လွန်ခဲ့တဲ့နှစ်ရက်လောက်က ရန်ကုန်၊ လှိုင်သာယာမှာရှိတဲ့ Fitex (Myanmar) Garment Manufacturing ကုမ္ပဏီပိုင် အထည်ချုပ်စက်ရုံမှာ စက်ချုပ်လုပ်သား ၄၀၀ ကျော်ကို အလုပ်ဖြုတ်လိုက်တယ်လို့သတင်း တွေမှာဖတ်လိုက်ရတယ်။ မြန်မာနိုင်ငံကနေထွက်ခွာသွားတဲ့ နိုင်ငံခြားကုမ္ပဏီတွေအများအပြားရှိလာသ လို အလုပ်အကိုင်အခွင့်အလမ်းကလည်း နည်းသည်ထက်နည်းလာတယ်။ ပြည်သူတွေဟာ လုပ်ခလစာ မဖြစ်စလောက်နဲ့ရုန်းကန်ရှင်သန်နေကြရတယ်။ အလုပ်မရှိတော့ ခိုးဆိုးလုနှိုက်တွေပေါလာတယ်၊ လစာ နည်းတော့ ကြံမိကြံရာတွေကြံလာကြတယ်။ ကိုယ်ကျင့်တရားတွေပျက်ပြားလာတယ်။ မြန်မာနိုင်ငံဟာ နေသင့်တဲ့နိုင်ငံတစ်နိုင်ငံမဟုတ်တော့ဘူး။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။