မတရားဖမ်းဆီးခံထားရသောလူသိများတဲ့နိုင်ငံရေးသမားနှစ်ယောက်ဖြစ်တဲ့ကိုဂျင်မီနဲ့ကိုဇေယျာသော်တို့ကိုစစ်တပ်ကသေဒဏ်ချမှတ်လိုက်တယ်။လူလတ်ပိုင်းတွေဖြစ်တဲ့သူတို့နှစ်ယောက်ဖမ်းဆီးခံလိုက်ရတာတော်လှန်ရေးအတွက်အတော်နစ်နာတယ်။စစ်တပ်ကမတရားသေဒဏ်ချမှတ်ခံလိုက်သူအရေအတွက်ဟာလဲအတော်များနေပြီ။ဥပဒေမရှိတော့ပဲလုပ်ချင်တိုင်းလုပ်နေကြတယ်။ တော်လှန်ရေးအားကောင်းတဲ့မြိုင်မြို့နယ်လေးမှာလဲဒေသခံတွေရဲ့လက်လုပ်ရေနံတွင်းတွေကိုစစ်တပ်ကမီးတင်ရှို့နေတယ်။တိုင်းမှူးကိုယ်တိုင်မီးရှို့ခိုင်းတာလို့ကြားတယ်။အဲ့ဒီဒေသရဲ့အဓိကစီးပွားရေးကရေနံတွင်းတွေပေါ်မှာမှီခိုနေတာဆိုတော့ဒေသခံတွေစီးပွားပျက်အောင်တမင်လုပ်နေတာပဲ။ဆုံးရှုံးမှုတန်ဖိုးသိန်းပေါင်းသောင်းကျော်နေပြီ။ကိုယ့်ရဲ့ရေနံတွင်းတွေမီးလောင်တာကိုဘာမှလုပ်မရပဲဒီတိုင်းထိုင်ကြည့်နေရတယ်။ခံစားရခက်လိုက်ပါဘိ။
Read moreDetailsမြန်မာပြည်မှာလာရောက်ရင်းနှီးမြုပ်နှံနေတဲ့ကမ္ဘာ့အကြီးဆုံးရေနံကုမ္မဏီကြီးတွေဖြစ်တဲ့ပြင်သစ်ကတိုတယ်နဲ့အမေရိကန်ကရှက်ဗရွန်တို့ထွက်ခွာတော့မယ်လို့ဆုံးဖြတ်လိုက်တယ်။ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းဟာစစ်ကောင်စီကိုဝင်ငွေအများဆုံးရှာပေးနေတဲ့လုပ်ငန်းတစ်ခုဖြစ်တယ်။အဲ့ဒီကရတဲ့ငွေတွေနဲ့ပြည်သူတွေကိုသတ်ဖြတ်နှိပ်ကွက်နေတာပါ။အာဏာသိမ်းကတည်းကအဲ့ဒီကဏ္ဌကိုပိတ်ဆို့အရေးအယူပေးဖို့ဆော်သြနေတာကြာပြီ။အခုမှအနည်းငယ်လှုပ်လာတာဖြစ်တယ်။ သူတို့ထွက်ခွာဖို့ဆုံးဖြတ်ချက်ကြောင့်စစ်ကောင်စီကိုအတိုင်းအတာတစ်ခုအထိတော့အထိနာစေလိမ့်မယ်။ ဒါပေမယ့်ပြည်တွင်းမှာကိုရီးယားနဲ့ထိုင်းကုမ္မဏီတွေကျန်သေးတော့စစ်ကောင်စီအတွက်အလုံးစုံထိခိုက်မှုတော့မရှိသေးဘူး။ဒါနဲ့တင်မလုံလောက်သေးပဲMOGEကိုပါဆန်ရှင်ချမှတ်နိုင်ဖို့လိုသေးတယ်။သို့မှသာရေနံနဲ့သဘာဝဓာတ်ငွေ့ကဝင်ငွေရလမ်းတစ်ခုလုံးကိုပိတ်ဆို့နိုင်မှာဖြစ်တယ်။ထိုကုမဏ္ဏီကြီးနှစ်ခုထွက်ခွာခြင်းဟာနောက်ပိုင်းလာမယ့်ဆန်ရှင်တွေရဲ့အစဖြစ်မယ်လို့ယူဆရတယ်။
Read moreDetailsစက်သုံးဆီစျေးတွေတကျော့ပြန်တက်လာပြန်ပြီ။အရင်အစိုးရလက်ထက်ကတစ်လီတာလေးရာပဲရှိခဲ့တဲ့စျေးဟာအခုဆိုရင်တစ်လီတာ၁၆၀၀ရောက်နေပြီ။လေးဆခန့်ထိုးတက်သွာတဲ့သဘောပဲ။ဒေါ်လာစျေးလဲအဲ့လောက်မတက်ပဲနဲ့ဆီစျေးတွေထိုးတက်နေတာဖြစ်တယ်။ဆီသွင်းတဲ့ကုမ္မဏီကြီးတွေမှာလက်ကျန်နည်းနေတယ်လို့ကြားတယ်။ဆီဝယ်စရာဒေါ်လာမရှိကြတော့ဘူးလား။ စက်သုံးဆီစျေးဟာစီးပွားရေးအပေါ်တိုက်ရိုက်အကျိုးသက်ရောက်မှုရှိတယ်။၂၀၀၇တုန်းကစက်သုံးဆီစျေးတွေတက်လို့ပြည်သူတွေစီးပွားရေးကြပ်တည်းပြီးရွှေဝါရောင်အရေးအခင်းဖြစ်ခဲ့တာပါ။အခုလဲနိုင်ငံကတဖြည်းဖြည်းနဲ့ပျက်စီးနေပါပြီ။မြန်မြန်ပျက်စီးမှပဲတော်လှန်ရေးမှာလူတိုင်းပါဝင်လာကြလိမ့်မယ်။
Read moreDetailsကယားပြည်နယ်၊ ဖရူဆိုရှိ စစ်ဘေးရှောင်စခန်းကိုစစ်တပ်က လေယာဉ်ဖြင့်လာရောက် ဗုံးကျဲလို့ ၁၂ နှစ်နှင့် ၁၅ နှစ်အရွယ်ကလေးငယ် ၂ ဦး အပါအဝင် စစ်ဘေးရှောင်ပြည်သူ ၃ ဦး ပွဲချင်းပြီးသေဆုံးသွားတယ်။တိုက်ပွဲမရှိပဲစစ်ဘေးရှောင်စခန်းကိုသက်သက်လာရောက်ဗုံးကြဲသွားတာပါ။အခုဆိုရင်ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်အတိုင်ပင်ခံကောင်စီတွေပူးပေါင်းပြီးအရေးပေါ်သတိပေးချက်တွေ၊ဗုံးခိုကျင်းတွေတူးထားဖို့ကြေငြာချက်တွေထုတ်ပြန်ထားရတယ်။တဖက်မှာလဲလေယာဥ်မပျံသန်းရဇုန်သတ်မှတ်ဖို့တောင်းဆိုထားတယ်။No Fly Zoneကတော့ဝေးပါသေးတယ်။နိုင်ငံတကာအနေနဲ့အနည်းဆုံးIDP Camp တွေလောက်တော့လုပ်ပေးသင့်တယ်။အခုလိုပြည်သူတွေအပေါ်စစ်ရာဇဝတ်မှုတွေပြောင်ပြောင်တင်းတင်းကျူးလွန်နေတာတောင်ဘယ်နိုင်ငံဘယ်အဖွဲ့အစည်းမှမလှုပ်ကြဘူး။ဒေါ်လာတွေလှူလိုက်တယ်သာကြားရပြီးအဲ့ဒီပိုက်ဆံတွေဘယ်ရောက်နေလဲ၊ဘယ်မှာသုံးနေလဲဘာမှမသိရဘူး။မြေပြင်မှာအပစ်မဲ့ပြည်သူတွေပေးဆပ်နေတယ်။...
Read moreDetailsNUGကငွေတိုက်စာချုပ်တွေကိုပြန်လည်ရောင်းချနေပြီ။နိုဝင်ဘာလထဲကရောင်းချနေတာဖြစ်ပေမယ့်အနှောက်အယှက်အခက်အခဲမျိုးစုံကြောင့်ရောင်းချမှုကိုတလလောက်နားလိုက်ရတယ်။အခုပြန်ရောင်းနေတဲ့နှစ်ပတ်အတွင်းဒေါ်လာ၃.၆သန်းထပ်ရောင်းရတယ်လို့သိရတယ်။စာချုပ်ရောင်းတဲ့ကိုယ်စားလှယ်တစ်ယောက်ကတော့နာရီဝက်ကိုနှစ်ဦးနှုန်းဝယ်ယူနေတယ်လိုပြောတယ်။အခုလက်ရှိအချိန်ထိဒေါ်လာ၁၅သန်းဖိုးလောက်ရောင်းပြီးပြီလို့ခန့်မှန်းရတယ်။ပထမအဆင့်မှာအရေးပေါ်၂၅သန်းလောက်လိုတယ်တဲ့။ဒါတွေမြန်မြန်ရောင်းရမှာတော်လှန်ရေးဟာမြန်မြန်ရှေ့ရောက်မယ်။ကိုယ်တိုင်လဲဝယ်နိုင်ဖို့ကြိုးစားရဦးမယ်။
Read moreDetailsမျှော်လင့်ချက်ပျောက်ဆုံးသွားကြတဲ့အကြောင်းကိုဆက်ပြောရရင်စစ်အာဏာမသိမ်းခင်ကလခစားဝန်ထမ်းပဲဖြစ်ဖြစ်၊ကိုယ်ပိုင်စီးပွားရေးပဲလုပ်လုပ်၊လုပ်ငန်းရှင်တွေပဲဖြစ်ဖြစ်လူတိုင်းမှာရှေ့ဆက်အကောင်အထည်ဖော်မယ့်အိမ်မက်ကိုယ်စီရှိကြတယ်။ကိုယ့်အိမ်မက်ကိုလဲလွတ်လွတ်လပ်လပ်ဖန်တီးပိုင်ခွင့်ရှိကြတယ်။နိုင်ငံဟာရှေ့ဆက်သွားဖို့ပဲတာဆူနေတဲ့အတွက်လူတိုင်းဟာအလိုက်သင့်လိုက်ပါစီးမျောသွားရုံပဲ။ စစ်အာဏာသိမ်းလိုက်တော့အဲ့ဒါတွေအကုန်ကြက်ပျောက်ငှက်ပျောက်ပျောက်ကုန်တယ်။သိကြတဲ့အတိုင်းဘာမှလုပ်မရတော့ဘူး။ကိုယ့်သူငယ်ချင်းမိတ်ဆွေတွေပဲဖြစ်ဖြစ်၊ကိုယ်ကိုယ်တိုင်ပဲဖြစ်ဖြစ်အနာဂတ်စီမံကိန်းတွေပျောက်ဆုံးကုန်တယ်။ဘယ်သူ့မေးမေးဒီအဖြေပဲထွက်တယ်။ အာဏာသိမ်းပီးတစ်နှစ်ပြည့်တဲ့အချိန်မှာအခြေအနေတွေကပိုမိုဆိုးရွားလာတယ်။တချို့တွေကစီးပွားပျက်သွားကြတယ်။တချို့တွေကမိသားစုဘဝပျက်သွားကြတယ်။တချို့တွေဆိုအသက်ပါပျောက်သွားကြတယ်။နိုင်ငံရဲ့အခြေအနေဟာစောက်ထိုးဆင်းလာတယ်။ဒီတော်လှန်ရေးမအောင်မြင်မချင်းလူတိုင်းဟာအနည်းနဲ့အများတော့ဒုက္ခရောက်နေကြမှာပဲ။
Read moreDetailsနိုင်ငံရေးအခြေအနေမကောင်းလို့နိုင်ငံခြားထွက်အလုပ်လုပ်ဖို့စိတ်ကူးမိပါတယ်။ပထမဆုံးပတ်စပို့လုပ်တဲ့အဆင့်မှာပဲစိတ်ကုန်သွားတယ်။ပတ်စပို့ရုံးမှာနိုင်ငံကူးလက်မှတ်လာလျှောက်တဲ့လူအုပ်ကြီးကထောင်နဲ့ချီတယ်။ပွဲစားတွေကခြေချင်းလိမ်နေတယ်။ရုံးထဲမှာလဲအဆင့်တိုင်းမှာလာဒ်ထိုးနေရတယ်ကြားတယ်။ပတ်စပို့ရုံးကအရင်ထဲကစစ်တပ်လက်အောက်မှာဆိုတော့ပိုဆိုးတယ်။ဒါတောင်လူအုပ်ကြီးကမနက်အစောကြီးကတည်းကလာရောက်ဒုက္ခခံပြီးတန်းစီနေကြတယ်ဆိုတော့လူတိုင်းကနိုင်ငံခြားထွက်ဖို့ပဲကြိုးစားနေကြလားမသိဘူး။ဒါလဲသူတို့ကိုအပြစ်မပြောသာဘူး။စစ်အာဏာသိမ်းထားတဲ့ဒီနိုင်ငံမှာအလုပ်အကိုင်အခွင့်အလမ်းဆိုတာရှိမှမရှိတော့ပဲ။ အောက်လမ်းကထွက်ဖို့ကြိုးစားတဲ့သူတွေလဲအများကြီးပဲ။ထိုင်းနယ်စပ်မှာဆိုနေ့စဉ်ထိုင်းနိုင်ငံထဲခိုးဝင်တဲ့မြန်မာတွေဖမ်းမိနေတာဆိုတနေ့တနေ့ရာဂဏန်းရှိနေတယ်။လူတိုင်းဟာမျှော်လင့်ချက်ကင်းမဲ့နေကြတယ်။
Read moreDetailsပြည်တွင်းကအထည်ချုပ်စက်ရုံအလုပ်သမားများရဲ့အခြေအနေဟာအာဏာသိမ်းပြီးနောက်ပိုင်းအတော်လေးဆိုးရွားနေတယ်။စက်ရုံပိုင်ရှင်တွေရဲ့ခေါင်းပုံဖြတ်ခြင်းကိုအလူးအလဲခံနေရရှာတယ်။NLDအစိုးရလက်ထက်တုန်းကလိုတိုင်တန်းစရာအဖွဲ့အစည်းလဲမရှိတော့ဘူး။မကျေနပ်လို့ဆန္ဒပြကြမယ်ဆိုလဲစစ်တပ်ကိုခေါ်ပြီးဖမ်းခိုင်းသေးတယ်။ အထည်ချုပ်လုပ်ငန်းဆိုတာအရင်ကဆိုတိုင်းပြည်အတွက်ဝင်ငွေအတော်များများရှာပေးတဲ့လုပ်ငန်းတစ်ခုပါ။အခုတော့နိုင်ငံတကာကအော်ဒါတွေလဲမရတော့ဘူး။အော်ဒါမရတော့လုပ်သားတွေအချိန်ပိုလဲမဆင်းရ၊လုပ်အားခတွေလဲလျော့ကုန်ကြတယ်။စားဝတ်နေရေးကလဲရှိသေးတော့ခေါင်းပုံဖြတ်ခံရလဲကြိတ်မှိတ်ပြီးလုပ်နေရရှာတယ်။အာဏာရူးမင်းအောင်လှိုင်ကြောင့်ဒုက္ခရောက်နေကြတဲ့သူတွေထဲမှာအခြေခံလုပ်သားတွေထိပ်ဆုံးကပါတယ်။
Read moreDetailsစစ်ကိုင်းတိုင်းပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့လက်နက်ထုတ်လုပ်ရေးစခန်းကိုစစ်တပ်ကရဟတ်ယာဉ်နဲ့လာရောက်ပစ်ခတ်သွားလို့အကုန်ပျက်စီးသွားတယ်။လူသေဆုံးမှုမရှိပေမယ့်ပစ္စည်းတန်ဖိုးသိန်းသုံးထောင်ဖိုးခန့်ဆုံးရှုံးသွားတယ်။PDFတွေအတွက်တော့ဒါဟာကြီးမားတဲ့ဆုံးရှုံးမှုပဲ။သူတို့လေးတွေအစကပြန်လုပ်ရတော့မယ်။ ကရင်ပြည်နယ်မှာလဲDKBAစခန်းတစ်ခုကိုစစ်တပ်ကသာလွန်အင်အားအမြောက်အများနဲ့တိုက်ခိုက်လို့ဆုတ်ခွာပေးလိုက်ရတယ်။လေးကေကော်ဒေသကိုလဲစစ်တပ်အုပ်စီးမိသလောက်ဖြစ်သွားပြီ။အခြေအနေတွေကိုကြားရသလောက်သိပ်မကောင်းလှဘူး။
Read moreDetailsဒီလဆန်းပိုင်းကစပြီးစစ်သူပုန်တပ်ဟာနိုင်ငံတဝန်းမှာလေကြောင်းတိုက်ခိုက်မှုတွေကိုလှိုင်လှိုင်သုံးလာတယ်။ကရင်၊ကယား၊စစ်ကိုင်းနေရာအစုံမှာရဟတ်ယာဥ်တွေရော၊လေယာဥ်တွေပါပါလာတယ်။မြေပြင်ကခြေလျင်တပ်တွေလုံးဝတိုင်ခိုက်နိုင်စွမ်းမရှိတော့တာလဲပါမှာပေါ့။ ဒါပေမယ့်စစ်သူပုန်တွေရဲ့ထုံးစံအတိုင်းအရပ်သားပစ်မှတ်တွေကိုပါရည်ရွယ်ချက်ရှိရှိအကြောင်းမဲ့လေကြောင်းကတိုက်ခိုက်နေတယ်။စစ်ကိုင်းတိုင်းဖက်မှာအဆိုးဆုံးပဲ။ထီချိုင့်၊ဝက်လက်၊ပုလဲ၊ယင်းမာပင်စတဲ့တော်လှန်ရေးအားကောင်းတဲ့ဒေသတွေမှာတိုက်ပွဲမဖြစ်ပဲရွာတွေကိုအကြောင်းမဲ့ပစ်ခတ်မီးရှို့နေတယ်။ဒေသခံပြည်သူတွေသေကြေပျက်စီးဒဏ်ရာရကုန်ကြတာလဲမနည်းတော့ဘူး။တော်လှန်ရေးတပ်ဖွဲ့တွေဖက်ကဘယ်လိုမှပြန်လည်တိုက်ခိုက်လို့မရတာဟာလဲအတော်ခံပြင်းစရာကောင်းတယ်။စစ်ကောင်စီရဲ့ပရမ်းပတာလေကြောင်းတိုက်ခိုက်မှုတွေကိုဖြေရှင်းဖို့ဝိုင်းဝန်းအဖြေရှာဖို့ကောင်းပြီ။
Read moreDetailsYou can copy without credits to our site. We Need Freedom.