NUGဝန်ကြီးတွေအပါအဝင်လူပုဂ္ဂိုလ်၁၁ဦးကိုစစ်ကောင်စီကနိုင်ငံသားအဖြစ်မှရပ်စဲလိုက်တယ်။လေလှိုင်းပေါ်ကအစိုးရဆိုပြီးသူတို့ကိုယ်တိုင်အထင်သေးခဲ့တဲ့သူတွေကိုအခုတော့အိမ်ချိတ်ပိတ်ခြင်း၊နိုင်ငံသားအဖြစ်မှရပ်စဲခြင်းစသဖြင့်ရသလောက်အရေးယူနေရပြီ။စစ်ကောင်စီဘယ်လိုပဲလုပ်လုပ်ထိုပုဂ္ဂိုလ်တွေကိုအနည်းငယ်မျှထိခိုက်စေမှာမဟုတ်ဘူး။
ကယားပြည်နယ်၊ဒီမော့ဆိုမြို့ဘက်ရောက်လာတဲ့တိုက်ပွဲတွေမှာတော့စစ်သူပုန်တွေအထိနာနေပြီးနှစ်ရက်ပေါင်းရှစ်ဆယ်ကျော်သေဆုံးသွားတယ်။ဒါပေမယ့်လဲလက်နက်အင်အားမမျှတဲ့အတွက်KNDFဘက်ကအစွမ်းကုန်ခုခံနေရဆဲပဲ။စစ်သူပုန်တွေဟာခုဆနာက်ပိုင်းကယားပြည်နယ်ကတိုက်ပွဲတွေမှာအတွဲလိုက်ပစ်လို့ရတဲ့ဒုံးတွေပါသုံးလာပြီ။လေကြောင်းကနေလဲအငြိုးတကြီးနဲ့ဆက်တိုက်ဗုံးကြဲနေတဲ့အတွက်အပစ်မဲ့ပြည်သူတွေနေ့စဉ်သေဆုံးနေရတယ်။