LATEST STORIES

ဇူလိုင် ၁၁၊ ၂၀၂၅။ (ကြာသပတေး)

မိုးဗြဲမြို့ကို စစ်ကောင်စီပြန်လည်ရရှိသွားတဲ့အတွက် ကရင်နီပြည်နယ်အတွင်း ထောက်ပို့လမ်းကြောင်းတစ်ခုပိတ်သွားပြီလို့ ပြောလို့ရတယ်။ဒါ့အပြင် စစ်ကောင်စီဟာမိုးဗြဲလွိုင်ကော်လမ်းမကြီးကို ပြန်ထိန်းချုပ်နိုင်ရင်အခြေအနေတွေဟာ ၁၀၂၇ စစ်ဆင်ရေးမစခင်အချိန်ထိ ပြန်ရောက်သွားမှာပါ။၁၀၂၇စစ်ဆင်ရေးအတွင်းမှာ တော်လှ​န်ရေးအင်အားစုတွေဟာမြို့တော်လွိုင်ကော်ကို သိမ်းပိုက်နိုင်လုနီးပါးအထိ အခြေအနေကောင်းခဲ့တယ်။ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့အထိ ထိုးဖောက်နိုင်ခဲ့တယ်။၁၀၂၇စစ်ဆင်ရေးအရှိန်သာ မလျော့ခဲ့ရင်ဒီအချိန်မှာ ကရင်နီပြည်နယ်တစ်ခုလုံးကို သိမ်းပိုက်နိုင်နေလောက်ပြီ။အခုတော့ တနိုင်ငံလုံးကတော်လှန်ရေးအင်အားစုတွေ မညီညွတ်မှုကြောင့်...

Read moreDetails

ဇူလိုင် ၁၀၊ ၂၀၂၅။ (ဗုဒ္ဓဟူး)

ရှမ်းပြည်နယ်နဲ့ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့ကိုစစ်ကောင်စီက ပြန်လည်သိမ်းယူသွားပါပြီ။ထိုမြို့ကို ပြီးခဲ့တဲ့ဒီဇင်ဘာလကတည်းက လက်နက်အင်အား၊လူအင်အားအလုံးအရင်းသုံးပြီး တရစပ်ထိုးစစ်ဆင်နေတာပါ။နေပြည်တော်နဲ့ မိုင်၁၅၀ခန့်သာ ဝေးကွာတာကြောင့်မိုး​​​ဗြဲမြို့ကိုပြန်လည်ရရှိရေး အသဲအသန်တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီရဲ့အကြိမ်ကြိမ်ထိုးစစ်ဆင်မှုကို ၇လ ကျော်ကြာခုခံနိုင်ခဲ့တဲ့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေကတော့ လေးစားဖို့ကောင်းပါတယ်။ပြည်နယ်လေးကသေးပေမယ့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကို ကျစ်လစ်စွာစုစည်းနိုင်တာကြောင့် ဒီလောက်ထိခုခံနိုင်ခဲ့တာပါ။

Read moreDetails

ဇူလိုင် ၀၉၊ ၂၀၂၅။ (အင်္ဂါ)

မနေ့ကဒေါက်တာတေဇာဆန်းရေးတဲ့ စာဟာ တော်လှန်ရေးအသိုင်းအဝိုင်းမှာ အတော်ပွဲဆူနေပါတယ်။အများစုကတော့ သူ့ကိုထောက်ခံကြတယ်။တခြားသူတွေ အခုလိုဝေဖန်ရင်ဝိုင်းတိုက်ခိုက်ကြမှာဖြစ်ပေမယ့် ဒေါက်တာတေဇာဆန်းကိုယ်တိုင်က NUGရဲ့အတွင်းလူတစ်ယောက်ဖြစ်နေတယ်။ပြီးတော့သူဝေဖန်တဲ့ အချက်တွေကလဲမှန်နေတယ်လေ။ NUG ဟာဒီနှစ်ဆန်းကတည်းက ပြုပြင်ပြောင်းလဲမယ်ပြောထားတာ အခုနှစ်တဝက်ကျိုးတဲ့အချိန်အထိ ဘာမှဖြစ်မလာသေးပါဘူး။လက်ရှိအ​​​ချိန်မှာနိုင်ငံရေးအရရော စစ်ရေးအရရော အပြောင်းအလဲတစ်ခုလိုအပ်နေတာ သိနေပေမယ့် မသိချင်ယောက်ဆောင်ပြီး ဘာပြောင်းလဲမှုမှမလုပ်ပါဘူး။အထွေထွေထိုးစစ်ကြီးစမယ်လို့သာ လေကြီးနေပေမယ့်အခုအချိန်ထိ...

Read moreDetails

ဇူလိုင် ၀၇၊ ၂၀၂၅။ (တနင်္ဂနွေ)

အရှေ့တီမောနိုင်ငံရဲ့ အာဆီယံဝင်ခွင့်ကို စစ်ကောင်စီက ကန့်ကွက်လိုက်ပါတယ်။အရှေ့တီမောနိုင်ငံဟာ NUGကိုထောက်ခံထားတာကြောင့် အခုလိုကန့်ကွက်နေတာပါ။အရှေ့တီမောဘက်ကတော့ ထိုကန့်ကွက်မှုကို ပယ်ချထားပါတယ်။အာဆီယံမှာ​လူရာမဝင်တဲ့ စစ်ကောင်စီဟာ အခုလို ကန့်ကွက်တယ်ဆိုတာက ရယ်စရာတော့ကောင်းတယ်။အာဆီယံကလဲလက်ခံမယ်မထင်ပါဘူး။အရှေ့တီမောနိုင်ငံ အာဆီယံအဖွဲ့ဝင် ဖြစ်လာရင်တော့ မြန်မာ့အရေးဆွေးနွေးပွဲတွေမှာ တစ်စုံတစ်ရာ အထောက်အကူရလာမှာပါ။

Read moreDetails

ပဲခူးတိုင်း မင်းလှမြို့နယ်တွင် နေအိမ် ၂၀၀ နီးပါး မီးရှို့ခံရ ရွာမီးရှို့၊ ပစ်ခတ်ခံရသဖြင့် ထွက်ပြေးတိမ်းရှောင်ရသူများထဲတွင် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်သည်ဟု သိရသည်။

ပဲခူးတိုင်း အနောက်ဘက်ခြမ်း၊ သာယာဝတီခရိုင် မင်းလှမြို့နယ်တွင် အင်အားရာနှင့်ချီ ပါဝင်သည့်စစ်ကောင်စီစစ်ကြောင်းတစ်ခုက ကျေးရွာများကို လှည့်လည်မီးရှို့ရာ အိမ်ခြေ ၂၀၀ နီးပါး ပျက်စီးသွားသည်ဟု ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ ပြီးခဲ့သည့် ဇွန်လလယ်မှစ၍   ၁၁ ရွာထက်မနည်း...

Read moreDetails

စစ်ကောင်စီက ရွေးကောက်ပွဲကာကွယ်သည့် အထူးဥပဒေ ပြဋ္ဌာန်းရန် စီစဉ်နေ

ယခုနှစ်ကုန် ကျင်းပမည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲမှာ နိုင်ငံရေးအရ စိန်ခေါ်ချက်များရှိနေသလို လုံခြုံရေးဆိုင်ရာ အခက်အခဲများကြောင့် ရွေးကောက်ပွဲကို ကာကွယ်စောင့်ရှောက်သည့် အထူးဥပဒေပြဋ္ဌာန်းရန် စီစဉ်နေ ကြောင်းသိရ သည်။ စစ်ခေါင်းဆောင်နှင့် တွေ့ဆုံချိန် နိုင်ငံရေးပါတီများဘက်မှ ထိုဥပဒေပြဋ္ဌာန်းပေးရန် တောင်းဆိုခဲ့ကြခြင်းဖြစ်ပြီး လာမည့်...

Read moreDetails

ဇူလိုင် ၀၆၊ ၂၀၂၅။ (စနေ)

ကလေးမြို့ကနေ ချင်းပြည်နယ်ကို တက်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာ လမ်းတလျောက် ချင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားပြီးနောက် ကလေးမြို့ဘက်ကိုပြန်လည်ဆုတ်ခွာသွားပါပြီ။ စုစုပေါင်း အင်အား ၅၀၀ ကျော်ပါ စစ်ကြောင်းဟာ မေလ ၂၀ရက်မှာ ကလေးမြို့ကတဆင့် ကားလမ်းကနေ ချင်းပြည်နယ်ဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတာ ဖြစ်ပါတယ်။...

Read moreDetails

ဆိတ်သုဉ်းလာသောဒီမိုကရေစီနှင့် ပျောက်ကွယ်စပြုလာတဲ့ လူလတ်တန်းစား

ဆရာမမြကြေးမုံဟာ ဘာအပွင့်အခက်မှမပါတဲ့ အဝါရောင်ထီးလေးတစ်ချောင်း လိုချင်နေသူပါ။ ဆရာမဟာ အဝါရောင်ထီးနဲ့ လိုက်ဖက်မှု ရှိခြင်း မရှိခြင်းထက် ထီးအဝါရောင်လေး ဆောင်းချင်နေမိတာ လို့ပြောပါတယ်။   "ကိုယ့်မှာထီးမရှိတာ လေးနှစ်တောင်ရှိရောပေါ့ " လို့ ဆရာမ မြကြေးမုံက ဆိုပါတယ်။...

Read moreDetails

ဇူလိုင် ၀၅၊ ၂၀၂၅။ (သောကြာ)

မြဝတီမြို့အနီး ထိုင်းမြန်မာနယ်စပ်က စစ်ကောင်စီစခန်းတွေကို KNUဦးဆောင်တဲ့ပူးပေါင်းတပ်တွေတိုက်ခိုက်နေတာ အခုဆိုရင် သိမ်းစရာစခန်း နှစ်ခုခန့်သာကျန်ပါတော့တယ်။ဒီရက်ပိုင်းမှာလဲဝေါလေရဲစခန်းနဲ့ ဗျူဟာရဲ့ကာကင်းတစ်ချို့ကို ဆက်တိုက်သိမ်းပိုက်ထားတယ်။ ထိုနယ်မြေမှာကျန်နေတာဆိုလို့ ၂၀၂၂ခုနှစ်တုန်းကအပီးသတ်မသိမ်းပိုက်နိုင်ခဲ့တဲ့ ဥကရစ်ထစခန်းနှင့် ဝေါလေဗျူဟာစခန်းသာရှိတော့တယ်။ကျန်​နေတဲ့ စစ်စခန်း​တွေကိုလဲ ဒီရက်ပိုင်းမှာ  ပူး​ပေါင်းတပ်​​တွေက အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်​နေပါတယ်။

Read moreDetails

ဇူလိုင် ၀၄၊ ၂၀၂၅။ (ကြာသပတေး)

စစ်ကိုင်းမြို့နဲ့မန္တလေးမြို့ကို ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူးတံတားတစ်စီးဖြစ်တဲ့ စစ်ကိုင်းတံတားပေါ်ကို ဖြတ်သန်းလာတဲ့ ခရီးသွားတွေကို စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီးနေပါတယ်။ မနေ့က မနက် ၁၀ နာရီလောက်မှာ စစ်ကိုင်းမြို့ဘက်ခြမ်း တံတားကြေးကောက်ခံတဲ့ဂိတ်မှာ လက်နက်ကိုင် ယူနီဖောင်းအပြည့်အစုံဝတ်ဆင်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော်ဟာ ခရီးသွားကားတွေကိုတားဆီးပြီး...

Read moreDetails
Page 12 of 235 1 11 12 13 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist