အာဏာသိမ်း ဒိုင်ယာရီ

ဖေဖော်ဝါရီ ၁၁၊ ၂၀၂၂။ (သောကြာ)

ဒီလပိုင်းတွေမှာရဲစခန်းတွေအတိုက်ခံရတဲ့ဖြစ်စဉ်တွေပိုစိပ်လာတယ်။အထူးသဖြင့်စစ်ကိုင်းတိုင်းထဲမှာဖြစ်ပွားမှုအများဆုံးဖြစ်နေတယ်။PDFတွေဟာအရင်လိုချုံခိုမိုင်းဆွဲအဆင့်မဟုတ်တော့ပဲရဲစခန်းတွေအထိဝင်ရောက်တိုက်ခိုက်နိုင်နေပြီ။မုံရွာမှာဆိုအနောက်မြောက်တိုင်းစစ်ဌာနချုပ်တောင်လျော့တိုက်ဒုံးတွေနဲ့မကြာခဏတိုက်ခိုက်ခံနေရပြီ။လက်လုပ်လက်နက်တွေကိုယ်တိုင်ထုတ်လုပ်လာနိုင်တဲ့အတွက်လက်နက်အင်အားလဲအတန်အသင့်ရှိလာခဲ့ပြီ။ တဖက်မှာလဲရွာတွေမီးရှို့ခံရမှုတွေ၂၀၂၂မှာပိုမိုများပြားလာတယ်။ဒီနှစ်လမပြည့်ခင်အတွင်းမှာပဲစစ်တပ်ဟာအိမ်ခြေ၄၅၀၀ ကျော်မီးရှို့ဖျက်စီးခဲ့ပြီးအဲ့ဒီထဲကတဝက်ကစစ်ကိုင်းတိုင်းဖြစ်နေတယ်။စစ်ကောင်စီရဲ့ယုတ်မာရိုင်းစိုင်းမှုတွေကိုစစ်ကိုင်းတိုင်းကပြည်သူတွေအလူးအလဲခံနေရရှာတယ်။

Read moreDetails

ဖေဖော်ဝါရီ ၁၀၊ ၂၀၂၂။ (ကြာသပတေး)

ဖေဖော်ဝါရီ၁၂မှာကျရောက်မယ့်ပြည်ထောင်စုနေ့မှာငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ဖို့စစ်ကောင်စီကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုဖိတ်ကြားထားတယ်။အပစ်ရပ်စာချုပ်မှာလက်မှတ်ထိုးထားတဲ့အဖွဲ့တွေရော၊မထိုးထားတဲ့အဖွဲ့တွေရောပေါ့။ အခုလက်ရှိမြေပြင်မှာတိုက်ပွဲဖြစ်နေကြတဲ့ဒေသတွေကအဖွဲ့တွေအပါအဝင်အများစုကတော့တက်ရောက်မယ်မထင်ဘူး။အဖွဲ့ကြီးတွေဖြစ်တဲ့KIAနဲ့KNUကတော့စစ်ကောင်စီရဲ့ဖိတ်ခေါ်မှုကိုလုံးဝအယုံအကြည်မရှိဘူးလို့ပြတ်ပြတ်သားသားပြောထားတယ်။​မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့MNDAA.TLNA.AA တို့ကလဲမတက်ဘူးတဲ့။တက်ရောက်မယ့်သူတွေကလည်းအဖွဲ့ငယ်လေးတွေပဲဖစ်လိမ့်မယ်။ အဲ့ဒီ​တော့ထိုဆွေးနွေးပွဲကဟန်ပြပဲဖြစ်လာလိမ့်မယ်။

Read moreDetails

ဖေဖော်ဝါရီ ၀၉၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

အသံတိတ်သပိတ်နေ့တုန်းကညောင်ဦးမှာလူတစယောက်ကိုယ့်ကိုကိုယ်မီးရှို့ဆန္ဒပြပြီးသေဆုံးသွားတယ်။ဒီကာလမှာအဲ့ဒီလောက်ပြင်းထန်တဲ့ဆန္ဒပြမှုမျိုးဒါပထမဆုံးပဲ။အသံတိတ်သပိတ်သတင်းတွေနဲ့မို့လူသိပ်မသိလိုက်ဘူး။မနေ့ကလည်းရန်ကုန်မှာ စစ်ကားရှေ့ပြေးဝင်ပြီး လက်သုံးချောင်းထောင်တဲ့ လူငယ် မိခင်ရှေ့မှာပဲ ပစ်သတ်ခံလိုက်ရတယ်။ ဒီဖြစ်စဉ်တွေဟာ ရုတ်တရက်ကြည့်လိုက်ရင် မတန်ဘဲ ပေးဆပ်လိုက်ရာ ကျတယ်။ ဒါပေမယ့် ပြည်သူတွေဟာ နက်နက်ရှိုင်းရှိုင်းကို အသိလက်လွတ်ဖြစ်တဲ့အထိစစ်အာဏာရှင်ကို မုန်းတီးနေပြီဆိုတာ ပြသနေတဲ့ ဖြစ်ရပ်တွေပဲ။ လူဆိုတာ အသက်ကို အခင်တွယ်ဆုံးပဲ။...

Read moreDetails

ဖေဖော်ဝါရီ ၀၈၊ ၂၀၂၂။ (အင်္ဂါ)

ရန်ကုန်မှာစစ်ကောင်စီကမနက်ကတည်းကပြည်ထောင်စုအလံတော်သယ်ယူပွဲလုပ်နေတယ်။အဓိကလမ်းမကြီးတွေဖြစ်တဲ့ပြည်လမ်းနဲ့ကမ္ဘာအေးဘုရားလမ်းတွေကိုပိတ်ထားလို့ခရီးသွားပြည်သူတွေဒုက္ခရောက်ကုန်တယ်။အရင်ကထိုအခမ်းအနားတွေလုပ်ရင်လမ်းပိုင်းအလိုက်ပဲပိတ်လေ့ရှိတာ။အခုတော့အကြောက်လွန်ပြီးလမ်းကြောတစ်ခုလုံးကိုပိတ်ထားတာတော့တော်တော်ကိုအဆင်မပြေဘူး။ နေလည်ပိုင်းမှာပြည်လမ်းပေါ်ကလူကူးခုံးကျော်တံတားတစ်ခုမှာစစ်အာဏာရှင်ဆန့်ကျင်ရေးဗီနိုင်းချိတ်ဆွဲနေတဲ့လူငယ်လေးတစ်ယောက်ကိုစစ်သူပုန်တွေပစ်သတ်လိုက်ကြတယ်။ဟိုတလောကကြည်မြင်တိုင်မှာစစ်ကားနဲ့ဝင်တိုက်သွားတဲ့ဖြစ်ရပ်လိုပဲပေးဆပ်ရမှုတွေဟာတန်ဖိုးကြီးလွန်းတယ်။ဒီဗီနိုင်းချပ်ကလေးမှာ ဒီလူငယ်တွေရဲ့ အသက်ဝိဉာဉ်တွေပါတယ်။ဒီဗီနိုင်းချပ်ကလေးမှာ ဒီလူငယ်လေးတွေရဲ့ မျှော်လင့်ချက်တွေပါတယ်။ဒီဗီနိုင်းချပ်ကလေးမှာ ဒီလူငယ်လေးတွေရဲ့ အများအကျိုးအတွက် အသက်စွန့်ချင်စွန့်ရပါစေဆိုတဲ့ရဲရင့်မှုတွေပါတယ်။ထိုလူငယ်လေးအသက်နဲ့ရင်းပြီးချိတ်ဆွဲသွားခဲ့တဲ့ဗီနိုင်းဟာကမ္ဘာ့တန်ဖိုးအကြီးဆုံးဗီနိုင်းပဲ။

Read moreDetails

ဖေဖော်ဝါရီ ၀၇၊ ၂၀၂၂။ (တနင်္လာ)

ရခိုင်ပြည်နယ်ဘက်မှာAAနဲ့စစ်ကောင်စီတပ်တိုက်ပွဲတွေစတင်ဖြစ်ပွားလာတာအခုဆိုရင်လေးရက်ဆက်တိုက်ဖြစ်နေပြီ။ရခိုင်ပြည်နယ်ဟာအရင်ကတိုက်ပွဲတွေပြင်းထန်ခဲ့ပေမယ့်စစ်အာဏာသိမ်းပြီးနောက်ပိုင်းအတည်ငြိမ်ဆုံးဒေသတစ်ခုဖြစ်တယ်။ဆန္ဒပြပွဲတွေတောင်သိပ်ရှိခဲ့တာမဟုတ်ဘူး။ဒါပေမယ့်အခုတော့သေနတ်သံစပေါက်ခဲ့ပြီ။စစ်ကောင်စီဟာနောက်ထပ်စစ်မျက်နှာတစ်ခုအသစ်ဖွင့်လိုက်ပြီ။ AAအဖွဲ့သာစစ်ကောင်စီကိုအတိအလင်းတော်လှန်တိုက်ခိုက်သွားမယ်ဆိုရင်တော်လှန်ရေးအတွက်ကြီးမားတဲ့အားတစ်ခုဖြစ်လာမယ်။ပြီးခဲ့တဲ့ရက်တွေကပဲတခြားEAOတွေနဲ့ပေါင်းပြီးစစ်ကောင်စီကိုတော်လှန်သွားမယ်လို့စာထုတ်ခဲ့တာအခုတော့တကယ်ဖြစ်လာခဲ့ပြီ။စစ်ကောင်စီလဲအရူးမီးဝိုင်းနေလောက်ပြီ။  

Read moreDetails

ဖေဖော်ဝါရီ ၀၆၊ ၂၀၂၂။ (တနင်္ဂနွေ)

မနေ့ကမနက်ပိုင်းကတည်းကပုလဲမြို့ပေါ်ကိုရွာလုံးကျွတ်မီးရှို့ခံထားရတဲ့ရွာတွေကပြည်သူတွေတဖွဲဖွဲရောက်ရှိလာတယ်။တချို့တွေကအိတ်လေးတွေနဲ့၊တချို့တွေကအထုတ်လေးတွေနဲ့၊တချို့တွေကအဝတ်တထည်ကိုယ်တစ်ခုနဲ့ပေါ့။ဆိုင်ကယ်တွေထော်လာဂျီတွေပေါ်မှာဘာပစ္စည်းမှများများစားစားပါမလာကြဘူး။နီးစပ်ရာနေရာတွေမှာတည်းခိုဖို့စီစဉ်ကြရင်းမြို့ပေါ်မှာစစ်ဘေးရှောင်တွေနဲ့ပြည့်နှက်သွားတယ်။တကယ်တမ်းပုလဲမြို့ပေါ်မှာလဲစိတ်ချရတာမဟုတ်ဘူး။စစ်တပ်ကယုတ်မာမယ့်သတင်းတွေအမျိုးမျိုးထွက်နေတယ်။ ဒီလိုနဲ့ညဦးပိုင်းရောက်တော့ဝုန်း...ဒိုင်းဆိုသလိုမြို့ထဲမှာပစ်ခတ်သံတွေ၊လက်နက်ကြီးကျသံတွေရုတ်တရက်ထွက်ပေါ်လာတယ်။မြို့တွင်းတိုက်ပွဲတွေတော့ဖြစ်နေပြီ။မြို့ခံတွေလဲဘာလုပ်ရမှန်းမသိပဲကိုယ့်အိမ်ထဲလုံခြုံရာနေရာရှာပြီးပုန်းနေဖို့ပဲတတ်နိုင်တယ်။ညဆယ်နာရီလောက်မှာမြို့တောင်ဘက်မှာမီးတွေစလောင်တယ်။သေနတ်သံတွေလဲနည်းနည်းစဲသွားတော့လူတွေလမ်းပေါ်ထွက်ကြည့်ကြတယ်။မြို့ထဲမှာတပ်စွဲထားတဲ့စစ်တပ်ကလမ်းပေါ်ထွက်သမျှလူတွေအကုန်လိုက်ပစ်နေတယ်။ဒါပေမယ့်တိုက်ပွဲခဏစဲနေတုန်းမှာနီးစပ်ရာရွာတွေကိုညတွင်းချင်းလူတွေပြေးကုန်ကြပြီ။မြို့ထဲဆက်နေရင်စစ်တပ်ရဲ့လက်နက်ကြီးတွေကြောင့်အကုန်သေကုန်မှာလေ။ မနက်ရောက်တော့မြို့ပေါ်ရဲစခန်းကိုPDFတွေဝင်တိုက်တာလို့သိရတယ်။PDFတွေကရဲစခန်းကိုပဲပစ်မှတ်ထားပေမယ့်စစ်တပ်ကမဲမဲမြင်ရာအကုန်ပစ်လို့ပြည်သူတွေသေဆုံးမှုတွေရှိခဲ့တယ်။မိုးလင်းတာနဲ့ပုလဲမြို့ထဲကလူတော်တော်များများအထုတ်ကြီးအထုတ်ငယ်အသွယ်သွယ်နဲ့မုံရွာ၊မန္တလေးဘက်ပြေးကြတယ်။တချို့တွေကတော့ရွာတွေထဲမှာ၊တချို့တွေကတော့မြို့ထဲမှာပဲဆက်လက်ပိတ်မိနေကြတယ်။နောက်နေ့တွေဘာတွေဆက်ဖြစ်လာမလဲဘယ်သူမှအာမမခံနိုင်တော့ဘူး။စစ်အာဏာမသိမ်းခင်ကတည်ငြိမ်အေးချမ်းခဲ့တဲ့မြို့လေးဟာနေ့ချင်းညချင်းအရုပ်ဆိုးအကျည်းတန်သွားပြီ။

Read moreDetails

ဖေဖော်ဝါရီ ၀၅၊ ၂၀၂၂။ (စနေ)

ကချင်ပြည်နယ်မှာKIAနဲ့စစ်ကောင်စီတို့တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေတယ်။ဒီလဆန်းပိုင်းကတည်းကKIAဟာပူတာအို၊ဆွမ်ပရာဘွန်၊ဖားကန့်၊တနိုင်း၊မိုးညှင်းစတဲ့မြို့နယ်တွေက စစ်ကောင်စီတပ်စခန်း​ခြောက်ခုခန့်ကိုဝင်ရောက်တိုက်ခိုက်ရာမှာအနည်းဆုံးသုံးခုခန့်သိမ်းပိုက်ရရှိထားတယ်။KIOဥက္ကဌကလဲသူတို့ရဲ့တော်လှန်ရေးနေ့မှာNUGနဲ့ပူးပေါင်းပြီးစစ်တပ်ကိုဝိုင်းဝန်းတိုက်ခိုက်ဖို့ဆော်သြထားတယ်။မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသားအဖွဲ့တွေဖြစ်တဲ့AA,TLNA,MMDAAတို့ကလဲKIAနဲ့နိုင်ငံရေး၊စစ်ရေးတွေမှာပူးပေါင်းဆောင်ရွက်ဖို့ကြေငြာချက်ထုတ်ပြန်လိုက်တယ်။အင်အားကြီးEAOအဖွဲ့တွေကတော့မကြုံစဖူးစည်းလုံးနေကြပြီ။ဖက်ဆစ်စစ်တပ်ကိုအမြစ်ဖြတ်ဖို့ပဲကျန်တော့တယ်။ စစ်ကောင်စီဘက်ပြန်ကြည့်ရင်လဲသူတို့ဟာကယားနဲ့တိုက်လိုက်၊ကရင်နဲ့တိုက်လိုက်၊ရှမ်းမြောက်နဲ့တိုက်လိုက်၊အခုကချင်ဘက်မှာပါအတိုက်ခံနေရပြီဆိုတော့စစ်မျက်နှာဖွင့်နေရတာအတော်များနေပြီ။လေတပ်ရှိနေတဲ့အတွက်ကြောင့်သာခံသာနေတာပါ။ဒီအတိုင်းဆက်သွားရင်လာမယ့်လတွေမှာတနိုင်ငံလုံးမှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာလိမ့်မယ်။

Read moreDetails

ဖေဖော်ဝါရီ ၀၄၊ ၂၀၂၂။ (သောကြာ)

ဒီနေ့မနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကင်းဝန်မင်းကြီးဦးကောင်း၏ဇာတိမြေ မင်းတိုင်ပင်ရွာကို စစ်ခွေးကောင်ရေ၁၀၀ကျော်နဲ့ဝင်မွှေနေပါတယ်။နေ့လယ်ပိုင်း၁၁နာရီခန့်ကတည်းကပျူတွေနဲ့စစ်ခွေးတွေပေါင်းပြီး စာသင်ကျောင်းထဲ တပ်စွဲပါတယ်။ လူသားဒိုင်းအဖြစ် တွေ့ရာလူဖမ်းတာ ငါးဆယ် ကျော်ပြီလို့ သိရပါတယ်။ ရွှေဆိုင်တခုဖောက်ခံရသလို၊ စျေးသည်ရွာဖြစ်တဲ့ မင်းတိုင်ပင်ဟာ စစ်ခွေး တွေအတွက် ရိက္ခာတွင်းလိုဖြစ်နေတော့ ဆိုင်အများစုကို...

Read moreDetails

ဖေဖော်ဝါရီ ၀၃၊ ၂၀၂၂။ (ကြာသပတေး)

ဒီရက်ပိုင်းစစ်ကိုင်းတိုင်းကရွာတွေအတော်များများဆက်တိုက်မီးရှို့ခံနေရတယ်။အင်မထီးရွာမှာPDFသင်တန်းဆင်းပွဲလုပ်တယ်ဆိုပြီးစစ်တပ်ကဝင်မွှေကာစတင်မီးရှို့သွားတယ်။တရက်ကိုတရွာနှုန်းလောက်စစ်တပ်ကမီးရှို့နေတာအခုဆိုရွာငါးရွာကျော်နေပြီ။ဒါဟာဒီရက်ပိုင်းစာရင်းပဲရှိသေးတယ်။ပုလဲမြို့နယ်မှာအဆိုးဆုံးပဲ။ထိုနယ်ကPDFခေါင်းဆောင်ဗိုလ်နဂါးကနာမည်ကြီးနေတော့စစ်သူပုန်တွေမဲမဲမြင်ရာမီးရှို့ဖျက်ဆီးသောင်းကျန်းနေကြတယ်။ကြားရတဲ့သတင်းတွေအရတချို့ရွာတွေဆိုအိမ်တွေဓာတ်ဆီလောင်းပြီးရွာသားတွေဆီကငွေညှစ်တယ်။ငွေပေးနိုင်တဲ့ရွာကိုထားခဲ့ပြီးငွေမပေးနိုင်တဲ့ရွာကိုမီးရှို့ပစ်ကြတယ်။ဒီကောင်တွေတော်တော်မိုက်ရိုင်းနေပြီ။

Read moreDetails

ဖေဖော်ဝါရီ ၀၂၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

ကမ်ဘောဒီးယားအာဆီယံအလှည့်ကျဥက္ကဌဖြစ်ကတည်းကအချိန်အတော်ကြာအကျပ်အတည်းဖြစ်နေတဲ့အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာစစ်ကောင်စီကိုမဖိတ်ဖို့သဘောတူညီချက်ရသွားပြီ။ဟွန်ဆန်ကကုလားဖန်ထိုးဖို့ကြိုးစားပေမယ့်မအောင်မြင်ခဲ့ပဲသူနာမည်ပျက်တာပဲအဖတ်တင်သွားတယ်။မင်းအောင်လှိုင်ကိုဘဝတူအာဏာရှင်ဟွန်ဆန်တောင်မကယ်တင်နိုင်ခဲ့ဘူး။ UNမှာတော့တနှစ်ပြည့်အာဏာသိမ်းမှုအတွက်UNSCရော၊အထွေထွေအတွင်းရေးမှုးချုပ်ကရောခုထိစစ်တပ်ကိုတောင်းဆိုနေတုန်းပဲ။တောင်းဆိုတာကလွဲပီးဘာမှမလုပ်တတ်တဲ့၊ဘာမှလဲမလုပ်နိုင်တဲ့ကုလသမဂ္ဂဟာအတော်သနားစရာကောင်းနေပြီ။လတ်တလောဖြစ်နေတဲ့ယူကရိန်းအရေးမှာဆိုအသံတောင်မထွက်နိုင်ရှာဘူးဖြစ်နေတယ်။ရယ်စရာပဲ။

Read moreDetails
Page 132 of 170 1 131 132 133 170

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist