အိမ်နီးချင်းထိုင်းနိုင်ငံမှာရွေးကောက်ပွဲတွေပြုလုပ်နေပါတယ်။အခုပြုလုပ်တဲ့ရွေးကောက်ပွဲမှာထိုင်းဒီမိုကရေစီအင်အားစုတွေဖြစ်တဲ့လူငယ်တွေဦးဆောင်တဲ့Move Forward ပါတီနဲ့ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့သမီးပါတီတို့မဲအများဆုံးနဲ့အနိုင်ရရှိခဲ့တယ်။လက်ရှိထိုင်းဝန်ကြီးချုပ်ပရာရွတ်ရဲ့စစ်တပ်ကျောထောက်နောက်ခံပါတီကတော့မဲအနည်းငယ်သာရရှိခဲ့တယ်။ဒါဟာထိုင်းပြည်သူတွေအနေနဲ့မြန်မာပြည်သူတွေလိုပဲဒီမိုကရေစီကိုဘယ်လောက်လိုလားတယ်ဆိုတာပြသလိုက်တာပဲ။ထိုင်းရွေးကောက်ပွဲမှာဒီမိုကရက်စီအင်အားစုတွေအနိုင်ရသွားတဲ့အတွက်ထိုအခင်းအကျင်းဟာမြန်မာပြည်ရဲ့တော်လှန်ရေးကိုသက်ရောက်မှုရှိလာနိုင်တယ်။မြန်မာတော်လှန်ရေးအင်အားစုတွေအနေနဲ့အကောင်းဖက်ကိုမျှော်လင့်လို့ရလာနိုင်တယ်။
Read moreDetailsမိုခါဆိုင်ကလုံးမုန်တိုင်းဝင်ရောက်မှုကြောင့်စစ်တွေမြို့ရဲ့ကိုးဆယ်ရာခိုင်နှုန်းပျက်စီးသွားတယ်။လူသေဆုံးမှုတစ်ချို့ရှိပေမယ့်အတိအကျတော့မသိရသေးဘူး။မြို့ပေါ်မှာတော့အိမ်ဆောက်ပစ္စည်းဈေးတွေတဟုန်ထိုးမြင့်တက်ကုန်တယ်။ပိုက်ဆံရှိရင်တောင်ဝယ်လို့မရတော့ဘူး။ မုန်တိုင်းဟာရခိုင်ပြည်နယ်ကိုဝင်ရောက်ပြီးနောက်စစ်ကိုင်းတိုင်းဘက်ဆက်လက်ဝင်ရောက်ခဲ့တယ်။ဒါကြောင့်စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းမြောက်ပိုင်းကဒေသတချို့မှာရေကြီးရေလျှံမှုတွေဆက်လက်ဖြစ်ပေါ်နေတယ်။တချို့ရွာတွေမှာဆိုရင်ချောင်းရေရုတ်တရက်မြင့်တက်လာတက်အတွက်ဘေးလွတ်ရာကိုချက်ချင်းရှောင်တိမ်းနေရတယ်။ထိုဒေသတွေဟာမိုးခေါင်ရေရှားအညာဒေသတွေဖြစ်တဲ့အတွက်မုန်တိုင်းအတွေ့အကြုံမရှိကြဘူး။မိုခါမုန်တိုင်းကြောင့်အညာဒေသတွေမှာပါလူသေဆုံးမှုတွေရှိခဲ့တယ်။
Read moreDetailsအားကောင်းသောဆိုင်ကလုံးမုန်တိုင်းမိုခါဟာဒီနေ့မနက်ပိုင်းကစစ်တွေမြို့ကိုဖြတ်သန်းဝင်ရောက်ခဲ့ပါတယ်။လေတိုက်နှုန်းမိုင်တစ်ရာကျော်ရှိခဲ့ပြီးမုန်တိုင်းဒီရေပေနှစ်ဆယ်အထိတက်လာခဲ့တယ်။စစ်တွေမြို့ရပ်ကွက်တချို့ရေဝင်ရောက်ခဲ့ပြီးမပြောင်းရွှေ့ခဲ့တဲ့ဒေသခံတချို့ပိတ်မိနေတယ်လို့ကြားရတယ်။အခုလောလောဆယ်တော့ကူညီကယ်ဆယ်ရေးတွေမလုပ်နိုင်သေးဘူး။စစ်တွေမြို့ရဲ့အမြင့်ဆုံးဆက်သွယ်ရေးတာဝါတိုင်ကြီးကတော့ထက်ပိုင်းကျိုးသွားပြီ။ဖုန်းလိုင်းအင်တာနက်လိုင်းတွေပြတ်တောက်နေတဲ့အတွက်သေဆုံးထိခိုက်မှုသတင်းတွေတော့မသိရသေးဘူး။ ထိုမုန်တိုင်းဟာစစ်တွေမြို့ကိုဖြတ်ပြီးနောက်စစ်ဘေးဒဏ်ခံစားနေရတဲ့စစ်ကိုင်းတိုင်းကိုဆက်လက်ဝင်ရောက်လိမ့်မယ်။NUGကတော့ကူညီကယ်ဆယ်ရေးရန်ပုံငွေဒေါ်လာတစ်သန်းမတည်ထားတယ်လို့သတင်းထုတ်ပြန်ထားတယ်။
Read moreDetailsဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့မုန်တိုင်းဟာအားအလွန်ကောင်းသောဆိုင်ကလုံးမုန်တိုင်းအဖြစ်ရောက်ရှိလာခဲ့ပြီ။ပထမခန်းမှန်းထားသလိုဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကိုမဝင်ပေမယ့်ရခိုင်ပြည်နယ်စစ်တွေမြို့အနီးကဖြတ်ကျော်ဖို့သေချာသွားခဲ့ပြီ။စစ်တွေအနီးအနားမြို့တွေကဒေသခံတချို့ကတော့ဘေးလွတ်ရာကိုရွှေ့ပြောင်းနေကြပေမယ့်တချို့တွေကတော့မရွှေ့ပြောင်းပဲကျန်နေကြဆဲပဲ။ရခိုင်ကမ်းရိုးတန်းဒေသဟာမုန်တိုင်းနဲ့ရင်းနှီးနေတော့တချို့တွေကမကြောက်ကြဘူးပေါ့။စစ်ကောင်စီကတော့မုန်တိုင်းအတွက်ကြိုတင်ပြင်ဆင်မှုတွေဘာမှလုပ်ပေးတာမတွေ့ရပဲမုန်တိုင်းကိုရှောင်ဖို့ဂါထာရွတ်ပြီးဖောင်မျှောနေလေရဲ့။မုန်တိုင်းကဒီနေ့ညသို့မဟုတ်မနက်ဖြန်မနက်စစ်တွေကိုဝင်မှာပါ။ဘာတွေဘယ်လိုဖြစ်လာမလဲဆိုတာတော့မပြောတတ်သေးဘူး။
Read moreDetailsစစ်ကောင်စီဟာသူတို့ဘက်လက်နက်ချတဲ့သူတွေကိုမက်လုံးတစ်ခုပေးလိုက်ပြီ။လက်နက်နဲ့တကွသူတို့ဘက်ကိုပြန်လာရင်လက်နက်အမျိုးအစားပေါ်မူတည်ပြီးဆုငွေတွေပေးမယ်လို့သတင်းထုတ်ပြန်လိုက်တယ်။ရိုင်ဖယ်တလက်ကိုသိန်းငါးဆယ်ကစပြီးပစ္စတို၊လက်လုပ်သေနတ်၊လမ်းလျှောက်စကားပြောစက်တွေအတွက်ဆုငွေအမျိုးမျိုးပေးမယ်လို့မက်လုံးပေးထားတယ်။ သူတို့ဘယ်လိုမက်လုံးပေးပါစေ၊လက်နက်လာအပ်မယ့်တော်လှန်ရေးအဖွဲ့အဝင်တစ်ဦးတစ်ယောက်မှရှိမှာမဟုတ်ဘူး။တော်လှန်ရေးအဖွဲ့တွေကလူတိုင်းဟာပြင်းထန်တဲ့ခံယူချက်တွေနဲ့တိုက်ပွဲဝင်နေကြတာဆိုတော့ငွေဘယ်လောက်များနေပါစေမက်လုံပေးလဲအလကားပါပဲ။ပြီးတော့စစ်ကောင်စီဆိုတာယုံရတာမှာမဟုတ်တာ။တစ်ဦးတစ်လေလောက်များစိတ်ပြောင်းပြီးလက်နက်သွားအပ်ရင်တောင်မှဆုကြေးရမှာမဟုတ်ပဲစစ်ကြောရေးရောက်သွားဖို့သာပိုနီးစပ်နေတယ်။စစ်အုပ်စုဟာသူတို့ရဲ့ဉာဏ်တထွာတမိုက်လောက်နဲ့တော်လှန်ရေးကိုသွေးခွဲဖို့ကြိုးစားနေတယ်။
Read moreDetailsပဲခူးတိုင်း၊ထန်းတပင်မြို့နယ်ညောင်ပင်သာရွာမှာကလေးငယ်၇ဦးအပါအဝင်စုစုပေါင်းဒေသခံ၁၈ဦးကိုစစ်သူပုန်တွေကဖမ်းဆီးပြီးမီးရှို့သတ်ဖြတ်သွားပါတယ်။ကလေးငယ်တွေထဲမှာခြောက်နှစ်အရွယ်ကလေးငယ်တစ်ယောက်ပါပါဝင်တယ်။ ထိုရွာအနီးမှာPDFတွေနဲ့စစ်သူပုန်တွေအကြားတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်။အကြိမ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရပြီးစစ်သူပုန်၃၀ခန့်အကျအဆုံးတွေရှိခဲ့တယ်။ထိုတိုက်ပွဲတွေပြီးနောက်စစ်သူပုန်တွေကလက်စားချေတဲ့အနေနဲ့မဆိုင်တဲ့အရပ်သားပြည်သူရွာသားတွေကိုသတ်ဖြတ်သွားတာပဲ။ ပဲခူးတိုင်းအတွင်းမှာအရင်ကတည်းကစစ်တပ်ဖက်ကစစ်ကြောင်းထိုးတာတွေရှိခဲ့ပေမယ့်အခုလိုအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေမရှိခဲ့ဘူး။အခုတော့စစ်သူပုန်တွေဟာနေရာမရွှေး၊ဒေသမရွှေးစစ်ရာဇဝတ်မှုတွေကိုပြောင်ပြောင်တင်းတင်းဆက်လက်ကျူးလွန်မယ့်ပုံပဲ။
Read moreDetailsဘင်္ဂလားပင်လယ်အော်ဘက်မှာမုန်တိုင်းငယ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီးဆိုင်ကလုံးမုန်တိုင်းအဖြစ်အားကောင်းလာကာမြန်မာနိုင်ငံဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဖက်ဝင်လာနိုင်တယ်လို့မိုးလေဝသကျွမ်းကျင်သူတွေကခန့်မှန်းထားတယ်။၂၀၀၈ခုနှစ်ကမြန်မာပြည်သူအသက်ပေါင်းများစွာကိုနုတ်ယူသွားခဲ့တဲ့နာဂစ်မုန်တိုင်းဟာလဲဒီလိုအချိန်မှာပဲဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကိုဝင်ရောက်ခဲ့တယ်။တူညီတာတစ်ခုကဒီကာလမှာစစ်အာဏာရှင်တွေမြန်မာပြည်မှာရှိနေတာပဲ။သူတို့တွေလက်ထက်မှာမုန်တိုင်းဒဏ်သာခံရရင်မြန်မာပြည်သူတွေနူရာဝဲဆွဲဖြစ်တော့မယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဆိုတာလူဦးရေသန်းချီပြီးနေထိုင်ရာဒေသတစ်ခုပါ။ထိုနေရာကိုမုန်တိုင်းဝင်လာရင်ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်အမြောက်အများဆုံးရှုံးလိမ့်မယ်။စစ်ကောင်စီကဘာမှလုပ်ပေးမှာမဟုတ်ဘူး။မုန်တိုင်းတကယ်ဝင်မလာဖို့ပဲဆုတောင်းရမှာပဲ။
Read moreDetailsအာဆီယံအစည်းအဝေးဟာမြန်မာ့အရေးမှာထုံးစံအတိုင်းရှုံချကြောင်းထုတ်ပြန်ချက်တွေနဲ့ပဲပြီးဆုံးသွားခဲ့ပါတယ်။ဒီနှစ်အာဆီယံအလှည့်ကျဥက္ကဌဟာအင်ဒိုနီးရှားဆိုတော့မြန်မာ့အရေးအပြောင်းအလဲတချို့များဖြစ်လာမလားလို့မျှော်လင့်ခဲ့ပေမယ့်နှစ်တစ်ဝက်သာကုန်သွားတယ်၊ဘာမှထူးခြားမလာခဲ့ပါဘူး။အင်ဒိုနီးရှားဘက်ကတော့သက်ဆိုင်သူအားလုံးနဲ့တိတ်တဆိတ်တွေဆုံနေကြောင်းပြောတယ်။ဒါပေမယ့်လဲတစ်ခုခုထူးခြားလာမယ်လို့မထင်တော့ပါဘူး။ကမ္ဘာကြီးဟာမြန်မာ့အရေးတစ်ခုလုံးကိုအာဆီယံအပေါ်ပုတ်ထုတ်ပြီးခေါင်းခံခိုင်းထားတယ်။အာဆီယံကလဲဘာမှမလုပ်နိုင်တော့စစ်ကောင်စီအပေါ်ထိရောက်တဲ့အရေးယူမှုတစ်စုံတရာမရှိပဲဒီအတိုင်းပဲဆက်သွားမယ်ထင်ပါတယ်။
Read moreDetailsအာဆီယံလူသားချင်းစာနာမှုအကူအညီပေးရေးယာဉ်တန်းဟာရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့အနီးမှာပစ်ခတ်ခံလိုက်ရတယ်။ထိုယာဉ်တန်းဟာPNLOဆက်ဆံရေးရုံးမှာစစ်ဘေးဒုက္ခသည်တွေကိုကူညီရေးဆွေးနွေးဖို့သွားချိန်လမ်းမှာပစ်ခတ်ခံရလို့လှည့်ပြန်သွားရတယ်။ပစ်ခတ်မှုကြောင့်လူတွေထိခိုက်တာမရှိပေမယ့်ကားတွေတော့ပျက်စီးသွားတယ်။တိုက်ခိုက်မှုရဲ့တရားခံတော့မပေါ်သေးဘူး။စစ်တပ်နဲ့တော်လှန်ရေးအဖွဲ့တွေတဖက်နဲ့တဖက်လွှဲချနေကြတယ်။ တကယ်ကထိုနေရာဟာစစ်တပ်ထိန်းချုပ်မှုနယ်မြေအောက်မှာရှိနေပြီးတော်လှန်ရေးအဖွဲ့တွေအလွယ်တကူလှုပ်ရှားလို့မရတဲ့နေရာဖြစ်တယ်။ပြီးတော့အာဆီယံအစည်းအဝေးရှိတဲ့အချိန်မှာဒီကိစ္စဖြစ်လာတာဆိုတော့ဘယ်သူလုပ်တာဖြစ်နိုင်မလဲစဉ်းစားကြည့်ပေါ့။
Read moreDetailsစစ်ကောင်စီကအကယ်ဒမီပေးပွဲကိုသုံးနှစ်စာပေါင်းပြီးပြုလုပ်လိုက်တယ်။ထိုပွဲကိုပြည်တွင်းကအနုပညာရှင်တွေအကုန်မတက်မနေရလို့ခြိမ်းခြောက်ထားတာကြောင့်တော်တော်များများတက်ရောက်ကြတာတွေ့ရတယ်။ဒါပေမယ့်လဲထိုအကယ်ဒမီပေးပွဲသတင်းတွေလူထုကြားမှာမပြန့်နှံခဲ့ဘူး။ဘယ်သူတွေဘာရသွားတယ်ဆိုတာတောင်မသိလိုက်ဘူး။စစ်ကောင်စီလုပ်သမျှပွဲတွေအကုန်ပြည်သူကသပိတ်မှောက်ထားကြတယ်။ ထိုပွဲမှာအကယ်ဒမီရတဲ့သူတွေအတွက်လဲတကယ့်ကိုအောက်သက်သက်ဖြစ်နေမှာပဲ။စစ်ကောင်စီပေးတဲ့အကယ်ဒမီကိုပြည်သူကသပိတ်မှောက်ထားတဲ့အတွက်သူတို့လဲလွတ်လွတ်လပ်လပ်ပျော်နိုင်မယ်မထင်ဘူး။
Read moreDetailsYou can copy without credits to our site. We Need Freedom.