အာဏာသိမ်း ဒိုင်ယာရီ

ဖေဖော်ဝါရီ ၇ ရက်၊ ၂၀၂၁ ခုနှစ်။ (တနင်္ဂနွေ)

စစ်အာဏာသိမ်းပြီး ၇ ရက်မြောက်နေ့။ အာဏာသိမ်းတာတွေ အာဏာထိမ်းတာတွေနဲ့ရှုပ်နေပေမယ့် ပြည်သူတွေအတွက်ကတော့ အာဏာသိမ်းတာပါပဲ။ စစ်အစိုးရကအစတုန်းကတော့ အာဏာထိမ်းတာလို့ ပြောတယ်။ ဒါပေမဲ့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့ကို တရားစွဲဆိုလိုက်ပြီး အာဏာသိမ်းတဲ့အကွက်တွေရွှေ့လိုက်တော့ အာဏာထိမ်းတာလို့ဘယ်ပြောလို့ရပါ တော့မလဲ။ ဒီနေ့ ဆူးလေမှာ ဆန္ဒပြကြမယ်တဲ့။...

Read more

ဖေဖော်ဝါရီ ၆ ရက်၊ ၂၀၂၁ ခုနှစ်။ (စနေ)

ဖေ့စ်ဘုတ်ပေါ်မှာပြောနေကြတဲ့ ၇၂ နာရီကမ်ပိန်းကြီးလည်းပြီးသွားပြီ။ ညဖက်ဆို သံပုံးတွေလည်းတီးပြီး သွားပြီ။ သူတို့ဖက်ကလည်း မီးတွေဖြတ်၊ ရုပ်သံလိုင်းတွေဖြတ်၊ အင်တာနက်တွေဖြတ်နဲ့ တစ်မျိုးပြီးတစ် မျိုး လုပ်ပြီးသွားပြီဆိုတော့ ဒီနေ့တော့ အများပြည်သူဆန္ဒပြပွဲတွေစတင်တယ်။ အင်တာနက်လိုင်းကို လုံးဝဖြတ်လိုက်တော့ မြန်မာတစ်နိုင်ငံလုံးက ကမ္ဘာကြီးနဲ့အဆက်အသွယ်ပြတ်သွား ခဲ့ကြတယ်။...

Read more

ဖေဖော်ဝါရီ ၅ ရက်၊ ၂၀၂၁ ခုနှစ်။ (သောကြာ)

ကျွန်တော်တို့ အနေနဲ့ နည်းလမ်း နှစ်ခုနဲ့ အာဏာရှင်ကိုဆန့်ကျင်လို့ရတယ်လို့မြင်မိတယ်။ ပထမတစ် နည်းက လမ်းပေါ်ထွက်ဆန္ဒပြတာပေါ့။ ဒီနည်းကတော့ သူတို့ပစ်သတ်ရင်သေမှာပေါ့။ အသက်နဲ့ရင်းရတဲ့ နည်းလမ်း။ အရင်အာဏာသိမ်းလို့ဆန္ဒပြတုန်းကလည်း သွေးမြေကျခဲ့ရတဲ့သာဓကတွေရှိခဲ့တော့ လမ်း ပေါ်ထွက်ပြီး ဆန္ဒပြတာနဲ့ သူတို့ လက်နက်အားကိုးပြီးပစ်ကြမယ်ဆိုတာကို အားလုံးကသိထားကြတယ်။...

Read more

ဖေဖော်ဝါရီ ၄ ရက်၊ ၂၀၂၁ ခုနှစ်။ (ကြာသပတေး)

ကျွန်တော်တို့တွေဟာ နိုင်ငံတကာကိုမျှော်နေတုန်းပဲ။ နိုင်ငံတကာအကူအညီတစ်ခုခုရပါစေလို့ဆုတောင်း နေကြတုန်းပဲ။ နိုင်ငံရေးပေါ်လစီ၊ နိုင်ငံတကာဆက်ဆံရေး၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံအကူအညီပေးဖို့စည်း မျဉ်းစည်းကမ်းတွေကို ကျွန်တော်တို့နိုင်ငံသားတော်တော်များများကနားမလည်ကြပါဘူး။ ကျွန်တော်တို့ဟာအလွတ်ကျက်ပြီးဖြေရတဲ့ပညာရေးစနစ်မှာရှင်သန်ခဲ့ရတော့ အတွေးအခေါ်တွေလည်း သူများနိုင်ငံတွေလောက်မမြင့်မားကြပါဘူး။ အဲဒီတော့ နိုင်ငံတကာကနေလာကယ်ပါစေလို့ဆုတောင်းနေ ကြတုန်းပဲ။ အခုရက်အထိ နိုင်ငံတကာကလည်းဘာအသံမှမကြားရတော့ စိတ်တွေအားပျော့လာတယ်။ ကျွန်တော်စိတ်ထဲမှာတော့ အမေရိကန်လိုမဟာမိတ်နိုင်ငံတစ်နိုင်ငံကနေ...

Read more

ဖေဖော်ဝါရီ ၃ ရက်၊၂၀၂၁ ခုနှစ်။ (ဗုဒ္ဓဟူး)

စစ်အာဏာရှင်တွေဟာ ပြည်သူတွေကို လမ်းပေါ်ထွက်အောင်လှုံ့ဆော်မှုတွေအများကြီးလုပ်ကြလိမ့်မယ် လို့အချင်းချင်းသတိပေးကြတယ်။ အခုလောလောဆယ်မှာ ကျွန်တော်တို့ အပြင်ကိုထွက်ပြီးဆန္ဒပြလို့မ ဖြစ်သေးဘူး။ ကျွန်တော်တို့ခေါင်းထဲမှာ ၇၂ နာရီကမ်ပိန်းကလွှမ်းမိုးနေတုန်းပဲ။ စစ်အစိုးရက တင်းကြပ်မှုတွေကိုလုပ်လာတယ်။ အင်တာနက်လိုင်းကိုအပြီးအတိုင်ပိတ်ပစ်လိုက်မယ်လို့ ပြောတာမျိုး၊ အစိုးရဝန်ထမ်းတွေအလုပ်မဆင်းရင်ဝန်ထမ်းအိမ်ရာကနေ ၂၄ နာရီအတွင်းထွက်သွားရ မယ်ဆိုတာမျိုး၊ လက်ရှိသုံးနေတဲ့...

Read more

ဖေဖော်ဝါရီ ၂ ရက်၊၂၀၂၁ ခုနှစ်။ (အင်္ဂါ)

၇၂ နာရီကမ်ပိန်းဆိုတာကြီးပေါ်လာတယ်။ စစ်အစိုးရအာဏာသိမ်းပြီး ၇၂ နာရီအတွင်းမှာငြိမ်ငြိမ်လေးနေ ကြဖို့၊ ဆန္ဒမပြ ဆူပူသောင်းကျန်းမှုမလုပ်ဖို့အချင်းချင်းလက်ဆင့်ကမ်းတယ်။ အဲဒီမှာ သုံးသပ်ချက်နှစ်ခုဖြစ်သွားတယ်။ လက်ရှိဥပဒေအရ တရားဝင်အာဏာသိမ်းခွင့် ၇၂ နာရီရှိတယ်လို့ သိရတယ်။ ၇၂ နာရီအတွင်းဘာကြောင့် အာဏာသိမ်းတယ်ဆိုတာရယ် သမ္မတကအာဏာလွှဲပြောင်း ကြောင်း...

Read more

ဖေဖော်ဝါရီ ၁ ရက်၊၂၀၂၁ ခုနှစ်။ (တနင်္လာ)

အံအားသင့်စရာကောင်းတဲ့သတင်းဆိုးတစ်ခုက မနက်ခင်းကိုကြိုဆိုနေတယ်။ အဲဒီသတင်းဆိုးက ကျွန် တော်တစ်ယောက်တည်းအတွက်မဟုတ်ဘူး။ မြန်မာတစ်နိုင်ငံလုံးအတွက်။ မြန်မာပြည်သူပြည်သားအား လုံးအတွက်သတင်းဆိုးကြီးပေါ့။ စစ်တပ်ကအာဏာသိမ်းလိုက်ပြီတဲ့။ အကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိ၊ တိုင်းပြည်မှာဆူပူမှုတစ်စုံတစ်ရာ မရှိဘဲ သူတို့အာဏာသိမ်းလိုက်ပြီတဲ့လေ။ သေချာတာကတော့ ကျွန်တော်တို့မြန်မာတစ်နိုင်ငံလုံးအမှားမ လုပ်ခဲ့သလို ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာလည်း အမှားအယွင်းကြီးကြီးမားမားမရှိခဲ့ဘူး။ လွှတ်တော်အသစ်၊ သောင်ပြိုကမ်းပြိုအနိုင်ရခဲ့တဲ့...

Read more
Page 137 of 137 1 136 137

Welcome Back!

Login to your account below

Create New Account!

Fill the forms bellow to register

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist