သင်္ကြန်မဏ္ဌပ်တွေကို စစ်ကောင်စီကဆောက်လုပ်နေတာ ရန်ကုန်မှာဆို တစ်ချို့နေရာတွေ အတော်လေး ပြီးစီးနေပြီ။ သူတို့ကျင်းပမယ့် သင်္ကြန်မှာ ဘယ်အနုပညာရှင်တွေက ဘယ်လောက်ဘောမမလဲကြည့်ရ မယ်။ ဒီရက်ပိုင်းက အဆိုတော်အိမ့်ချစ်ရဲ့ Comment တစ်ခု ဖေ့စ်ဘုတ်ပေါ်မှာရေပန်းစားနေတယ်။ ရှိုးပွဲ တွေ လိုက်ဆိုတာနဲ့ပတ်သက်ပြီး ပြည်သူတစ်ဦးကထောက်ပြတာကိုပြန်ပြောထားတဲ့...
Read moreDetailsရန်ကုန်ကယုဇနဥယျာဉ်မြို့တော်မှာစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုးတွေလက််နက်ရရှိဖို့ဆွေးနွေးနေချိန်မြို့ပြပျောက်ကျားအဖွဲ့တွေဝင်ပစ်လို့အုပ်ချုပ်ရေးမှုးနှစ်ဦးသေဆုံးသွားတယ်။သန်လျင်မှာလဲလက်နက်ကိုင်ပြီးသောင်းကျန်းနေတဲ့စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှုးတစ်ယောက်အပစ်ခံလိုက်ရသေးတယ်။လက်နက်ကိုင်ဆောင်ခွင့်ဥပဒေရဲ့အကျိုးသက်ရောက်မှုတွေစတင်တွေ့လာရပြီ။စစ်ကောင်စီဟာအုပ်ချုပ်ရေးမှုးတွေကိုလိုင်စင်တင်စရာမလိုပဲလက်နက်တွေစတင်ထုတ်ပေးနေတယ်။သူတို့ခန့်ထားတဲ့အုပ်ချုပ်ရေးမှုးဆိုတာတွေကပညာမတက်တဲ့လူရမ်းကားတွေပဲ။ထိုသူတွေလက်ထဲလက်နက်ရောက်လာရင်နောက်ပိုင်းမှာပြည်သူကိုပိုပြီးရမ်းကားတဲ့သတင်းတွေတွေ့ရလိမ့်မယ်။အခုလောလောဆယ်တော့လက်နက်မရခင်အသက်ပျောက်သွားကြပြီ။ရန်ကုန်လိုနေရာမျိုးမှာအခုလိုမျိုးရှင်းလင်းနိုင်ရင်နယ်တွေမှာတော့ပြောဖွယ်မရှိဘူး။
Read moreDetailsချင်းပြည်နယ်မှာခရစ်ယာန်ဘာသာဝင်တွေဘုရားကျောင်းတက်ဖို့စစ်ကောင်စီထံခွင့်ပြုချက်တောင်းခံနေရတယ်။ချင်းပြည်နယ်ဆိုတာခရစ်ဘာသာဝင်အများစုနေထိုင်တဲ့ပြည်နယ်တစ်ခုပါ။ဘုရားကျောင်းတွေမှာလူစုလူဝေးလုပ်ပြီးတော်လှန်ရေးကိစ္စတွေဆွေးနွေးနိုင်တဲ့အတွက်အခုလိုကန့်သတ်လိုက်တာလို့ယူဆရတယ်။ထိုကန့်သတ်မှုကြောင့်ချင်းပြည်နယ်ကပြည်သူတွေလဲဘုရားကျောင်းပုံမှန်မတက်နိုင်ကြတော့ဘူး။သင်းအုပ်ဆရာတွေကိုလဲစစ်ကောင်စီကPDFတွေကိုစည်းရုံးပေးဖို့အကျပ်ကိုင်ထားသေးတယ်။ပြီးရင်မထင်ရင်မထင်သလိုဖမ်းဆီးသတ်ဖြတ်သေးတယ်။တကယ်တော့ချင်းပြည်နယ်တစ်ခုလုံးမှာမြို့ပေါ်တွေလောက်ပဲစစ်ကောင်စီအာဏာသက်ရောက်မှုရှိတော့တာပါ။PDFတွေကမြို့တွေကိုဝိုင်းထားပြီးပြီ။ဒါကိုတန်ပြန်တဲ့အနေနဲ့စစ်ကောင်စီဟာဘာသာရေးနဲ့နိုင်ငံရေးကိုရောထွေးအောင်လုပ်ဖို့ကြိုးစားနေတယ်။
Read moreDetailsဇန်နဝါရီလနောက်ဆုံးပတ်လောက်ကစပြီးဈေးကွက်ထဲမှာဆန်ဈေးတွေတက်လာပြီးအခုလမှာတော့ဆန်တအိတ်ကိုကျပ်တစ်သောင်းကနေနှစ်သောင်းအထိတက်လာတယ်။အခုလိုဈေးတက်လာတာဆန်ကိုလှောင်ပြီးဈေးကစားသူတွေကြောင့်ဖြစ်တယ်လို့သိရတယ်။စစ်ကိုင်းတိုင်းရွှေဘိုဘက်ကထွက်တဲ့နာမည်ကြီးရွှေဘိုပေါ်ဆန်းဆန်ကိုကုန်သည်တွေဝယ်လှောင်ပြီးဈေးကစားကြတာပဲ။ထိုနယ်မှာတိုက်ပွဲတွေဖြစ်နေလို့တောင်သူတွေကလက်ထဲမထားပဲစပါးတွေအကုန်ရောင်းကြတာကြောင့်ကုန်သည်တွေကဈေးကစားဖို့လွယ်သွားတာပေါ့။ဈေးကွက်ထဲဒီလိုဈေးကစားသူတွေကြောင့်ဆန်ဈေးတက်လာလေလေစိုးရိမ်စိတ်နဲ့အလွန်အကျွံဝယ်ယူလာလေလေဖြစ်ပြီးဈေးတွေထပ်တက်ကုန်တယ်။ မြန်မာပြည်ရဲ့အခြေခံစားကုန်ဖြစ်တဲ့ဆန်ဈေးတက်လာတာဟာပြည်သူတစ်ရပ်လုံးအတွက်ကြီးမားတဲ့အခက်အခဲတွေဖြစ်ပေါ်လာနိုင်တယ်။အထူးသဖြင့်ဒီကာလမှာဝင်ငွေတိုးမလာတဲ့အခြေခံလူတန်းစားတွေအတွက်ပေါ့။တကယ်တမ်းတော့အာဏာသိမ်းပြီးနောက်ဈေးမတက်တဲ့ပစ္စည်းဆိုတာမရှိသလောက်ပါပဲ။
Read moreDetailsမနေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ အထူးအကြံပေးပုဂ္ဂိုလ်ပြောခဲ့သလို အမှန်တကယ်၂၀၂၄ မှာ အောင်ပွဲရဖို့ အတွက်ဆိုရင် နည်း ၂ သွယ်ပဲရှိပါတယ်။ ပထမ နည်းက တရုတ်နဲ့ အမေရိကန်ညှိလိုက်ကြပြီး ဘုံသဘောတူညီချက်အရ စစ်အုပ်စုကို ဖယ်ထုတ်ဖို့ သဘောတူလိုက်ကြတာ။ ဒုတိယနည်းက အမေရိကန်က...
Read moreDetailsရန်ကုန်မှာရှိတဲ့ Primark စက်ရုံ နှစ်ရုံကို ပိတ်လိုက်ရပြီ။ အလုပ်သမား ၂၄၀၀ ကျော်အလုပ်လက်မဲ့ဖြစ် သွားခဲ့ပြီ။ ကျန်တဲ့ပြည်တွင်းအလုပ်အကိုင်ကလည်း ရှားတယ်။ ရှိတဲ့အလုပ်တွေကလည်း လုပ်ခလစာကို အတော်လေးနှိမ်ကြတယ်။ လစာ နှစ်သိန်း၊ သုံးသိန်းဆိုတာ ဘယ်နေရာမှာသုံးလို့ရမှာလဲ။ ကုန်ဈေးနှုန်း တွေလည်း...
Read moreDetailsစစ်ကောင်စီက ကျင်းပမယ့် မြန်မာ့ရုပ်ရှင်အကယ်ဒမီပွဲအတွက်ပြင်ဆင်နေကြတာတွေ့ရတယ်။ တော် တော်လေးစိတ်ပျက်မိတယ်။ ပြည်သူနဲ့တသားတည်းပါဆိုတဲ့အနုပညာရှင်တွေက စစ်ကောင်ဆီဖက်ကို ပါ ပါသွားကြတာတွေ့ရတယ်။ ဒါရိုက်တာညိုမင်းလွင်ဆိုရင်လည်း သူ့ရဲ့ရုပ်ရှင်ကားဝက်ဝက်ကွဲအောင်မြင် ကြောင်း၊ လူပြည့်ရုံလျှံလာအားပေးကြောင်း ဖေ့စ်ဘုတ်မှာတင်ထားတာတွေ့လိုက်ရတော့ အတော်လေး တရားရမိတယ်။ ပိုက်ဆံနောက်ကို လိုက်သွားကြတဲ့ သာကူး အနုပညာရှင်တွေ...
Read moreDetailsဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုလုပ်တယ်လို့သတင်းမှာ ဖတ်လိုက်ရတယ်။ မြန်မာနိုင်ငံတစ်ဝန်းမှာ အခုချိန်ထိ ဆန္ဒပြမှုတွေလုပ်နေတုန်းပဲဆိုတာကိုကြည့်ပြီးအား တက်ရတယ်။ ဒါပေမဲ့ ကျွန်တော်နေတဲ့ ရန်ကုန်မြို့ကတော့ အတော်လေးနေနိုင်လွန်းလှတယ်။ ၁၉ လမ်း မှာ လူတွေစည်ကားနေတယ်။ အရက်ဆိုင်၊ ဘီယာဆိုင်၊ ဘားတွေမှာ လူအပြည့်ဖြစ်တဲ့အပြင်...
Read moreDetailsNLD ပါတီဝင်တွေကို စစ်ကောင်စီက လိုက်ဖမ်းနေတယ်။ မိသားစုလိုက်ဖမ်းဆီးခံနေရတာတွေ ရှိလာတယ်။ စစ်ကောင်စီကို တစ်နိုင်ငံလုံးက တညီတညွတ်တည်းဆန့်ကျင်နေတာဟာ NLD ပါတီနဲ့မဆိုင် ဘူး။ မင်းအောင်လှိုင်ကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း ပြည်သူတွေကစိတ်မဝင်စားဘူး။ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီဟာ သူတို့ဩဇာအာဏာလွှမ်းမိုးရေးအတွက် ဘက်ပေါင်းစုံကနေ...
Read moreDetailsစစ်ကောင်စီနှိပ်စက်လုံး ဘက်ပေါင်းစုံကနေအလူးအလှိမ့်ခံစားနေကြရတဲ့မြန်မာပြည်သူပြည်သားတွေ အဖို့ ဒီရက်ပိုင်းအတွင်းရေပန်းအစားဆုံးတစ်ခုကတော့ မီးပျက်တာပါပဲ။ ရန်ကုန်မှာ တစ်ရက်ကို ၅ နာရီ ကနေ ၉ နာရီအထိပဲ လျှပ်စစ်မီးအသုံးပြုခွင့်ရနေတယ်။ ဒီကြားထဲ စက်သုံးဆီကိုချွေတာသုံးဖို့စစ်ကောင် စီအကြီးအကဲတစ်ဦးကပြောလိုက်ပြန်တယ်။ ရာသီဉတုကပူ၊ မီးမလာတော့ ရေကရှား၊ လေအေးပေးစက်...
Read moreDetailsYou can copy without credits to our site. We Need Freedom.