ရဲနဲ့စစ်သားတွေဟာ အညံ့ခံပြီး စခန်းကိုမစွန့်ခွာဖို့ စစ်ကောင်စီကညွှန်ကြားလိုက်တဲ့သတင်းတွေကြားနေ ရတယ်။ အခုချိန်မှာ CDM လုပ်လာတဲ့ စစ်သားတွေလည်းများလာတယ်။ PDF တွေကြောင့် သေဆုံးသွား တဲ့ စစ်ခွေးတွေလည်းများလာတယ်။ စစ်ကောင်စီဖက်က လူအင်အားချိနဲ့လာပေမယ့် လက်နက်အင်အား အားသာနေတော့ ပြည်သူတွေလည်း မလူးသာမလွန့်သာခံနေကြရတယ်။ ဟားခါးမှာ သယ်ယူပို့ဆောင် ရေးစစ်ရဟတ်ယာဉ်ပျက်ကျမှုကလည်း လူတွေအတွက် ဝမ်းသာစရာသတင်းတစ်ပုဒ်ဖြစ်ခဲ့တယ်။ တစ် ဖက်မှာလည်း PDF ရဲဖော်တွေကျဆုံးတဲ့သတင်းကြားရပြန်တော့လည်း စိတ်မကောင်းဖြစ်ရပြန်ပါတယ်။
ဧပြီ ၃၀၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကို အေအေကသိမ်းပိုက်ထားပြီးနောက် ရခိုင်မြောက်ပိုင်းမှာနယ်စပ်ချင်းထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အေအေနဲ့ဆက်ဆံမှုတွေပြုလုပ်လာပါတယ်။...