွေထွေထိုးစစ်ကြီး...

သုံးသပ်ချက်များ

အပစ်မရပ်ကြသူများ

April 30, 2025

အပစ်မရပ်ကြသူများ ခုရက်ပိုင်း ပွဲသတင်းတွေ တော်တော်လေး စိတ်နေတယ်။...

ဧပြီ ၀၁၊ ၂၀၂၅။ (အင်္ဂါ)
သုံးသပ်ချက်များ

ဘယ်သူ့​ကြောင့်လဲ

April 19, 2025

မန္တလေးငလျင်ကြီးလှုပ်ပြီးသွားတဲ့အခါ နိုင်ငံတကာကအကူအညီပေးတဲ့အဖွဲ့တွေအလျှင်အမြန်ရောက်လာပြီး နည်းပညာအကူအညီနှင့် ဒေသခံတွေပူးပေါင်းပြီး ကယ်တင်ကြတဲ့အတွက်...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English