အမေရိကန်အာဆီယံထိပ်သီးအစည်းအဝေးကိုဝါရှင်တန်မှာပြုလုပ်နေပြီ။စစ်ကောင်စီကိုယ်စားလှယ်တော့ထုံးစံအတိုင်းမပါဘူးပေါ့။ထူးခြားမှုတစ်ခုကNUGနိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ကိုအမေရိကန်ကဖိတ်ကြားထားတာပဲ။သူမဟာထိပ်သီးအစည်းအဝေးကိုတက်ခွင့်မရှိပေမယ့်တခြားနိုင်ငံအကြီးအကဲတွေနဲ့တွေ့ဆုံနိုင်လိမ့်မယ်။တကယ်တော့ဒီပွဲနဲ့တိုက်ဆိုင်စွာပဲအမေရိကန်ကသူမကိုမဖိတ်ခေါ်ချင်လဲရနေတာပဲ။ဒါဟာNUGကိုအတိုင်းအတာတစ်ခုအထိအသိအမှတ်ပြုပြီးလူရာသွင်းလိုက်တာလို့ယူဆရတယ်။
မင်းအောင်လှိုင်ကအကာအကွယ်ပေးနေပြီးပေါက်ပန်းလေးဆယ်တွေပြောနေတဲ့ဟွန်ဆန်ကတော့ထိုပွဲမှာဖိနပ်နဲ့မှာအပေါက်ခံရတယ်။သူဟာသူ့ညှိနှိုင်းမှုတွေကိုဆန့်ကျင်နေတဲ့မြန်မာပြည်သူတွေကိုလူသတ်သမားတွေလို့ရိုင်းစိုင်းစွာပြောဆိုသွားသေးတယ်။