စစ်ကိုင်းတိုင်းမှာရှိတဲ့ နေအိမ်တွေကို စစ်ကောင်စီက ဆက်လက်မီးရှို့နေတုန်းပဲ။ နေရာတော်တော်များ များမှာ မီးလောင်ပြင်တွေဖြစ်နေခဲ့ပြီ။ တစ်ဖက်မှာလည်း သူ့ရဲ့လေကြောင်းတပ်တွေကဗုံးကြဲပြီးထိုးစစ် ဆင်နေတယ်။ လေယာဉ်ပစ်မရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်နဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ အပြင်းအထန်ခုခံနေကြရတယ်။ ပြည်သူတွေကလည်း စိတ်ပဲရှိပြီး ကူညီနိုင်တဲ့အင်အားကလျော့ လာတယ်။ စီးပွားရေးအတွက်ရုန်းကန်ရ၊ စစ်ကောင်စီရဲ့နှိပ်စက်မှုကိုလည်းခံရ၊ လမ်းသွားလမ်းလာတောင် မှ ဒီကောင်တွေဘာတွေရန်မူမလဲဆိုတာကိုလည်းတွေးပြီးကြောက်ရပါသေးတယ်။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။