အာဏာသိမ်း ဒိုင်ယာရီ

မေ ၁၁၊ ၂၀၂၁။ (အင်္ဂါ)

ဒီနေ့ဟာမြန်မာပြည်မှာအာဏာသိမ်းသွားတာရက်၁၀၀ပြည့်တဲ့နေ့ဖြစ်တယ်။ ဒီရက်တစ်ရာအတွင်းမှာကျဆုံးသွားသူက၈၀၀နီးပါးရှိနေပြီ။စစ်ကောင်စီဟာတစ်ရက်ကို၈ယောက်နှုန်း၊သုံးနာရီတိုင်းမှာတစ်ယောက်နှုန်းနဲ့အပြစ်မဲ့ပြည်သူတွေကိုဆက်လက်သတ်ဖြတ်နေဆဲပါ။ မတရားဖမ်းဆီးခံထားရသူတွေလဲ လေးထောင်နီးပါးရှိနေပါပြီ။ ခုချိန်ထိအကြမ်းဖက်မှုတွေကိုပျော်ပျော်ကြီးဆက်လက်ကျူးလွန်ဆဲပါ။ ​ပြစ်တင်၊ရှုံချ၊ဝမ်းနည်း၊အားပေးစတဲ့စကားလုံးတွေနဲ့အချိန်ကုန်နေတဲ့နိုင်ငံတကာအသိုင်းအဝိုင်းဟာအာပလာဆိုတာမြန်မာပြည်သူတွေလဲကောင်းကောင်းသိရှိနေပါပြီ။ ကိုယ့်အားကိုယ်ကိုးမှရမယ်ဆိုတာသဘောပေါက်နားလည်လာကြပါပြီ။ အဲ့ဒီအတွက်လဲပြင်ဆင်နေကြပါပြီ။ သေချာတာတစ်ခုကတော့တော်လှန်ရေးဟာအရင်ကထင်ခဲ့သလိုလွယ်လွယ်နဲ့မပြီးသွားဘူး။ သွေးတွေ၊ချွေးတွေရင်းပြီးဆက်လက်တိုက်ယူရဦးမယ်ဆိုတာပါပဲ။

Read more

မေ ၁၀၊ ၂၀၂၁။ (တနင်္လာ)

ပြည်တွင်းမှာ ရွှေစျေးတွေ၊ဒေါ်လာစျေးတွေတရိပ်ရိပ်ထိုးတက်နေပါတယ်။ ကုန်စျေးနှုန်းတွေလဲထိုးတက်နေတယ်။ စစ်အာဏာသိမ်းမှုကြောင့်တိုင်းပြည်ရဲ့စီးပွားရေးဟာထိုးဆင်းနေပါပြီ။ဘဏ်တွေ၊ATMတွေမှာငွေသားအလွယ်တကူထုတ်မရတော့လူတွေလက်ထဲမှာလဲငွေမရှိတော့ဘူး။Online Payment Systemကြီးတခုလုံးပျက်စီးသွားသောကြောင့်ဘာစီးပွားရေးလုပ်ငန်းမှမလည်ပတ်နိုင်တော့။ ဒီရက်ပိုင်းမျှော်လင့်စရာဘာသတင်းမှလဲမထူး။ ကြာရင်လူတိုင်းငတ်ကုန်ကြတော့မယ်။

Read more

မေ ၉၊ ၂၀၂၁။ (တနင်္ဂနွေ)

မြန်မာပြည်ရဲ့ဒေသအချို့ကပြည်သူတွေဟာစစ်ကောင်စီကိုရရာလက်နက်စွဲကိုင်ကာတော်လှန်နေကြပါပြီ။ အထူးသဖြင့် စစ်ကိုင်းတိုင်းနဲ့ချင်းပြည်နယ်တွေမှာပါ။ ဧပြီလဆန်းလောက်ကတည်းကစစ်ကိုင်းတိုင်းကလေးမြို့ခံတပ်သပိတ်တိုက်ပွဲဟာဒီသဘောတရားကိုစခဲ့တာပါ။ခုဆိုရင်တော်လှန်ရေးတိုက်ပွဲတွေဟာယင်းမာပင်၊ကနီ၊မင်းတပ်၊ဟားခါးစတဲ့နေရာအနှံမှာပြန့်နှံနေပါပြီ။ထိုဒေသတွေကပြည်သူတွေဟာ၁၉ရာစုခေတ်ကအမဲလိုက်တူမီးသေနတ်များကိုသာအသုံးပြုတိုက်ပွဲဝင်နေရရှာတယ်။ စစ်သူပုန်တွေကတော့လက်နက်ကြီးတွေပါအသုံးပြုပြီးရက်စက်စွာအင်အားသုံးနှိပ်ကွပ်နေပါတယ်။တချို့ရွာတွေဆိုရင်ရွာလုံးကျွတ်တောတောင်တွေထဲပြေးပုန်းနေရပါတယ်။ ဒါပေမယ့်ပြည်သူတွေဘက်ကတော့စစ်အာဏာရှင် ပြုတ်ကျ​ဖို့အတွက်လုံးဝအရှုံးမပေးပဲတိုက်ပွဲဝင်သွားတော့မှာပါ။

Read more

မေ ၈၊ ၂၀၂၁။ (စနေ)

ဘဏ်တွေပြိုတော့မယ်လို့အသံတွေထွက်နေတယ်။ ATMစက်တွေရှေ့မှာလဲငွေထုတ်ဖို့တန်းစီနေကြတဲ့သူတွေကကားမှတ်တိုင်နှစ်တိုင်စာလောက်ရှိနေကြတယ်။ စစ်ကောင်စီဟာCDMလုပ်နေတဲ့ဘဏ်တွေကိုအတင်းအကြပ်ဖွင့်ခိုင်းတယ်။ဒါပေမယ့်ငွေလာထုတ်တဲ့သူတွေကိုထုတ်ပေးစရာငွေသားအလုံအလောက်မရှိဘူး။ကန့်သတ်ချက်တွေလုပ်လာတယ်။အဲ့ဒီမှာပဲဘဏ်တွေအပေါ်ပြည်သူရဲ့ယုံကြည်မှုပျောက်ဆုံးသွားပြီးဘဏ်မှာငွေအပ်ထားတဲ့သူတိုင်းကိုယ့်ငွေကိုယ်ပြန်ထုတ်ဖို့ကြိုးစားလာကြတယ်။ ATM တွေမှာလဲငွေအလုံအလောက်မထည့်ပေးနိုင်တော့လူတွေအချိန်ကုန်ခံတန်းစီးပြီးဒုက္ခရောက်နေကြတယ်။ ဘဏ်စနစ်ကြီးတစ်ခုလုံးပြိုလဲမယ့်အရိပ်အယောင်တွေမြင်နေရပြီ။

Read more

မေ ၇၊ ၂၀၂၁။ (သောကြာ)

EAO နယ်မြေတွေမှာစစ်တပ်နဲ့တိုင်းရင်းသားလက်နက်ကိုင်တွေတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။ အထူးသဖြင့် KIA/KNU နယ်မြေတွေမှာပေါ့။ မတ်လလယ်လောက်ကတည်းကတိုက်ပွဲတွေစတင်ဖြစ်ပွားလာရာကနေခုဆိုတော်တော်အရှိန်ကောင်းနေပြီ။ စစ်ကောင်စီရဲ့တချို့ရှေ့တန်းစခန်းတွေလဲကျကုန်ကြပြီ။ စစ်ခွေးတွေလဲရှေ့တန်းမှာအကျအဆုံးအတော်များနေပြီ။ လက်ရှိအချိန်မှာစစ်သူပုန်တွေဟာပြည်သူအတွက်အသက်ပေးပြီးတိုက်ပွဲဝင်နေတယ်ဆိုတာဝါဒမှိုင်းတိုက်ထားမှန်းတနိုင်ငံလုံးကပြည်သူတွေကွက်ကွက်ကွင်းကွင်းသိရှိသွားကြပါပြီ။ သူတို့တွေရှေ့တန်းမှာအသေဆိုးနဲ့သေနေကြလဲဘယ်သူမှမသနားကြတော့ဘူး။ အားလုံးက EAO တွေဘက်မှာအားပေးနေကြပြီ။ ပြည်သူတရပ်လုံးကသူတို့ကိုကျိန်စာတိုက်လိုက်ကြပြီ။

Read more

မေ ၆၊ ၂၀၂၁။ (ကြာသပတေး)

ဒီနေ့ နေ့လည် ၂ နာရီကျော်ကျော်လောက်မှာ ရန်ကုန်မြို့တစ်ဝိုက်မှာ လေပြင်းတွေတိုက်ခိုက်ပြီး တစ်ချို့ နေရာတွေမှာ မီးပျက်သွားခဲ့တယ်။ လေနဲ့အတူ မအလတို့အုပ်စုပါသွားဖို့ကိုလည်း အလျှိုလျှိုဆုတောင်း နေကြတယ်။ ဂျီ ၇ အစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်တွေထွက်လာတယ်။ ထုံးစံအတိုင်းစိုးရိမ် ပူပန်ပါတယ်ဆိုတာမျိုး...

Read more

မေ ၅၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

အန်ယူဂျီက ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်းလိုက်ကြောင်းထုတ်ပြန်ကြေညာလိုက်တယ်။ ဒီ သတင်းကို အားလုံးကဝမ်းသာကြိုဆိုကြတယ်။ တစ်ဖက်မှာလည်း စစ်သူပုန်တွေဟာ ကျောင်းတွေ၊ တက္ကသိုလ်တွေကို ပြန်လည်ဖွင့်ဖို့ကြိုးစားနေတယ်။ ကျောင်းလခတွေကောက်ခံဖို့ပြင်ဆင်နေကြ တယ်။ သူတို့ရဲ့ လာဘ်စားလိုတဲ့စိတ်နဲ့အတူ ရသမျှသဲ့ယူဖို့ ငွေဝင်ပေါက်တွေအားလုံးကိုလိုက်လံရှာဖွေနေကြ တယ်။ ဂြိုလ်တုစလောင်းတွေကလွှင့်တဲ့ရုပ်သံလိုင်းကိုကြည့်ရင်ထောင်ဒဏ်၊ ငွေဒဏ်ချခံရမယ်လို့လည်း သတင်းထုတ်ပြန်တယ်။...

Read more
Page 133 of 143 1 132 133 134 143

Welcome Back!

Login to your account below

Create New Account!

Fill the forms bellow to register

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist