မတရားဖမ်းဆီးခံထားရသောလူသိများတဲ့နိုင်ငံရေးသမားနှစ်ယောက်ဖြစ်တဲ့ကိုဂျင်မီနဲ့ကိုဇေယျာသော်တို့ကိုစစ်တပ်ကသေဒဏ်ချမှတ်လိုက်တယ်။လူလတ်ပိုင်းတွေဖြစ်တဲ့သူတို့နှစ်ယောက်ဖမ်းဆီးခံလိုက်ရတာတော်လှန်ရေးအတွက်အတော်နစ်နာတယ်။စစ်တပ်ကမတရားသေဒဏ်ချမှတ်ခံလိုက်သူအရေအတွက်ဟာလဲအတော်များနေပြီ။ဥပဒေမရှိတော့ပဲလုပ်ချင်တိုင်းလုပ်နေကြတယ်။
တော်လှန်ရေးအားကောင်းတဲ့မြိုင်မြို့နယ်လေးမှာလဲဒေသခံတွေရဲ့လက်လုပ်ရေနံတွင်းတွေကိုစစ်တပ်ကမီးတင်ရှို့နေတယ်။တိုင်းမှူးကိုယ်တိုင်မီးရှို့ခိုင်းတာလို့ကြားတယ်။အဲ့ဒီဒေသရဲ့အဓိကစီးပွားရေးကရေနံတွင်းတွေပေါ်မှာမှီခိုနေတာဆိုတော့ဒေသခံတွေစီးပွားပျက်အောင်တမင်လုပ်နေတာပဲ။ဆုံးရှုံးမှုတန်ဖိုးသိန်းပေါင်းသောင်းကျော်နေပြီ။ကိုယ့်ရဲ့ရေနံတွင်းတွေမီးလောင်တာကိုဘာမှလုပ်မရပဲဒီတိုင်းထိုင်ကြည့်နေရတယ်။ခံစားရခက်လိုက်ပါဘိ။