Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

၂၀၂၂ တိုရစ်ဇမ်ပြန်အဖွင့်မှာ မြန်မာ့ခရီးသွား ဘာဖြစ်လာမလဲ?

ကိုဗစ်အလွန်ကာလလို့ ၂၀၂၂ ကို အကြီးကြီးမျှော်လင့်ထားကြပြီး ကမ္ဘာ့ခရီးသွားစီးပွားကဏ္ဍအသီးသီးက ပြင်ဆင်နေကြချိန်ပါ။Covid နဲ့ Coup.. စီ၂လုံးဒဏ်နဲ့နလံမထူတဲ့မြန်မာနိုင်ငံကလဲ ၂၀၂၂ ကို ရွှေရောင်မျှော်လင့်ချက်တွေထားချင်ပါတယ်..ဒီရည်ရွယ်ချက်နဲ့ ဒီစာကိုရေးပါတယ်ရှင်။ (ခရီးသွားစီးပွားရေးကဏ္ဍက ညီအကိုမောင်နှမများအတွက် အဓိကထားပြီးရေးသားခွင့်ပြုပါရှင့်) ခေါင်းစဉ်ခွဲလေးတွေအတိုင်း မိမိနှစ်သက်တဲ့အပိုင်းကို ဖတ်ကြည့်စေ့ချင်ပါတယ်။

December 1, 2021
in သုံးသပ်ချက်များ
Reading Time:1 min read
Share on FacebookShare on Twitter

“စကစနှင့်လက်ရှိခရီးသွားစီးပွား”

သက်တမ်း၂၅နှစ်ကျော်လာပြီဖြစ်တဲ့ မြန်မာ့ခရီးသွားစီးပွားဟာ ယခုဆိုရင် ကိုဗစ်၁၉ နဲ့ စကစအာဏာသိမ်းမှုကြားမှာရပ်တန့်နေခဲ့တာ၂ နှစ်ကြာပါပြီ။ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းမှာတော့၂၀၂၂ ခုနှစ်ရဲ့နှစ်ဦးပိုင်းမှာမြန့်မာခရီးသွားပြန်လည်ဖွင့်လှစ်တော့မယ်လို့ စကစ ကကမ္ဘာကို ​ကြေငြာလိုက်ပါတယ်။ ရည်ရွယ်ချက်ကတော့ စကစလက်အောက်မှာ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းကြောင်းပြချင်တာရယ်၊ စကစရဲ့ဘတ်ဂျတ်လိုငွေပြနေမှုကြောင့်ခရီးသွားကဏ္ဍကနေနိုင်ငံခြားဝင်ငွေ/ဝင်ငွေလိုချင်တာရယ်ကြောင့်ပါပဲ။

သို့သော်လည်း မကြာသေးခင်ကမှ MOHT ပြည်ထောင်စုဝန်ကြီးရဲ့ယာဥ်တန်း တိုက်ခိုက်မှုခံခဲ့ရတာက ​မြန်မာနိုင်ငံရဲ့လက်ရှိလုံခြုံမှုကင်းမဲ့နေတဲ့ပြဿနာကိုမီးမောင်းထိုးပြလိုက်ပြီး၊စကစရဲ့အာဏာမလွှမ်းမိုးနိုင်တဲ့ တကယ့်ဖြစ်ရပ်ကိုဖော်ပြနေပါတယ်။နိုင်ငံတကာအသိအမှတ်ပြုမှု မရရှိသေးတဲ့ coup လုပ်နေဆဲ ​ စကစ လက်ထက်မှာ “ဘယ်လိုဧည့်သည်လာမှာလဲ”ဆိုတဲ့ ကမ္ဘာ့မီဒီယာလောကရဲ့ဆောင်းပါးတွေကိုလဲ လိုင်းပေါ်မှာ တွေ့နေရပါတယ်။

စကစဟာခရီးသွားစီးပွားရေးကို အားထည့်ပြီးတည်ဆောက်ချင်နေတာ၊ သူနဲ့အတူရင်းနှီးမြုပ်နှံမှုတွေ ဆက်လက်ပြုလုပ်သွားစေ့ချင်တာကိုနိုင်ငံတကာကသိနေပါတယ်။၄င်းကလက်နက်နဲ့နည်းပညာဝယ်ယူအားပေးနေတဲ့ရုရှားအပါအဝင်နိုင်ငံတချို့ဆီကနေ ခရီးသည်နဲ့ရင်နှီးမြုပ်နှံမှုကိုလဲ မျှော်လင့်ထားပုံရပါတယ်။ ဒါပေမဲ့ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါဘူး။

တစ်ဖက်မှာတော့တကယ်ဖြစ်လာတာကစကစရဲ့အာဏာသိမ်းကာလအတွင်းမှာပဲ နိုင်ငံတကာရင်းနှီးမြုပ်နှံမှု အသစ်တွေဝင်မလာယုံသာမက လက်ရှိရင်းနှီးမြုပ်နှံပြီးသား hotel chains တွေကပါ ထွက်ခွာတာ၊ ဆိုင်းငံထားတာတွေဆက်တိုက်ဖြစ်ပွားနေပါတယ်။စကစနဲ့အပေါင်းပါတွေဟာတိုရစ်ဇမ်ပြန်လည်ကောင်းမွန်လာဖို့လုပ်ဆောင်ရမဲ့အချက်များကိုရေငတ်သလိုရှာဖွေနေကြပါတယ်။ဒါပေမဲ့သူတို့မှာနည်းလမ်းမရှိကြသေးပါဘူး။

 

“မျှော်လင့်ချက်ရှိသေးရဲ့လား?”

မြန်မာ့ခရီးသွားစီးပွားပြန်လည်ကောင်းမွန်လာပြီးအလုပ်လက်မဲ့သိန်းပေါင်းများစွာအလုပ်ပြန်လည်ရရှိနိုင်ဖို့ကနိုင်ငံကို ဘယ်အစိုးရအုပ်ချုပ်လာမှာလဲ? ဆိုတာက အဓိကနဲ့ တစ်ခုတည်းသော အဖြေပါ။

ဒီအတွက်လဲ ကြိုတင်ပြီးစဥ်းစားတွက်ချက်ထားဖို့လိုပါတယ်။

ဒီနေရာမှာ ၂ ချက်ရှိပါတယ်..

၁။ စကစရဲ့ coup လုပ်ငန်းဒီ့ထက်ကြာမှာလား?

စကစလက်ထက်ဒီထက်ပိုကြာမြင့်လေမြန်မာ့ခရီးသွားစီးပွား နလံမထူလေပါပဲ။သိကြတဲ့အတိုင်းပါပဲ ဥပမာထားပြီးပြောရရင်အရင်က အီရတ်ကို ခရီးသွားဖို့ ဘယ်သူမှမစဉ်စားခဲ့ကြပါဘူး။ မြန်မာပြည်အနေအထားကအဲ့ဒီထက် ၁၀ဆ ဆိုးပါတယ်။ စွမ်းရည်နည်းပါးပြီး တဇွတ်ထိုးဆန် ခေါင်းမာတဲ့၊ ကိုယ်ကျိုးစီးပွားသာရှေ့တန်းတင်တဲ့စကစသာ အကယ်၍နိုင်ငံကိုအုပ်ချုပ်ခွင့်ရသွားခဲ့ရင်တော့

.နိုင်ငံတကာကပိုပြီးပြင်းထန်တဲ့ဆန်ရှင်များ၊ပိတ်ဆို့မှုများပြုလုပ်လာမှာဖြစ်ပြီးစကစရဲ့ red tape system များကြောင့် မြန့်မာခရီးသွားစီးပွား နှစ်ကာလရှည် recession/ နှေးကွေးသွားပါလိမ့်မယ်။

သူ့ရဲ့အကျိုးဆက်ကတော့ဒီကဏ္ဍမှာထုနဲ့ထည်နဲ့ရင်းနှီးမြုပ်နှံမှုလုပ်ထားခဲ့သူ local နဲ့ FDI

တွေရဲ့၆၀%စီးပွားပျက်သွားမှာပါ။ရပ်တန့်ရမှာပါ..တစ်ဆက်တည်းအလုပ်လက်မဲ့ပြဿနာတွဲလျက်ဖြစ်ပါလိမ့်မယ်..။ခရီးသွားစီးပွား ၆၀% ကျုံ့သွားပါလိမ့်မယ်။မိတ်ဆွေတို့လဲ အဲ့ဒီ ၆၀% ထဲ ကျိန်းသေ ပါသွားမှာပါ။

၂။တလရ အောင်မြင်ခဲ့လို့ အစိုးရသစ်က ခရီးသွားစီးပွားကို ဆက်လက်ကိုင်တွယ်ခဲ့ရင်….

