မတ်လ၁၂ကနေ၁၈ကိုတနိုင်ငံလုံးမှာ၂၄နာရီမီးဖျက်မယ်လို့စစ်ကောင်စီကကြေငြာတယ်။ကြေငြာချက်ကရှင်းရှင်းလင်းလင်းမရှိတော့ပြည်သူတွေသို့လောသို့လောဖြစ်ကုန်ကြတယ်။စစ်ကောင်စီရဲ့အကျင့်အတိုင်းဆိုရင်တကယ်ဖြစ်လာနိုင်တဲ့အတွက်အကုန်စိတ်ညစ်နေကြပြီ။ခုလိုနွေရာသီမှာ၂၄နာရီတပတ်ဆက်တိုက်မီးပျက်မယ်ဆိုရင်တော့ဘယ်နေရာမှအဆင်ပြေမှာမဟုတ်ဘူး။
ယင်းမာပင်မြို့နယ်မှာတော့စစ်သူပုန်တွေဟာစစ်ဘေးရှောင်သားအမိနှစ်ယောက်ကိုဖမ်းဆီးပြီးအမေကိုမုဒိန်းကျင့်ကာနှစ်ယောက်လုံးကိုသတ်ဖြတ်လိုက်ကြတယ်။ဒီလိုဖြစ်ရပ်မျိုးတနိုင်ငံလုံးနေရာအနှံအပြားမှာဆက်တိုက်ဖြစ်ပွားနေတယ်။အင်တာနက်တွေဖျက်တောက်ခံနေရတဲ့အတွက်တချို့ကိစ္စတွေကိုဒေသခံတွေကလွဲပြီးဘယ်သူမှမသိလိုက်ကြဘူး။