ဒီနေ့ခရစ်စမတ်နေ့မှာအမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကမြန်မာပြည်သူတွေကိုလက်ဆောင်တစ်ခုပေးလိုက်တယ်။USအောက်လွှတ်တော်ရောအထက်လွတ်တော်ကိုပါဖြတ်ထားတဲ့NDAAကိုဒီနေ့မှာလက်မှတ်ထိုးပေးလိုက်တဲ့အတွက်ထိုဥပဒေစတင်အသက်ဝင်သွားပြီ။မကြာမီကာလမှာအကူအညီတွေစတင်ရရှိလာလိမ့်မယ်။ ၂၀၂၁ကစခဲ့တဲ့စစ်အာဏာသိမ်းမှုဟာ၂၀၂၂နှစ်ကုန်ပိုင်းအရောက်မှာပဲစစ်ကောင်စီဟာနိုင်ငံတကာသံတမာန်ရေးမှာအတော်ဘေးကျပ်နံကျပ်ဖြစ်နေပြီ။၂၀၂၂နှောင်းပိုင်းလတွေမှာစစ်ကောင်စီအတွက်ဘက်ပေါင်းစုံကကြီးမားတဲ့ထိုးနှက်ချက်ကြီးတွေဖြစ်လာတယ်။သူတို့အတွက်ဆုပ်လဲဆူး၊စားလဲရူးအခြေအနေကိုတဖြည်းဖြည်းနဲ့ရောက်ရှိလာခဲ့ပြီ။
Read moreDetailsရန်ကုန်တာမွေမြို့နယ်မှာစစ်ကောင်စီကျင်းပပြုလုပ်တဲ့ဈေးပွဲတော်တစ်ခုမှာဗုံးပေါက်ကွဲလို့ပြည်သူတချို့ထိခိုက်ဒဏ်ရာရခဲ့တယ်။အလားတူပဲပီးခဲ့တဲ့ရက်ကရန်ကုန်မြစ်ကူးပန်းဆိုတန်း-ဒလသင်္ဘောပေါ်မှာလဲဗုံးပေါက်ကွဲလို့ပြည်သူတချို့သေဆုံးပြီးနှစ်ဆယ်ကျော်ဒဏ်ရာရရှိခဲ့တယ်။ပြီးတော့NUGနဲ့PDFကိုအပစ်ပုံချတယ်။စစ်ကောင်စီတပ်သားတွေမရှိတဲ့၊စစ်ရေးပစ်မှတ်မဟုတ်တဲ့အများပြည်သူပိုင်နေရာတွေကိုPDFကဖောက်ခွဲရေးလုပ်စရာအကြောင်းမရှိဘူး။အရင်ကလဲမရှိဘူးနောင်လဲရှိမှာမဟုတ်ဘူး။စစ်ကောင်စီဟာနိုင်ငံတကာမှာအရေးမလှတဲ့နောက်ပြည်တွင်းမှာပြည်သူတွေကိုစတေးပြီးNUGနဲ့PDFကိုပုံဖျက်ဖို့လုပ်ဆောင်လာနေပြီ။ဟိုးအရင်ခေတ်အဆက်ဆက်စစ်တပ်ကလုပ်ဆောင်နေကြလမ်းဟောင်းကြီးအတိုင်းလျှောက်လှမ်းလာနေတယ်။သူတို့ဘယ်လိုပဲပုံဖျက်ဖို့ကြိုးစားပေမယ့်ပြည်သူတွေနဲ့နိုင်ငံတကာကအယုံအကြည်မရှိကြတော့ဘူး။ပြည်သူတွေအနေနဲ့လဲဒီလိုအချိန်မှာလူစည်ကားရာနေရာတွေနဲ့ပွဲလမ်းသဘင်တွေကိုတတ်နိုင်သလောက်ရှောင်ကျဉ်တာကောင်းလိမ့်မယ်။
Read moreDetailsကုလသမဂ္ဂရဲ့မြန်မာ့အရေးဆုံးဖြတ်ချက်ထွက်လာပြီးပြီးချင်းမှာပဲထိုင်းနိုင်ငံဟာြမန်မာအရေးအလွတ်သဘောတွေ့ဆုံပွဲဆိုပြီးစစ်ကောင်စီအပါအဝင်အာဆီယံနိုင်ငံတွေကိုဖိတ်ကြားကာပြုလုပ်လိုက်တယ်။ထိုတွေ့ဆုံပွဲမှာစစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးကိုဖိတ်ကြားထားတာကြောင့်အာဆီယံရဲ့ဦးဆောင်နိုင်ငံတွေဖြစ်တဲ့အင်ဒိုနီးရှား၊မလေးရှား၊ဖိလစ်ပိုင်နဲ့စင်ကာပူနိုင်ငံတို့ကမတက်ရောက်ကြဘူး။ကျန်တဲ့ကွန်မြူနစ်နဲ့အာဏာရှင်နိုင်ငံတွေသာတက်ရောက်ကြတယ်။နိုင်ငံခြားရေးဝန်ကြီးအဆင့်တွေ့ဆုံပွဲဆိုပေမယ့်စားသောက်ဆိုင်တစ်ခုမှာဖြစ်သလိုလုပ်သွားတာတွေ့ရတယ်။ဘာရလဒ်မှလဲထွက်ပေါ်မလာခဲ့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်စစ်ကောင်စီကိုဖိတ်ကြားပြီးအာဆီယံအစည်းအဝေးဆုံးဖြတ်ချက်တွေကိုဆန့်ကျင်ကာစင်ပြိုင်အစည်းအဝေးလုပ်ခဲ့တဲ့ထိုင်းနိုင်ငံရဲ့လုပ်ရပ်ဟာအတော်စိတ်ပျက်စရာပဲ။အားလုံးကပစ်ပယ်ထားတဲ့အကြမ်းဖက်စစ်ကောင်စီကိုမျက်နှာသာပေးချင်နေမှန်းသိသာလွန်းနေတယ်။ထိုင်းနိုင်ငံရဲ့လုပ်ရပ်ဟာမြန်မာပြည်သူတွေရဲ့ဆန္ဒနဲ့အခက်အခဲတွေကိုမျက်ကွယ်ပြုထားပြီးအာဆီယံကိုပါနှစ်ခြမ်းကွဲအောင်ပြုလုပ်နေတယ်။မြန်မာပြည်သူတွေအတွက်တော့ထိုင်းဟာတရုတ်ပြီးရင်အတော်အသုံးမကျတဲ့အိမ်နီးချင်းနိုင်ငံတစ်ခုပဲ။
Read moreDetailsမနေ့ကUNSCကချမှတ်ခဲ့တဲ့မြန်မာ့အရေးဆုံးဖြတ်ချက်မှာထူးခြားမှုတစ်ချို့ရှိခဲ့တယ်။မြန်မာစစ်ခေါင်းဆောင်တွေကိုအစဉ်အဆက်ကာကွယ်ပေးခဲ့တဲ့တရုတ်နဲ့ရုရှားဟာအခုတစ်ခေါက်မှာကြားနေခဲ့တယ်။ ဒီဆုံးဖြတ်ချက်မူကြမ်းကိုဗြိတိန်နိုင်ငံကဒီနှစ်စက်တင်ဘာလလောက်ထဲကတင်သွင်းဖို့ကြိုးစားခဲ့တာပါ။အဆိုပါနှစ်နိုင်ငံမကန့်ကွက်ဖို့အတွက်အာဆီယံမူငါးချက်ကိုပဲအခြေခံပြီးရေးဆွဲခဲ့တယ်။တရုတ်နဲ့ရုရှားကလဲထိုမူငါးချက်ကိုအစဉ်တစိုက်ထောက်ခံထားတဲ့အတွက်ကန့်ကွက်ဖို့အခက်တွေ့သွားတဲ့သဘောပဲ။မူရင်းဆုံးဖြတ်ချက်မူကြမ်းမှာစစ်ကောင်စီကိုလက်နက်နဲ့စီးပွားရေးပိတ်ဆို့ဖို့တွေပါပါဝင်ပြီးတရုတ်နဲ့ရုရှားကကန့်ကွက်လို့ဖြုတ်ချထားခဲ့ရတယ်လို့သိရတယ်။ ဘာပဲဖြစ်ဖြစ်အခုချိန်မှာစစ်ကောင်စီဟာသံတမာန်ရေးမျက်နှာစာမှာလုံးဝကူရာကယ်ရာမဲ့ဖြစ်နေပြီဆိုတာပေါ်လွင်သွားပြီ။တရုတ်ကိုဖယ်ခွာပြီးသူတို့အားကိုးတကြီးချဉ်းကပ်ခဲ့တဲ့ရုရှားဟာလဲတကယ်တန်းတော့လက်ရှောင်သွားခဲ့တယ်လေ။
Read moreDetailsနောက်ဆုံးတော့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာမြန်မာ့အရေးဆုံးဖြတ်ချက်တစ်ခုချမှတ်နိုင်ခဲ့ပါပြီ။ စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကိုချက်ချင်းရပ်တန့်ရန်၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေကိုချက်ချင်းလွှတ်ပေးရန်၊ အာဆီယံသဘောတူညီချက်၅ချက်ကိုအကောင်အထည်ဖော်ရန် စတဲ့အချက်တွေပါဝင်တဲ့ဆုံးဖြတ်ချက်ကိုUNSCမှာကန့်ကွက်သူမရှိဆုံးဖြတ်အတည်ပြုနိုင်ခဲ့တယ်။ထိုဆုံးဖြတ်ချက်အတွက်တရုတ်၊ရုရှားနဲ့အိန္ဒိယတို့ကကြားနေခဲ့တယ်။ဒါဟာကုလသမဂ္ဂမှာမြန်မာနိုင်ငံကိုအဖွဲ့ဝင်အဖြစ်အတည်ပြုပေးတဲ့ဆုံးဖြတ်ချက်နောက်ပိုင်း၇၄နှစ်အတွင်းဒုတိယမြောက်သမိုင်းဝင်ဆုံးဖြတ်ချက်ပဲ။မနှစ်ကတော့ဒီလိုအချိန်မှာကုလသမဂ္ဂအထွေထွေညီလာခံမှာြမန်မာ့အရေးသဘောတူညီဆုံးဖြတ်ချက်တစ်ခုချမှတ်ခဲ့သေးတယ်။ဒါပေမယ့်ဒီတစ်ခေါက်ကလုံခြုံရေးကောင်စီကချမှတ်တာဖြစ်တဲ့အတွက်ပိုပြီးထိရောက်မှုရှိတယ်။မြန်မာနိုင်ငံမှာမတရားစစ်အာဏာသိမ်းခံရတာနှစ်နှစ်နီးပါးကြာမှအခုလိုUNမှာသေချာရေရာတဲ့အရွှေ့တစ်ခုဖြစ်လာတာပါ။ဒီလိုအရွှေ့တစ်ခုဖြစ်လာဖို့မြန်မာပြည်သူတွေရဲ့အသက်တွေဘဝပေါင်းများစွာတွေရင်းနှီးထားရတာပါ။တကယ်တော့ဒါဟာကနဦးခြေလှမ်းတစ်ခုပဲရှိသေးတယ်။မြန်မာပြည်သူတွေအလိုရှိနေတဲ့စစ်ကောင်စီကိုလက်နက်ပိတ်ဆို့ရေး၊စီးပွားရေးပိတ်ဆို့ရေး၊No Fly Zone စတာတွေပါမလာသေးဘူး။ထိုအချက်တွေဖြစ်လာမှစစ်ကောင်စီအပေါ်တကယ်သက်ရောက်မှုရှိလာလိမ့်မယ်။ခရီးကြမ်းကခုမှစတာပါ။ဆက်လက်ကြိုးစားရဦးမယ်။
Read moreDetailsစစ်ခေါင်းဆောင်းမင်းအောင်လှိုင်ဟာြမန်မာပြည်အနှံခရီးတွေထွက်နေပြီးသူ့အာဏာတည်မြဲဖို့အတွက်စည်းရုံးရေးဆင်းနေရရှာတယ်။တွေ့ဆုံပွဲတွေမှာလဲအဓိပ္ပါယ်မရှိတဲ့စကားတွေတောက်လျှောက်ပြောလျက်ရှိတယ်။အရင်ကသူ့ရဲ့တွေ့ဆုံပွဲတွေမှာဆိုရင်လျှပ်စစ်ရထားတွေ၊လျှပ်စစ်ကားတွေအကောင်အထည်ဖော်မယ်လို့လျှောက်ပြောခဲ့ပြီးအခုနောက်ဆုံးမော်လမြိုင်မြို့ကတွေ့ဆုံပွဲမှာတော့ပြည်သူတွေကိုစွမ်းအင်ချွေတာဖို့စက်ဘီးစီးရုံးတက်ကြဖို့ပြောလာတယ်။သူလဲနောက်ဆုံးတော့တိုင်းပြည်ရဲ့အခြေအနေအမှန်ကိုသိရှိသွားပြီထင်တယ်။သူအာဏာသိမ်းပြီးနောက်ပိုင်းလျှပ်စစ်ဓာတ်အားမလုံလောက်တဲ့ဒဏ်ကိုတပြည်လုံးခံစားနေရပြီလေ။လောလောဆယ်လဲမြို့ကြီးတွေမှာအလှည့်ကျဓာတ်အားပေးစနစ်ကိုပြန်ကျင့်သုံးနေရပြီ။ဒါတောင်နွေရာသီမရောက်သေးဘူး။နွေရာသီရောက်လာတဲ့အမျှအခြေအနေတွေဟာပိုမိုဆိုးရွားလာဖို့ပဲရှိမယ်။
Read moreDetailsကရင်ပြည်နယ်ကောကရိတ်နဲ့မြဝတီမြို့ကြားအာရှလမ်းမကြီးအနီးမှာစစ်ကောင်စီနဲ့KNUတပ်တွေတိုက်ပွဲပြင်းထန်နေတယ်။ဒီလဆန်းပိုင်းကကော့ကရိတ်မြို့ပေါ်မှာရှိတဲ့စစ်ကောင်စီတပ်ရင်းဌာနချုပ်ကိုပူးပေါင်းအဖွဲ့တွေသွားရောက်တိုက်ခိုက်လို့စစ်ကောင်စီတပ်တွေအထိနာအပြီးမှာတိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာတယ်။ထိုတပ်ရင်းကိုပူးပေါင်းအဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်စခန်းထဲကစစ်သားမိန်းမအမျိုးသမီးတွေပါသေဆုံးမှုတွေရှိခဲ့တယ်။စစ်ကောင်စီတပ်တွေဟာအင်အားမလုံလောက်မှုကြောင့်နောက်တန်းစခန်းတွေမှာစစ်သားမိန်းမတွေကိုပါလက်နက်ကိုင်ဆောင်ခိုင်းပြီးကင်းစောင့်ခိုင်းနေတယ်။သူတို့ရဲ့နောက်တန်းတပ်ရင်းစခန်းတွေပါတိုက်ခိုက်ခံလာရတာကြောင့်စစ်ကောင်စီတပ်တွေဟာအင်အားအမြောက်အမြားတိုးပြီးထိုဒေသကိုနယ်မြေရှင်းလင်းရေးလုပ်ဖို့ကြိုးစားနေတယ်။ဒါပေမယ့်လဲထိုနယ်မြေဟာKNUနယ်မြေဖြစ်တဲ့အတွက်ထင်သလောက်တိုးမပေါက်ခဲ့ဘူး။တိုက်ပွဲတွေကြောင့်အာရှလမ်းမကြီးကိုပြန်လည်ပိတ်ထားရတယ်။လမ်းမပေါ်ကတံတားတစ်စင်းလဲအချိုးခံထားရတယ်။ကုန်ကားတွေနဲ့ခရီးသည်တင်ကားတွေလဲသွားလာလို့မရတော့ပဲပိတ်မိနေကြတယ်။ဒီပုံအတိုင်းဆိုထိုဒေသမှာတိုက်ပွဲတွေခပ်စိတ်စိတ်ဖြစ်ပွားလာတာနဲ့အမျှထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးဟာလဲမကြာခဏရပ်တန့်နေမဲ့သဘောရှိတယ်။
Read moreDetailsရန်ကုန်မင်္ဂလာဒုံလေဆိပ်ကစစ်တပ်ရဲ့လေတပ်စခန်းကိုရှော့တိုက်ဒုံးငါးလုံးနဲ့အပစ်ခံရတယ်။လေယာဉ်တွေထိခိုက်ပျက်စီးမှုမရှိပေမယ့်စခန်းထဲကလူတချို့ထိခိုက်မှုရှိတာတော့သေချာတယ်။လူနာတင်ကားတွေအများကြီးတိုက်ခိုက်ခံရတဲ့လေတပ်ထဲဝင်သွားတယ်လေ။ရန်ကုန်ကစစ်တပ်လေတပ်စခန်းဆိုတာတော်ရုံတိုက်ခိုက်ဖို့မလွယ်ဘူး။ထိုအနေအထားမျိုးမှာတော်လှန်ရေးအဖွဲ့တွေဘက်ကရတဲ့နည်းနဲ့တိုက်ခိုက်ခဲ့တယ်။စစ်ကောင်စီရဲ့လေကြောင်းရန်ကိုလေပေါ်မှာမကာကွယ်နိုင်ရင်လေပေါ်မတက်ခင်ဖျက်စီးရမယ့်ဗျူဟာကိုအကျိုးရှိအောင်အသုံးချနိုင်ရမယ်။ ကရင်ပြည်နယ်မှာလဲစစ်ကူသွားဖို့စေခိုင်းခံရတဲ့စစ်ကောင်စီတပ်ရင်းတစ်ရင်းလုံးအမိန့်ဖီဆန်လို့တပ်ရင်းမှုးနဲ့တကွတပ်ရင်းခေါင်းဆောင်အရာရှိတွေဖမ်းဆီးလိုက်တယ်လို့သိရတယ်။KNUတပ်မဟာ၅မှာရှိတဲ့အဝိုင်းခံနေရတဲ့စစ်ကောင်စီရဲ့မဲဝိုင်းစစ်စခန်းကိုစစ်ကူပို့လွှတ်ဖို့စေခိုင်းရမှာထိုတပ်ရင်းကမသွားချင်လို့အမိန့်ဖီဆန်ခဲ့တာပါ။စစ်ကူသွားလဲသေမယ့်အတူတူထောင်ကျခံလိုက်တာမှကောင်းဦးမယ်လို့တွေးကုန်ကြပြီနဲ့တူတယ်။KNUတပ်မဟာ၅နယ်မြေမှာတော့စစ်ကောင်စီတပ်တွေအတော်တပ်ပျက်နေပြီလို့ကြားတယ်။
Read moreDetailsပြီးခဲ့တဲ့ရက်ပိုင်းကရှမ်းပြည်နယ်ထဲမှာTLNAနဲ့စစ်သူပုန်တွေဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွက်စစ်ကောင်စီကသတင်းထုတ်ပြန်တယ်။ထိုတိုက်ပွဲဟာTLNAကိုမရည်ရွယ်ကြောင်း၊ထိုဒေသကPDFတွေကိုတိုက်ခိုက်တာဖြစ်ကြောင်း၊TLNAနဲ့နားလည်မှုလွဲတာဖြစ်ကြောင်းတွေပါလာတယ်။တိုက်ပွဲအတွင်းသိမ်းပိုက်ရရှိတဲ့လက်နက်တွေဆိုပြီးသတင်းဓာတ်ပုံတွေတောင်ထုတ်ပြန်လိုက်သေးတယ်။သူတို့အဲ့ဒီလိုအလိမ်အညာတွေထုတ်ပြန်နေချိန်မှာထိုတိုက်ပွဲတွေမှာသေဆုံးသွားတဲ့စစ်သူပုန်အလောင်းတွေပုံထားတဲ့ဗီဒီယိုဖိုင်ကနေရာအနှံပြန့်နှံနေပြီ။အတော်ရယ်စရာကောင်းတဲ့စစ်ကောင်စီပဲ။သူတို့ပြောတဲ့လည်မှုလွှဲတယ်ဆိုတာတပတ်နီးပါးလေကြောင်းပစ်ကူ၊လက်နက်ကြီးပစ်ကူတွေအသည်းအသန်သုံးခဲ့ရတာကိုပြောတာလားမသိဘူး။ပြီးတော့ထိုဒေသဟာTLNAထိန်းချုပ်နယ်မြေဖြစ်ပြီးဘာPDFမှမရှိဘူး။သူတို့တပ်တွေခွေးသေဝက်သေသေပြီးခွေးပြေးဝက်ပြေးပြေးခဲ့ရတာတွေကိုဖုံးဖိချင်လို့အဓိပ္ပါယ်မရှိတဲ့သတင်းထုတ်ပြန်ချက်အလိမ်အညာတွေထုတ်ပြန်နေတာပါ။ကြားရသူအားလုံးကတော့ဟာသပျက်လုံးတစ်ခုအနေနဲ့သာမှတ်ယူကြတယ်။တကယ်ကစစ်ကောင်စီဟာဒီလိုအရှက်မရှိတဲ့သတင်းတွေထုတ်ပြန်နေရတာကသူ့တပ်ထဲကတဖက်ပိတ်တွေအတွက်သာဖြစ်တယ်။စစ်တပ်ထဲကတပ်သားတွေမြေပြင်ကတိုက်ပွဲသတင်းတွေကိုအမှန်အတိုင်းသိရှိသွားရင်မြန်မြန်တပ်ပျက်မှာပဲ။
Read moreDetailsUNကမြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးနေရာမှာဦးကျော်မိုးထွန်းကိုပဲဆက်လက်ထားရှိဖို့အတည်ပြုလိုက်တယ်။စစ်ကောင်စီအဆိုပြုထားတဲ့သူကတော့မနှစ်ကအတိုင်းပယ်ချခံရတယ်။ထိုဆုံးဖြတ်ချက်ချမှတ်ဖို့ရုရှားကနှောက်ယှက်မှာစိုးတာကြောင့်နှောင့်နှေးခဲ့ရတာပါ။ဒီလိုဆိုရင်UNမှာပြည်သူ့ဘက်တော်သားအဖြစ်ဦးကျော်မိုးထွန်းဟာ၂၀၂၃တစ်နှစ်လုံးဆက်လက်ရှိနေလိမ့်မယ်။ဒီလထဲမှာပဲကုလသမဂ္ဂလုံခြုံရေးကောင်စီမှာမြန်မာ့အရေးဆုံးဖြတ်ချက်တစ်ခုချမှတ်ဖို့ဆွေးနွေးပွဲတစ်ခုလဲရှိသေးတယ်။ကမ္ဘောဒီးယားကတာဝန်ယူထားတဲ့မြန်မာနိုင်ငံဆိုင်ရာအာဆီယံကိုယ်စားလှယ်ရဲ့နောက်ဆုံးအကြိမ်အဖြစ်မြန်မာပြည်ကိုလာရောက်ဖို့စီစဉ်ထားတဲ့ခရီးစဉ်လဲပျက်ပျယ်သွားပြီ။ထိုခရီးဖြစ်လာလဲဘာမှထူးခြားမှာမှမဟုတ်တာပဲ။စစ်ကောင်စီအတွက်ကတော့နိုင်ငံတကာဖိအားတွေဆက်တိုက်ရင်ဆိုင်ရလာနိုင်ဖို့ပဲရှိမယ်။
Read moreDetailsYou can copy without credits to our site. We Need Freedom.