အာဏာသိမ်း ဒိုင်ယာရီ

ဖေဖော်ဝါရီ ၂၁၊ ၂၀၂၂။ (တနင်္လာ)

ဂမ်ဘီယာကမြန်မာကိုတရားစွဲထားတဲ့အမှုကိုICJကစစ်ကောင်စီကိုယ်စားလှယ်ကိုလက်ခံစစ်ဆေးခဲ့တယ်။NUGကကုလသံအမတ်ဦးကျော်မိုးထွန်းကိုကိုယ်စားလှယ်အဖြစ်တင်ပြခဲ့ပေမယ့်ICJကလက်မခံခဲ့ဘူး။ဘယ်လိုပဲဖြစ်ဖြစ်ဒီအမှုကိုစစ်ကောင်စီကတာဝန်ခံရမှာပဲ။နိုင်ငံတကာတရားရုံးကစစ်ဆေးတဲ့အတွက်အနည်းဆုံးနှစ်နှစ်လောက်တော့ကြာဦးမယ်။ မနက်ဖြန်တော့၂ခြောက်လုံးပြည်သူတွေစုရုံးသပိတ်လုပ်ဖို့ဆော်သြနေကြတယ်။အင်တာနက်လိုင်းတွေလဲဖျက်မယ်လို့သတင်းတွေထွက်နေတယ်။တနိုင်ငံလုံးပြည်သူတွေစုရုံးသပိတ်လုပ်ဖို့ဆော်သြနေကြတယ်။

Read moreDetails

ဖေဖော်ဝါရီ ၂၀၊ ၂၀၂၂။ (တနင်္ဂနွေ)

ရန်ကုန်ကစစ်ကောင်စီရဲ့မှော်ဘီလေတပ်စခန်းဌာနချုပ်မှာဗုံးခွဲခံရလို့တိုက်လေယာဥ်နှစ်စီးပျက်စီးသွားတယ်။တိုင်းရင်းသားပြည်သူတွေကိုလေကြောင်းကနေအကြမ်းဖက်မှုတွေလုပ်နေတဲ့စစ်ကောင်စီအတွက်တော့ဒါဟာသတင်းဆိုးပဲ။PDFတွေဘက်ကအဲ့လောက်ထိလုပ်နိုင်တယ်ဆိုတာအတော်ချီးကျူးဖို့ကောင်းတယ်။ ချင်းပြည်နယ်မင်းတပ်မြို့ကဒုတိယအကြီးဆုံးဆေးရုံကိုPDFတွေနဲ့ပတ်သက်တယ်ဆိုပြီးစစ်တပ်ကဝင်ရောက်ဖျက်စီးပစ်လိုက်လို့ဒေသခံတွေရဲ့ကျန်းမာရေးစောက်ရှောက်မှုကိုထိခိုက်သွားစေတယ်။ဆေးရုံးတစ်ခုလုံး X ray စက်တွေ၊ဓာတ်ခွဲခန်းတွေပါမကျန်ဖျက်စီးသွားတာပါ။စစ်ကောင်စီဟာသူတို့သံသယရှိရင်ဆေးရုံကြီးတွေပါမကျန်တရားလက်လွတ်ဖျက်စီးနေကြပြီ။

Read moreDetails

ဖေဖော်ဝါရီ ၁၉၊ ၂၀၂၂။ (စနေ)

မိုးဗြဲမှာဆက်လက်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာဒီနေ့KNDFဘက်ကအယောက်၂၀ကျော်ကျဆုံးသွားတယ်။ကျဆုံးသွားတယ်သူတွေထဲမှာတိုက်ပွဲအတွင်းဆေးအကူပေးနေတဲ့ဆရာဝန်ကြီးတစ်ဦးအပါအဝင်ဆေးတပ်သားတွေလဲပါသွားတယ်။တနေကုန်တိုက်ပွဲပြင်းထန်နေပြီးညနေပိုင်းရောက်မှစစ်တပ်ကပစ်တဲ့လက်နက်ကြီးတွေနဲ့လေကြောင်းပစ်ကူဒဏ်တွေကြောင့်ကျဆုံးသွားရတာလို့ပြောတယ်။ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေဘက်ကတော့စစ်တပ်ရဲ့သံချပ်ကာကားနှစ်စီးကိုဖျက်စီးလိုက်နိုင်တယ်။ဒါပေမယ့်လဲဒါကိုကျဆုံးသွားတဲ့ရဲဘော်လေးတွေရဲ့အသက်နဲ့တော့မလဲနိုင်ဘူး။တိုက်ပွဲဟာဆက်လက်ပြင်းထန်နိုင်ပြီးကျည်ဆံအကူအညီအတွက်အားချင်းအလှူခံနေကြရတယ်။တကယ်တန်းရင်ဆိုင်တိုက်ကြတဲ့အခါပြည်သူတွေဘက်ကလက်နက်ခဲယမ်းအင်အားချို့တဲ့နေတုန်းပဲ။ ဒီနေ့စစ်ကိုင်တိုင်းရေဦးမှာလဲလက်နက်အင်အားမမျှလို့PDFငါးယောက်ထပ်ပြီးကျဆုံးသွားသေးတယ်။သူတို့လေးတွေဟာတကယ်တမ်းတော့မသေသင့်ပဲသေသွားကြရတဲ့သူတွေချည်းပဲ။တော်လှန်ရေးကာလကြာလေလေရင်နာစရာတွေပိုဖြစ်လာလေလေပဲ။

Read moreDetails

ဖေဖော်ဝါရီ ၁၈၊ ၂၀၂၂။ (သောကြာ)

ကယားပြည်နယ်မှာတိုက်ပွဲတွေအပြင်းအထန်ဆက်လက်ဖြစ်ပွားနေပြန်ပြီ။ပြီးခဲ့တဲ့လကမြို့တော်လွိုင်ကော်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေဟာမြောက်ဘက်ကရှမ်းကယားနယ်စပ်မိုးဗြဲမြို့ကိုရောက်ရှိလာတယ်။အကြောင်းရင်းကတော့စစ်ကောင်စီဟာကယားကနေနေပြည်တော်သွားတဲ့လမ်းပေါ်မှာရှိတဲ့မိုးဗြဲမြို့ကိုသံချပ်ကာကားတွေအပါအဝင်အင်အားနှစ်ရာခန့်သုံးပြီးထိန်းချုပ်ဖို့ကြိုးစားလာတယ်။နေပြည်တော်နဲ့လေးနာရီခန့်သာခရီးဝေးတာကြောင့်မိုးဗြဲဟာသူတို့အတွက်အရေးပါတယ်။ ပီးရင်KNDFစိုးမိုးနယ်မြေတွေဖြစ်တဲ့ဒီမော့ဆိုကိုပါစစ်ကြောင်းထိုးဖို့ပြင်ဆင်နေတာကြောင့်ကယားပြည်နယ်ကလက်နက်ကိုင်တပ်ဖွဲ့တွေစုပေါင်းပြီးခုခံနေကြတယ်။စစချင်းနေ့မှပဲစစ်တပ်ဖက်ကအကျအဆုံးတွေများလို့ညနေပိုင်းမှာထုံးစံအတိုင်းလေကြောင်းပစ်ကူတွေသုံးလာတယ်။ပြည်သူတချို့လဲမြို့ထဲမှာပိတ်မိနေကြတယ်။ကယားပြည်နယ်တစ်ခုလုံးလဲစစ်မြေပြင်ဖြစ်နေပြီ။

Read moreDetails

ဖေဖော်ဝါရီ ၁၇၊ ၂၀၂၂။ (ကြာသပတေး)

ဒီနေ့နေ့လည်ပိုင်းမှာ အင်အား ၂၀၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်သားများ၊ ပျူ‌စောထီးများပါဝင်သည့် ပူးပေါင်းအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်များစစ်ကိုင်းတိုင်း ခင်ဦးမြို့နှင့် လေးမိုင်ခန့်အကွာ ကံကြီးကုန်း၊ မြို့သစ်၊ တပင်ကောင်းစသည့် ကျေးရွာများအနီးတွင် တိုက်ပွဲစတင်ဖြစ်ခဲ့တယ်။ မြို့သစ်ရွာ ဘုရားဝန်းထဲမှာ စစ်တပ်က နေရာယူထားပြီး ဒေသခံ...

Read moreDetails

ဖေဖော်ဝါရီ ၁၆၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

ဒီနေ့မနက်ပိုင်းစစ်ကိုင်းတိုင်းဘက်မှာစစ်ကောင်စီတိုက်လေယာဥ်တစ်စင်းပျက်ကျပြီးလေယာဉ်မှုးပါသေဆုံးသွားတယ်။သေဆုံးသွားတဲ့လေယာဉ်မှူးကအိမ်ထောင်ကျပီးတာမကြာသေးဘူး။တနိုင်ငံလုံးကပြည်သူတွေကတော့ဝမ်းမြောက်ဝမ်းသာထောပဌာပြုကြတယ်။ဒါကိုကြည့်ခြင်းအားဖြင့်စစ်တပ်အသိုင်းအဝိုင်းကသူတွေနာတတ်ရင်နာဖို့ကောင်းနေပြီ။သူတို့ဘယ်လိုပဲသေသေဘယ်ပြည်သူမှဝမ်းနည်းမနေတဲ့အပြင်ကောင်းချီးသြဘာတောင်ပေးကြသေးတယ်။ဒါလဲမနာတတ်ကြဘူး။စစ်အာဏာရှင်လက်တစ်ဆုပ်စာလူတစ်စုကိုပဲအသက်ပေးပြီးကာကွယ်နေကြတယ်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးမတိုင်ခင်မှာပဲဟွန်ဆန်ကမင်းအောင်လှိုင်ကိုလက်လျော့လိုက်ပြီလို့စိတ်ပျက်လက်ပျက်ပြောသွားတယ်။ခေါင်းမာတဲ့အကြမ်းဖက်စစ်ခေါင်းဆောင်တွေအကြောင်းကောင်းကောင်းကြီးသိသွားလေရဲ့။ဒီနှစ်အလှည့်ကျဥက္ကဌကြီးကလက်လျော့လိုက်ပီဆိုတော့အာဆီယံရဲ့ဖြေရှင်းနိုင်မှုဟာဇတ်မြောကြီးပဲဖြစ်နေဦးမယ်။

Read moreDetails

ဖေဖော်ဝါရီ ၁၅၊ ၂၀၂၂။ (အင်္ဂါ)

တော်လှန်ရေးမှာထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေတဲ့သူအများစုရဲ့နေအိမ်တွေချိတ်ပိတ်ခံနေရတယ်။စစ်ကောင်စီဟာသူတို့မထင်ရင်မထင်သလိုစွပ်စွဲပြီးနေအိမ်တိုက်ခန်းတွေကိုချိတ်ပိတ်နေတာတနိုင်ငံလုံးမှာအတော်များနေပြီ။အထူးသဖြင့်မြို့ကြီးတွေမှာပေါ့။ရွာတွေဘက်မှာမီးရှို့ခံနေသလိုမြို့တွေပေါ်မှာလဲအိမ်တွေချိတ်ပိတ်ခံနေရတယ်။ခံစားရတဲ့ပြည်သူအတွက်တော့ဒီတိုက်ပွဲဟာနိုင်မှဖြစ်မယ်။ ဆက်သွယ်ရေးကုမ္မဏီတယ်လီနော်ရဲ့လက်လွှဲရောင်းချမှုဟာလဲအခုချိန်ထိပြသာနာတက်နေဆဲပဲ။ဝယ်ယူမယ့်ကုမ္မဏီတွေထဲမှာစစ်တပ်ပိုင်ကုမ္မဏီတွေပါဝင်နေလို့အရပ်ဖက်အဖွဲ့အစည်းတွေကဝိုင်းဝန်းကန့်ကွက်တိုင်တောနေကြတယ်။နော်ဝေးအစိုးရကတော့ဒီကိစ္စကိုသူတာဝန်မယူနိုင်ဘူးပြောတယ်။ဒါကြောင့်တယ်လီနော်သုံးစွဲသူတွေရဲ့သတင်းအချက်အလက်ပေါက်ကြားနိုင်မှုဟာအတော့်ကိုစိုးရိမ်စရာကောင်းနေပြီ။တယ်လီနော်ထွက်သွားခဲ့ရင်မြန်မာပြည်မှာသမာသမတ်ကျတဲ့ဆက်သွယ်ရေးအော်ပရေတာဆိုလို့အော်ရီဒူးပဲကျန်တော့မယ်။

Read moreDetails

ဖေဖော်ဝါရီ ၁၄၊ ၂၀၂၂။ (တနင်္လာ)

ကိုဗစ်စတုတ္ထလိုင်းမြန်မာပြည်ကိုဝင်ရောက်လာပါပြီ။မျိုးကွဲသစ်အိုမီခရွန်ကြောင့်ရန်ကုန်၊မန္တလေးအပါအဝင်တနိုင်ငံလုံးမှာလူတွေတော်တော်များများနာမကျန်းဖြစ်နေကြတယ်။အခုမျိုးကွဲသစ်ကနည်းနည်းပျော့လို့တော်သေးတယ်။အသေအပျောက်ရှိတဲ့အသံတွေမကြားမိသေးဘူး။ စစ်ကောင်စီကတော့အခုမှဟန်ပြကွာရတင်းစင်တာတွေစလုပ်တုန်းပဲ။စစ်ကောင်စီဟာကိုဗစ်ကိုထိထိရောက်ရောက်ကာကွယ်ဖို့စိတ်ကူးမရှိဘူး။ကိုဗစ်ကိုအသုံးချပြီးပြည်သူတွေကိုဒုက္ခရောက်အောင်၊တော်လှန်ရေးကိုမကူညီနိုင်အောင်ပြုလုပ်ဖို့သာကြံစည်နေတယ်။တတိယလှိုင်းတုန်းကလဲထိရောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုမပေးတဲ့အပြင်ဆေးတွေ၊အောက်ဆီဂျင်အိုးတွေကိုရည်ရွယ်ချက်ရှိရှိကန့်သတ်ခဲ့လို့ပြည်သူအများအပြားသုသာန်မဆံတော့တဲ့အထိသေဆုံးခဲ့ရတယ်။ အခုလဲတနိုင်ငံလုံးကိုရောဂါဖြန့်ဝေဖို့ကြံစည်နေပြန်ပြီ။ရန်ကုန်ကစက်ရုံကြီးတစ်ခုကကိုဗစ်ကူးစက်ခံနေရတဲ့ဝန်ထမ်းတွေကိုလော့ဒေါင်းမချပဲတရုတ်နှစ်သစ်ကူးပိတ်ရက်မှာနယ်ပြန်ဖို့ခွင့်ပြုပေးခဲ့တယ်။ဒါပေမယ့်ရောဂါပိုးဟာသိပ်ပြင်းထန်မှုမရှိတာကြောင့်သူတို့ဖြစ်စေချင်သလိုဖြစ်လာမှာတော့မဟုတ်ဘူး။ဘာပဲဖြစ်ဖြစ်ဒီကာလမှာကျန်းမာရေဂရုစိုက်သင့်တယ်။

Read moreDetails

ဖေဖော်ဝါရီ ၁၃၊ ၂၀၂၂။ (တနင်္ဂနွေ)

မနေ့ကစစ်ကောင်စီကျင်းပသွားတဲ့ပြည်ထောင်စုနေ့ပွဲနဲ့တပြိုင်နက်NUGကလဲ၇၅နှစ်မြောက်ပင်လုံစာချုပ်နှစ်ပတ်လည်ပွဲလုပ်သွားတယ်။ထိုအခမ်းအနားကိုတိုင်းရင်းသားအဖွဲ့တွေသာမကနိုင်ငံတကာကကိုယ်စားလှယ်တွေပါတက်ရောက်လို့စစ်ကောင်စီပြုလုပ်တဲ့ပွဲထက်အောင်မြင်တယ်လို့ပြောရမယ်။နေပြည်တော်လုပ်တဲ့စစ်ကောင်စီနဲ့EAOတွေတွေ့ဆုံပြီးငြိမ်းချမ်းရေးဆွေးနွေးပွဲကတော့အဓိကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမတက်ရောက်ခြင်း၊တက်ရောက်လာတဲ့အဖွဲ့တွေကလဲခေါင်းဆောင်များမပါဝင်ခြင်းတို့ကြောင့်ခန့်မှန်းထားသလိုမအောင်မြင်ခဲ့ဘူး။ စစ်ကောင်စီဟာပြည်ထောင်စုနေ့မှာအကျဉ်းသားရှစ်ရာကျော်လွှတ်ပေးခဲ့သေးတယ်။ဒါပေမယ့်နိုင်ငံရေးအကျဉ်းသားတွေတော့မပါဝင်ခဲ့ဘူး။

Read moreDetails

ဖေဖော်ဝါရီ ၁၂၊ ၂၀၂၂။ (စနေ)

ဒီနေ့ပြည်ထောင်စုနေ့မှာပြည်သူအားလုံး Black TV Day ကန်ပိန်းပြုလုပ်ကြတယ်။နေပြည်တော်မှာကျင်းပတဲ့စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ဗိုလ်ရှုသဘင်ပွဲနဲ့ပတ်သက်ပြီးဘာမှမရေးကြ၊မတင်ကြ၊မရှယ်ကြဖို့ပဲ။ပြည်သူတွေဘက်ကတော့တကယ်ညီတယ်။သတင်းဌာနကြီးတွေကအစထိုပွဲနဲ့ပတ်သက်ပြီးဘာမှတက်မလာဘူး။မင်းအောင်လှိုင်တစ်ယောက်အချိန်ကုန်ခံ၊ငွေကုန်ခံ၊အလုပ်ရှုပ်ခံပြီးဘုရင်ရူးသမျှပြည်တွင်းမှာရောနိုင်ငံတကာမှာပါဘယ်သူမှအဖက်လုပ်ခြင်းမခံရပဲဆုံးဆုံးမြုပ်သွားတယ်။အဲ့ဒီလိုဘယ်သူမှအရေးစိုက်တဲ့ပွဲကိုအောင်အောင်မြင်မြင်လုပ်နိုင်ဖို့စစ်ကောင်စီဟာမနက်မှညအထိမိုဘိုင်းအင်တာနက်တွေဖြတ်တောက်ထားသေးတယ်။ပွဲမလုပ်ခင်ညမှာလဲနေပြည်တော်တခွင်မှာPDF တွေကဖောက်ခွဲမှုတွေပြုလုပ်ခဲ့တာကြောင့်လဲဖြစ်မှာပေါ့။ တော်လှန်ရေးသမားတွေဘက်ကဒီနေ့ညနေပိုင်းမှာလက်ခုပ်တီး၊ဟွန်းတီးလက်သုံးချောင်းထောင်ကမ်ပိန်းပြုလုပ်ဖို့ဆော်သြခဲ့ပေမယ့်လူသိပ်မသိတာကြောင့်မအောင်မြင်ခဲ့ဘူး။ဒီအရေးတော်ပုံမှာလူထုသပိတ်တွေနည်းမျိုးစုံနဲ့ဆက်ရှိနေဖို့ကအရေးကြီးတဲ့အချက်တစ်ခုဖြစ်နေသေးတယ်။

Read moreDetails
Page 131 of 170 1 130 131 132 170

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist