အာဏာသိမ်း ဒိုင်ယာရီ

ဧပြီ ၂၄၊ ၂၀၂၁။ (စနေ)

‌ဒေါ်သက်သက်ခိုင်အိမ် ဗုံးပေါက်တယ်ကြားပါတယ်။ ပြည်သူတွေလုပ်တာလို့သူတို့က စွပ်စွဲနိုင်ပေမယ့် ပြည်သူတွေဆီမှာ ဘာလက်နက်မှမရှိတာပဲကို။ ပြီးတော့ ညဖက် ၉ နာရီအချိန်ဆိုတော့ အပြင်မထွက်ရ ဘူးလို့သတ်မှတ်ထားတယ်လေ။ အပြင်ထွက်ရင် သေနတ်နဲ့ပစ်သတ်ကြတော့ ဘယ်သူ့မှအပြင်မထွက်ရဲ ကြတော့ဘူး။ အာဆီယံအစည်းအဝေးကို မအလ တက်ရောက်ဖို့ ဂျာကာတာကိုရောက်ကတည်းက...

Read more

ဧပြီ ၂၃၊ ၂၀၂၁။ (သောကြာ)

မအလ အာဆီယံအစည်းအဝေးတက်မယ့်ကိစ္စနဲ့ပတ်သက်ပြီး လူပြောများကြတယ်။ ဆိုရှယ်မီဒီယာပေါ် မှာပါ။ အပြင်မှာကတော့ ရန်ကုန်မြို့နေရာအချို့မှာ ဆန္ဒထုတ်ဖော်တဲ့လူအုပ်ကြီး‌တွေ အလျှိုလျှိုထွက် ပေါ်လာပါတယ်။ တောင်ဉက္ကလာသားတို့ရဲ့ ပုံတွေတက်လာတာ အားရစရာကောင်းတယ်။ ရန်ကုန်ဟာ ပုံမှန်အတိုင်းသွားလာနေပြီလို့ဘယ်သူပြောလဲ။ ရန်ကုန်မှာနေတဲ့သူတွေဟာ စားဝတ်နေရေးအတွက် ခဏ တာအပြင်ထွက်ပြီးရုန်းကန်ကောင်းရုန်းကန်ရလိမ့်မယ်။ ဒါပေမဲ့အားလုံးရဲ့စိတ်ထဲမှာတော့...

Read more

ဧပြီ ၂၂၊ ၂၀၂၁။ (ကြာသပတေး)

စီဒီအမ်သမားတွေကို အုံနဲ့ကျင်းနဲ့လိုက်လံဖမ်းဆီးနေကြတယ်။ ဆန္ဒပြလူငယ်တွေကိုလည်းလိုက်လံဖမ်း ဆီးနေကြတယ်။ သူတို့ရဲ့ ရက်စက်မှုအရှိန်က လုံးဝလျော့မသွားဘူး။ စိတ်ပျက်စရာကောင်းလှတယ်။ အင်း စိန်ပိန်းနဲကုန်းထဲမှာ ဧည့်စာရင်းလာစစ်တယ်။ အိမ်ထဲကလူတွေအားလုံးကို အပြင်ထွက်ခိုင်းပြီးစစ်အုပ်စု က အိမ်ထဲကိုတက်ရှာတယ်။ တစ်အိမ်လုံးကိုလည်းမွှေနှောက်သွားတယ်။ လူတွေလည်းကြောက်နေကြ တယ်။ ကျွန်တော့်အဒေါ်ဆို သူ့မှာရှိတဲ့ပိုက်ဆံတွေကို...

Read more

ဧပြီ ၂၁၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

နွေဦးတော်လှန်ရေးကြောင့်အဖမ်းခံရသူတွေလွှတ်ပေးဖို့တောင်းဆိုတဲ့ သပိတ်လုပ်ကြတယ်။ အင်္ကျီအပြာ ဝတ်ပြီးလက်ဝါးပေါ်မှာ ကိုယ်လွတ်စေချင်တဲ့သူရဲ့နာမည်ရေးပြီး ဓါတ်ပုံရိုက်တယ်။ အဲဒီပုံကို ဖေ့စ်ဘုတ် ပေါ်မှာတင်ပြီး ဆန္ဒထုတ်ဖော်ကြတာမျိုးပါ။ အင်တာနက်အသုံးပြုခွင့်ရနေသေးတဲ့သူတော်တော်များများ ပါဝင်ကြတယ်။ စစ်တပ်က အများပြည်သူကိုမတရားဖမ်းဆီးမှုအတွက် တတ်နိုင်သမျှဆန္ဒထုတ်ဖော်တဲ့ လှုပ်ရှားမှုတွေထဲကတစ်ခုဖြစ်တယ်။ စစ်တပ်ကပြုလုပ်ခဲ့တဲ့ သင်္ကြန်မှာပါဝင်ခဲ့သူတစ်ချို့ဟာ သူတို့ဟာ ဒလန်မဟုတ်ပါဘူးဆိုပြီး...

Read more

ဧပြီ ၁၉၊ ၂၀၂၁။ (တနင်္လာ)

စစ်သင်တန်းတက်နေတဲ့လူငယ်တွေရဲ့ ဓါတ်ပုံကို ဖေ့စ်ဘုတ်ပေါ်တင်တဲ့ကိစ္စနဲ့ပတ်သက် ပြီး လူပြောများနေကြတယ်။ အဲဒီလိုပုံတွေဟာ လုံးဝမတင်သင့်တဲ့အကြောင်း၊ စစ်သူပုန်တွေသတိပြုမိပြီး ဒု က္ခပေးနိုင်တဲ့အကြောင်းပြောကြတယ်။ ဆိုရှယ်မီဒီယာဟာ သုံးတတ်ရင်ဆေး မသုံးတတ်ရင်အန္တရယ် ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာကျင်းပမယ့် အာဆီယံအရေးပေါ်အစည်းအဝေးကို မအလက အွန်လိုင်းကနေပဲတက် ဖို့တောင်းဆိုတယ်လို့သတင်းထွက်ပါတယ်။ ဒါဟာ...

Read more

ဧပြီ ၁၈၊ ၂၀၂၁။ (တနင်္ဂနွေ)

လာမယ့် ၂၀ ရက်မှာ ပြုလုပ်မယ့် အာဆီယံအရေးပေါ်အစည်းအဝေးမှာ မင်းအောင်လှိုင်တက်ဖို့ဖိတ်ခေါ် ခံရတာနဲ့ပတ်သက်လို့ လူပြောများနေကြတယ်။ မင်းအောင်လှိုင်သာ မြန်မာနိုင်ငံအပြင်ဖက်ကိုထွက်ရင် အိုင်စီဂျေအမှုနဲ့ဖမ်းဆီးဖို့ကိုလည်းပြောနေကြတယ်။ နိုင်ငံအရေးနဲ့ပတ်သက်လို့ ပြည်သူတွေဟာအရာရာ တိုင်းကို နားထောင်နေကြတယ်။ သတင်းမပြတ်စေဖို့ အွန်လိုင်းသုံးလို့ရတဲ့သူတွေကိုမေးကြတယ်။ ဒါ ကြောင့် စစ်သူပုန်တွေဟာ...

Read more

ဧပြီ ၁၇၊ ၂၀၂၁။ (စနေ)

အစိုးရသစ် အစည်းအဝေးပြုလုပ်တဲ့သတင်းတွေတက်လာတယ်။ ကျွန်တော်တို့အတွက် လွတ်မြောက် ရေးလမ်းစတွေ့နေပြီလားလို့ ထင်မိတယ်။ အရာရာတိုင်းဟာ မျှော်လင့်ချက်တွေနဲ့ချည်းပါပဲ။ NUG နဲ့ ပတ်သက်လို့ အသံအမျိုးမျိုးထွက်နေပေမယ့် ကောင်းသောအကြောင်းအရာတွေများပါတယ်။ တစ်ဖက် မှာလည်း စစ်သူပုန်တွေဟာ မြန်မာနိုင်ငံသားတွေကို နေရာအနှံ့လိုက်လံနှိပ်စက်နေကြတယ်။ သပိတ်စစ် ကြောင်းတွေထွက်လို့မရအောင်...

Read more

ဧပြီ ၁၆၊ ၂၀၂၁။ (သောကြာ)

CRPH ရဲ့ အစိုးရသစ်ကို ဒီနေ့ညမှာ ကြေညာလိုက်တယ်။ အားလုံးမျှော်လင့်နေတာမို့ ဝမ်းသာကြတာ ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် အခုချိန်မှာ ကောက်ရိုးတစ်မျှင်ပါပဲ။ ဒါပေမဲ့ ခြေလှမ်းသွက်ဖို့လိုနေသေးတယ်လို့မြင် တယ်။ စစ်အာဏာလုကောင်စီက ဘယ်စုံတောင့်စုံကနေ ယုတ်မာကောက်ကျစ်နေတဲ့အချိန်မှာ ပြည်သူ့ အစိုးရကလည်း ခြေလှမ်းမြန်မြန်သွားစေချင်တယ်။...

Read more

ဧပြီ ၁၅၊ ၂၀၂၁။ (ကြာသပတေး)

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို အိမ်စီးကားနဲ့တိုက်ပြီး ဖမ်းဆီးသွားတယ်။ စစ်သူပုန်တွေအနေနဲ့ မြန်မာတစ်ပြည်လုံးမှာရှိတဲ့ စစ်အာဏာရှင်ဆန့်ရှင်ရေးမှာ တက်ကြွစွာပါဝင်သူတွေကို လိုက်လံဖမ်းဆီးနေ တယ်။ ၅၀၅ (က) နဲ့ ဖမ်းဝရမ်းထုတ်တာကိုလည်း တစ်နေ့ အယောက် (၂၀) စီ ကို သူတို့ရဲ့...

Read more
Page 135 of 143 1 134 135 136 143

Welcome Back!

Login to your account below

Create New Account!

Fill the forms bellow to register

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist