မြန်မာပြည်မှာလာရောက်ရင်းနှီးမြုပ်နှံနေတဲ့ကမ္ဘာ့အကြီးဆုံးရေနံကုမ္မဏီကြီးတွေဖြစ်တဲ့ပြင်သစ်ကတိုတယ်နဲ့အမေရိကန်ကရှက်ဗရွန်တို့ထွက်ခွာတော့မယ်လို့ဆုံးဖြတ်လိုက်တယ်။ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းဟာစစ်ကောင်စီကိုဝင်ငွေအများဆုံးရှာပေးနေတဲ့လုပ်ငန်းတစ်ခုဖြစ်တယ်။အဲ့ဒီကရတဲ့ငွေတွေနဲ့ပြည်သူတွေကိုသတ်ဖြတ်နှိပ်ကွက်နေတာပါ။အာဏာသိမ်းကတည်းကအဲ့ဒီကဏ္ဌကိုပိတ်ဆို့အရေးအယူပေးဖို့ဆော်သြနေတာကြာပြီ။အခုမှအနည်းငယ်လှုပ်လာတာဖြစ်တယ်။
သူတို့ထွက်ခွာဖို့ဆုံးဖြတ်ချက်ကြောင့်စစ်ကောင်စီကိုအတိုင်းအတာတစ်ခုအထိတော့အထိနာစေလိမ့်မယ်။ ဒါပေမယ့်ပြည်တွင်းမှာကိုရီးယားနဲ့ထိုင်းကုမ္မဏီတွေကျန်သေးတော့စစ်ကောင်စီအတွက်အလုံးစုံထိခိုက်မှုတော့မရှိသေးဘူး။ဒါနဲ့တင်မလုံလောက်သေးပဲMOGEကိုပါဆန်ရှင်ချမှတ်နိုင်ဖို့လိုသေးတယ်။သို့မှသာရေနံနဲ့သဘာဝဓာတ်ငွေ့ကဝင်ငွေရလမ်းတစ်ခုလုံးကိုပိတ်ဆို့နိုင်မှာဖြစ်တယ်။ထိုကုမဏ္ဏီကြီးနှစ်ခုထွက်ခွာခြင်းဟာနောက်ပိုင်းလာမယ့်ဆန်ရှင်တွေရဲ့အစဖြစ်မယ်လို့ယူဆရတယ်။