တပ်မတော်နေ့ဆိုပြီး သူတို့ စစ်ရေးပြအခမ်းအနားတွေကျင်းပခဲ့ကြတယ်။ အာဏာသိမ်းခေါင်းဆောင် တက်ရောက်တယ်ဆိုတဲ့ အဲဒီအခမ်းအနားကို ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ဖို့ကြံစည်တယ်လို့စွပ်စွဲခံရတဲ့ ဒေသခံ ၁၀ ဦး ထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်။ မင်းအောင်လှိုင်ဟာ သူတို့ကိုဆန့်ကျင်ဖို့ကြိုးစားနေတဲ့သူအကုန် လုံးကို ဖမ်းဆီးချုပ်နှောင်မယ်ဆိုရင် မြန်မာတစ်နိုင်ငံလုံးပါမှာပါပဲ။ ကျွန်တော်တို့ဟာ လက်နက်အင်အား တစ်ခုတည်းမရှိတာနဲ့တင် အတော်ကလေးပင်ပန်းစွာရုန်းကန်နေကြရတယ်။ မင်းအောင်လှိုင်ကိုဆန့်ကျင် လိုတဲ့စိတ်ကတော့ တစ်နိုင်ငံလုံးနီးပါးမှာရှိတဲ့ပြည်သူတွေရဲ့စိတ်မှာ ကိန်းအောင်နေကြတယ်။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။