ဆိုပြီး ဒီဆောင်းပါးကို ဆက်ဖတ်စေ့ချင်ပါတယ်။ ဒါကို ကျွန်မကတော့ ခရီးသွားစီးပွားရဲ့ မျှော်လင့်ချက်ရောင်ခြည်လို့ ခေါ်လိုက်ပါ့မယ်။

(သတိပြုစေချင်ပါတယ်…အစိုးရသစ် မဖွဲ့နိုင်ခဲ့ရင် ရှေ့ဆက်ပြီးဖတ်ရန်မလိုတော့ပါ၊အကြံပြုသမျှဟာ

အိပ်မက်မျှသာ ဖြစ်သွားပါလိမ့်မယ်။)

ခရီးသွားစီးပွားကဏ္ဍကမောင်နှမများအားလုံးအတွက်အပြုသဘောနဲ့အောင်စိတ်နဲ့ရှေ့ဆက်ပြီး မိမိနဲ့သက်ဆိုင်ရာကဏ္ဍကနေလုပ်ထားရမှာတွေသိထားရမှာတွေကြိုတင်စီစဉ်ထားရမှာတွေကို

အကြံပြုပါရစေ ။

(အစိုးရအဖွဲ့အတွက်ခရီးသွားစီးပွားကနေ ဘဏ္ဍာငွေကြေး လျင်လျင်မြန်မြန်ရစေမဲ့ ဗျူဟာကျတဲ့ အစိုးရလုပ်ငန်းဆောင်တာ Key အချက်အလက်တွေကိုတော့ ဒီအချိန်မှာ ပို့စ်မတင်သင့်ဘူးလို့ထင်ပါတယ်….’အချိန်တန်ရင်တင်ပါ့မယ်)

 

ဆက်လက်ပြီးမိမိနဲ့ ဆက်စပ်တဲ့အပိုင်းတွေကို ခရီးသွားလောကသားများ ရွေးချယ်ဖတ်ရှူပေးကြပါ…

 

အစိုးရသစ်၏ ခရီးသွားစီးပွားဗျူဟာအကြံပြုရန်…

Inbound ခရီးသွားစီးပွား

ဒီအချိန်မှာ တိုရစ်ဇမ်စီးပွားရေးအကြောင်းပြောနေရတာ အားတက်စရာမရှိပါဘူး။ ၂၀၁၉ မှာ ဧည့်သည် သန်း၄၀ ရခဲ့တဲ့ ထိုင်းလိုနိုင်ငံကတောင် ဒီနှစ်မှာ ဧည့်သည် တစ်သိန်း၈သောင်းပဲ ဝင်လာဖို့ မျှော်လင့်ပါတယ် ပြောတာကိုး။ ဒါပေမဲ့ ကျွန်မတို့က အချိန်တိုင်း မျှော်လင့်ချက်ထားရမှာပဲ။ အဖြစ်မှန်ကိုလဲ တစ်ဖက်မှာ သိနေရမှာပဲလေ။

 

မြန်မာနိုင်ငံပြန်လည်တည်ဆောက်ချိန်မှာလုပ်ရမှာက inbound အတွက်တော့ အောက်ပါ နှစ်ခုပါ..

၁။ ဖိတ်ခေါ်ပရိုဂရမ်

အခုအချိန်မှာအရှေ့တောင်အာရှမှာရှေ့ဆုံးရောက်နေတဲ့ ထိုင်းက Sandbox ပရိုဂရမ်လုပ်သွားတာကို သိကြမှာပါ။ ဖူးခက်ကို ကွာရတင်း Free နဲ့ တိုးရစ်စ် ဖိတ်ခေါ်တာပါ။ ကာကွယ်ဆေးအပြည့်ထိုးပြီးသား လက်ရှိနဂ္ဂတစ်ထွက်တဲ့ဧည့်သည်များအတွက်သီးသန့်ပါ။ဒီလိုပရိုဂရမ်မျိုးက သင့်တော်ပါတယ်။

(ကောင်းကျိုး၊ဆိုးပြစ်တွေကို နောက်ဆောင်းပါးတစ်ပုဒ် သပ်သပ်ရေးပေးပါ့မယ်..WHO ရဲ့အဆင့်သတ်မှတ်ချက်တွေ.ရှိတာမို့ကိုယ့်နိုင်ငံမှာ community transmission ကအစ

လူထုကာကွယ်ဆေးထိုးပြီးရာခိုင်နှုန်းမြင့်မားမှုကအစအဆင့်မမီရင် လုပ်လို့မရပါဘူး.

Sandboxကိုထိုင်းက ဖူးခက် အောင်မြင်လို့ ဘာလီက လိုက်လုပ်တာ မအောင်မြင်ပါဘူး)

 

၂။နောက်တခုက visa ဖြေလျော့မှုပါ…ရက် ၃၀ အနည်းဆုံးဖြစ်သင့်ပြီး..entry ကန့်သတ်မှု မပြုသင့်ပါ။

Inbound သမားတွေ၊ဧည့်လမ်းညွှန်​တွေနဲ့ IBခရီးသွား ဆက်စပ်သူအားလုံးဟာ အပေါ် က နှစ်ခုကို သေသေချာချာ အစိုးရသစ်ကိုတွန်းပေးကြပါ။ MOHS နဲ့ ညှိကြပါ။အခုအချိန်မှာတော့

မိမိတို့ customer နဲ့ ထိတွေ့ထားကြ ချိတ်ဆက်ထားကြ သင့်ပါပြီ။ အကယ်၍ မိမိတို့လုပ်ငန်းတွေ လပိုင်းအတွင်းပြန်စရတဲ့ အခါ လိုအပ်နိုင်မဲ့ ဝန်ထမ်းတွေနဲ့ စကားပြောထားသင့်တဲ့ အချိန်ပါ။

မိမိတို့ ရုံးလုပ်ငန်းများကို လက်ပြန်နွှေးထားကြပါ။

(အခွန်အခ နဲ့ ငွေမကုန်တဲ့ ကိစ္စ တွေကို ပြောတာပါ)

 

Outbound ခရီးသွားစီးပွားများသို့

ဥရောပမှာ နိုင်ငံအချင်းချင်း ကူးလူးသွားလာနေကြတာမှာ အခုဆိုရင် နဲနဲပိုဝေးတဲ့ နိုင်ငံတွေကို သွားလည်နေကြပါပြီး..ဥပမာ ပြင်သစ်က တူရကီကိုသွားလည်တာမျိုး.ပါ.။ အရှေ့တောင်အာရှဖက်မှာတော့ နှေးကွေးနေကြပါသေးတယ်။ အဓိကကတော့ တရုတ်ခရီးသွားတွေ ခရီးထွက်မှုဆိုင်းငံ့နေသေးတာပါ..။ နိုင်ငံတွေက သူတို့ကို ကန့်သတ်မှုထားနေကြတာလဲ တွေ့ရပါတယ်။ မြန်မာနိုင်ငံသားတွေရဲ့ လာရောက်လည်ပတ်မှုကိုနိုင်ငံတချို့ကကန့်သတ်မှု လျော့ချပေးခြင်းများပြုလုပ်လာခြင်းဟာ OB အတွက် အလင်းရောင်ပါ။ ကမ္ဘာ့ OBလမ်းကြောင်းပွင့်လာတဲ့အချက်နဲ့နိုင်ငံသားများပြည်ပထွက်ခွာမှု များပြားလာတဲ့အချက်တွေကOBရုံးတွေကိုအခုကတည်းကအသက်ဝင်နေစေပါတယ်။ လွတ်လပ်တဲ့အချိန်တစ်ခုပြန်ရောက်ရင်တော့ အရင်လို ခရီးစဥ်တွေပြန်လုပ်ခွင့်ရမှာမို့update သတင်းများအတွက်၊customersထိတွေ့ထားဖို့အတွက်၊မိမိရုံးရဲ့ information center ကို အသက်ဝင်ထားဖို​့အကြံပြုပါရစေ။ အခုအချိန်မှာဝင်ငွေနည်းပေမဲ့ တချို့ OB ရုံးတွေ ပြည်ပထွက်ခွာသူတွေကို ဝန်ဆောင်မှုပေးနေတာ တွေ့ရပါတယ်။တစ်ကျော့ပြန်ကိုဗစ်လှိုင်းလွတ်ကင်း ပြီး coup ပြဿနာ သာပြေလည်ခဲ့ရင်၂၀၂၂ မှာ ဓမ္မ က အောင်မြင်ခဲ့ရင် OB တွေ တစ်ခေတ်ဆန်းလာမှာပါ

 

Domestic ခရီးသွားစီးပွားများသို့

ဒီကဏ္ဍကတော့ ခရီးဆာလောင်မှု နဲ့ စိတ်ထွက်ပေါက်ရှာနေကြမှုကြောင့် ဘယ်လိုအချိန်မှာဖြစ်ဖြစ် လှုပ်ရှားသက်ဝင်လာဖို့ရှိပါတယ်။ product သမားတွေ ကာလတချို့မှာ ဝင်ငွေကောင်းမှာပါ။

သတိထားရမှာက မြန်မာပြည်မှာ အေးချမ်းတဲ့ ခရီးစဉ်ဒေသ မရှိတဲ့အချိန်ပါ၊ ဥပဒေမဲ့နေကြပြီး နယ်မြေအုပ်စိုးမှု ဝိဝါဒကွဲပြားလာမှာမို့မိမိခရီးသည်ကို အန္တရာယ်လမ်း မပို့မိကြစေဖို့ပါ။

လက်ဖြောက်တစ်ချက်အတွင်းမှာအခြေအနေတွေပြောင်းနိုင်တာမို့..

ဆင်ခြင်တုံတရားနဲ့ လောဘကို ထိန်းပေးကြဖို့၊ အရေးကြုံလာရင် ခရီးသည်များကို ပညဉာဏ်နဲ့ စောင့်ရှောက်ဖို့၊ တလရ ကို တတ်နိုင်ရင် ကူညီဖို့ အကြံပြုပါရစေ။

…

products ပိုင်ဆိုင်ထားသူများသို့

လိုကယ် ခရီးသွားများက ထိန်းမရပဲ ပေါက်ကွဲထွက်လာနိုင်တာမို့ products ပိုင်ဆိုင်ထား သူများက

မိမိလက်ထဲက inventory နဲ့ resources ကို အတိုးအလျော့ စီမံထားသင့်ပါတယ်။

နှစ်ဖက်ကြားညပ်နိုင်တဲ့လူသူအလှမ်းဝေးတဲ့ product ပိုင်ရှင်များ မိမိရဲ့လုပ်ငန်းတွေ ဆက်လုပ်သင့် မလုပ်သင့်အခြေအနေအချိန်အခါနဲ့ဆုံးဖြတ်ချက်မှန်မှန်ချနိုင်ပါစေ။တည်ငြိမ်အေးချမ်းလို့လူထုအောင်နိုင်တဲ့အခါမြန်မာနိုင်ငံမှာခရီးသွားလုပ်ငန်းပြန်ကောင်းလာတဲ့အခါအရင်ဆုံးDomesticကဦးဆောင်မှာပါ။ခရီးသွားစီးပွားမှာDomesticအတွက်အထူးသတိထားရမှာက ကိုဗစ်၁၉ နဲ့ နိုင်ငံအေးချမ်းမှုပါ။

ပြည်သူမှာ ပြည်သူပဲရှိတာပါ။ ခရီးသွားပညာတတ်သူများက မိမိ ခရီးသည်များကို

အချင်းချင်း စောင့်ရှောက်ကြပါလို့။

 

ခရီးသွားလောကသားများရဲ့ဘဝတူ.

မျှော်လင့်သော

စပယ်အောင်

Related Posts

“စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ”
သုံးသပ်ချက်များ

“စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ”

June 3, 2025

"စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ"   အထွေထွေထိုးစစ်ကြီး...

သုံးသပ်ချက်များ

အပစ်မရပ်ကြသူများ

April 30, 2025

အပစ်မရပ်ကြသူများ ခုရက်ပိုင်း ပွဲသတင်းတွေ တော်တော်လေး စိတ်နေတယ်။...

ဧပြီ ၀၁၊ ၂၀၂၅။ (အင်္ဂါ)
သုံးသပ်ချက်များ

ဘယ်သူ့​ကြောင့်လဲ

April 19, 2025

မန္တလေးငလျင်ကြီးလှုပ်ပြီးသွားတဲ့အခါ နိုင်ငံတကာကအကူအညီပေးတဲ့အဖွဲ့တွေအလျှင်အမြန်ရောက်လာပြီး နည်းပညာအကူအညီနှင့် ဒေသခံတွေပူးပေါင်းပြီး ကယ်တင်ကြတဲ့အတွက်...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English