ကျွန်တော်စိတ်ဓါတ်တွေကျလာတယ်။ ကျွန်တော့်လိုပဲ မြန်မာပြည်သူပြည်သားအားလုံးစိတ်ဓါတ်တွေ ကျနေလိမ့်မှာဆိုတာအသေအချာပဲ။ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်အမြန်ဆုံးအဆုံးသတ်ချင်နေကြ ပါပြီ။ အခုရက်ပိုင်း စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲသွားတဲ့သတင်း၊ ရွာတွေကို မီးရှို့သွားတဲ့သတင်း၊ အပြစ် မဲ့ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်သွားတဲ့သတင်းတွေ နားနဲ့မဆံ့နေအောင်ကြားနေရတယ်။ ဘယ်လို လုပ်ရမလဲမသိတော့ဘူး။ တရားမျှတမှုဆိုတာ မြန်မာနိုင်ငံမှာမရှိတော့ပါဘူး။
Read moreDetailsဇေကမ္ဘာဦးခင်ရွှေနဲ့ သူ့သားဇေသီဟတို့ကို စစ်တပ်က ဖမ်းဆီးသွားတယ်လို့သတင်းတွေမှာဖော်ပြတယ်။ ခရိုနီတွေဆီကို စစ်တပ်က မျက်စိကျနေပြီလား။ ဇေကမ္ဘာခင်ရွှေဟာ စစ်တပ်ဖက်အသိုင်းအဝိုင်းနဲ့နီးစပ် သူဖြစ်လို့ အဖမ်းခံရတယ်ဆိုတာမဖြစ်နိုင်ဘူးလို့ယူဆကြတယ်။ စစ်တပ်က ဘယ်လိုအကွက်တွေရွှေ့ပြန် ပြီလဲ။ ဖမ်းဆီးရတဲ့အကြောင်းပြချက်တွေကတော့ အမျိုးမျိုးပဲမို့ လူတွေကစိတ်မဝင်စားကြပါဘူး။ သူတို့ က သူတို့ဖမ်းချင်ရင်...
Read moreDetailsမြဝတီမှာရှိတဲ့စစ်စခန်းကို KNLA က သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့တယ်။ ဓါတ် ပုံတွေ ဆိုရှယ်မီဒီယာပေါ်တက်လာတော့အားလုံးကဝမ်းသာကြတယ်။ ကျွန်တော်တို့ မြန်မာပြည်သူတွေ လိုအပ်နေတာ လက်နက်ပဲ။ စစ်ခွေးတွေဟာ လက်နက်အားကိုးနဲ့ ပြည်သူတွေကို နည်းလမ်းပေါင်းစုံနဲ့ နှိပ် စက်နေကြတယ်။ မြန်မာပြည်သူတွေမှာ လက်နက်သာရှိရင်...
Read moreDetailsလူငယ်တွေ တော်တော်များများအသတ်ခံရတယ်။ သူတို့ကိုတွန်းလှန်နေသူတွေတင်မဟုတ်ဘူး။ သူတို့ မြင်ကွင်းမှာ အမြင်မတော်ရင် သတ်ပစ်လိုက်တာပဲ။ သူတို့ပါးစပ်ဟာဥပဒေပါ။ သူတို့ဆိုတာ စစ်ကောင်စီ အဖွဲ့ကိုပြောတာပေါ့။ မတရားဖမ်းဆီးခံရတဲ့လူငယ်တွေလည်း ထောင်ထဲမှာ နည်းလမ်းပေါင်းစုံနဲ့နှိပ်စက် ခံနေရတယ်။ ထောင်ထဲကိုရောက်နေတဲ့သူငယ်ချင်းတွေကို ထောင်ဝင်စာတွေ့တဲ့လူငယ်တွေလည်း အ ကြမ်းဖက်ပုဒ်မနဲ့ အမှုဖွင့်ခံရပြန်တယ်။...
Read moreDetailsအိုမီခရွန်မျိုးကွဲသစ်ဖြစ်တဲ့ BA.2 ကို မြန်မာနိုင်ငံမှာတွေ့ရှိရတယ်လို့သတင်းတွေထွက်ပေါ်နေတယ်။ ရော ဂါ၊ စစ်တပ် တွေကြားထဲမှာ မြန်မာပြည်သူတွေက တစ်ရက်ကလေးမှ စိတ်မချမ်းသာခဲ့ကြရဘူး။ ဘဝတွေ လည်းပျက်စီးခဲ့ကြရတယ်။ အသက်ပေါင်းများစွာလည်းဆုံးရှုံးခဲ့ကြရတယ်။ မြန်မာနိုင်ငံသူနိုင်ငံသားအား လုံးနီးပါးဆုတောင်းကြမှာက ဒီဘေးအန္တရယ်အပေါင်းကနေလွတ်မြောက်ဖို့ပဲ။ တစ်နှစ်ကျော်ကြာပြီလေ။
Read moreDetailsစစ်တပ်ထဲက စစ်သားအချို့ CDM လုပ်လာကြတာတွေ့ရတယ်။ သူတို့စစ်တပ်ထဲမှာလည်းတော်တော် များများက အခြေအနေမဟန်ကြဘူး။ မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်တပ်ဟာ ယိုင်နဲ့နဲ့ဖြစ်နေပြီဆိုတာ ကို ပြည်သူတွေကသတိထားမိကြတယ်။ ဒါပေမဲ့ မင်းအောင်လှိုင်ဆီမှာ အာဏာနဲ့ လက်နက်ရှိနေတာမို့ ဇာတ်လမ်းကဘယ်လောက်ရှည်ကြာဦးမလဲမသိဘူး။ လူတွေတော့ တော်တော်လေးပင်ပန်းနေကြပါပြီ။
Read moreDetailsဒီရက်ပိုင်းအတွင်း သတင်းခပ်စိပ်စိပ်တွေ့လာရတာက စစ်တပ်ရဲ့ယုတ်မာမှုအစွမ်းကုန်လုပ်နေတဲ့ကိစ္စပဲ။ သူတို့ဟာ ရွာတွေကိုမီးရှို့ပြီးရွာသူရွာသားတွေကိုသတ်ဖြတ်တယ်။ PDF စခန်းတွေ၊ သူတို့နဲ့တိုက်ပွဲဖြစ်ပွား နေတဲ့ပြည်သူတွေကို လေကြောင်းကနေတစ်ဆင့် ဗုံးကြဲတယ်။ ဒီနှစ်ခုပဲ။ လေကြောင်းစစ်နဲ့ထိုးနှက်နေ တော့ ပြည်သူတွေအလူးအလဲခံကြရတယ်။
Read moreDetailsအသက် (၃) နှစ်အရွယ်သာရှိတဲ့ ကလေးကို သတ်ပြီး မိခင်ဖြစ်သူကို မုဒိန်းကျင့်တဲ့ စစ်ကောင်စီအဖွဲ့ ဝင်တွေအကြောင်းကို သတင်းတစ်ပုဒ်မှာဖတ်လိုက်ရတော့ တော်တော်လေးဒေါသထွက်မိသွားတယ်။ ဘယ်ဘုရားမှ မကယ်နိုင်တော့ဘူးလား။ တစ်နိုင်ငံလုံးကို ဒီလောက်ယုတ်မာနေတာ ဘာလို့ စစ်ကောင်စီ အဖွဲ့ဝင်တွေကို ဘုရားကအပြစ်မပေးရတာလဲ။ သည်းမခံနိုင်လောက်အောင်ကိုရက်စက်ယုတ်မာလွန်း...
Read moreDetailsမန္တလေးမြို့မှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးပြောက်ကျားအဖွဲ့တေတွ တိုက်ခိုက်နေကြတယ်။ ဒီရက်ပိုင်းကတော့ မန္တလေးသတင်းတွေ ဆိုရှယ်မီဒီယာပေါ်မှာပျံ့နှံ့လာတယ်။ နှစ်ဖက်စလုံးကထိခိုက်မှု တွေရှိကြတယ်။ စစ်ကောင်စီကစစ်ကိုင်းတိုင်းအပါအဝင်နေရာအနှံ့မှာ သူတို့ရဲ့ယုတ်မာမှုတွေကို အစွမ်း ကုန်ပြသနေတယ်။ ရွာတွေကို မီးရှို့တယ်၊ အပြစ်မဲ့ပြည်သူတွေကိုဖမ်းဆီးခေါ်ဆောင်သွားတယ်။ ရက်ရက် စက်စက်သတ်ပစ်လိုက်တယ်။ နေရာအနှံ့မှာ အဲဒီလိုလုပ်နေတာပါ။
Read moreDetailsNUGကာကွယ်ရေးဝန်ကြီးဌာနကခုခံတော်လှန်စစ်ခြောက်လပြည့်အစီရင်ခံစာထုတ်ပြန်တယ်။စာထဲမှာပြည်သူတွေရဲ့ပျောက်ကျားစစ်အောင်မြင်နေတယ်ပြောတယ်။ပြည်ပကနေအကူအညီတပြားတချပ်မှမရသေးဘူးတဲ့။ပြည်တွင်းပြည်ပကပြည်သူတွေရဲ့အလှူငွေဒေါ်လာသန်းသုံးဆယ်ခန့်နဲ့အသက်ဆက်နေရပုံပဲ။ထိုငွေတွေနဲ့PDFတွေလိုအပ်နေတဲ့အနည်းဆုံးလက်နက်ခဲယမ်းပမာဏကိုဖြည့်စီးပေးနိုင်တော့မယ်လို့ဆိုတယ်။ အနှစ်ချုပ်သုံးသပ်ရရင်NUGဟာမနိုင်ဝန်ထမ်းနေရတုန်းပဲ။တော်လှန်ရေးကိုဘယ်နိုင်ငံမှမကူညီတာဟာအတော်ဆိုးတယ်။ဒီပုံစံတိုင်းဆိုတော်လှန်ရေးကာလဟာရှည်လျားထွေပြားမယ့်ပုံပဲ။ပြည်သူတွေလဲအတော်ကိုပန်းနေကြပြီ။ဘာပဲဖြစ်ဖြစ်ဒီမိုးမတိုင်ခင်တော့NUGကဦးဆောင်ပြီးစစ်ရေးလှုပ်ရှားမှုကြီးတစ်ခုခုအကောင်အထည်ဖော်သင့်တယ်။မဟုတ်ရင်ဒီနှစ်ကုန်ထိဇာတ်မြောသွားလိမ့်မယ်။ဒီနှစ်ကုန်မှဘာမှဖြစ်မလာဘူးဆိုရင်တော့တော်လှန်ရေးဟာအခြေအနေကောင်းမှာမဟုတ်ဘူး။
Read moreDetailsYou can copy without credits to our site. We Need Freedom.