သင်္ကြန်ကာလမှာမော်ဒယ်ပိုင်တံခွန်နဲ့အဆိုတော်ဂျီဖတ်တို့နေပြည်တော်ကစစ်ကောင်စီမဏ္ဏပ်မှာပြုံးပျော်ရွှင်နေတဲ့ပုံတွေထွက်ပေါ်လာလို့လူထုကြားမှာဝေဖန်သံတွေဖြစ်ပေါ်လာတယ်။ပိုင်တံခွန်ဆိုရင်တော်လှန်ရေးကနဦးကာလမှာတက်တက်ကြွကြွပါဝင်ခဲ့လို့စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရတယ်။သူဖမ်းဆီးခံရစဉ်ကာလတုန်းကဒေသတွင်းမီဒီယာတွေမှာပါဝေဝေဆာဆာဖော်ပြခြင်းခံခဲ့ရတယ်။အဲ့ဒီတုန်းကသူ့ဖန်တွေအပါအဝင်အတော်များများကသူ့ကိုစာနာသနားခဲ့ကြသေးတယ်။နောက်ပိုင်းလွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွတ်လာပြီးနောက်အနုပညာအလုပ်တွေပေါ်ပေါ်ထင်ထင်ပြန်လုပ်နေရာကနေအခုစစ်ကောင်စီနဲ့ပေါ်တင်ပူပေါင်းသွားတော့တာပဲ။ ဂျီဖတ်ကတော့ထိုင်းဘက်ကိုထွက်ပြေးတိမ်းရှောင်နေရင်းဒုက္ခတွေမခံနိုင်တော့လို့ဆိုပြီးစစ်ကောင်စီလက်အောက်ပြန်လည်ဝင်ရောက်အညံ့ခံလာတာပါ။သူလိုလူမျိုးကဒုက္ခမခံနိုင်ဘူးဆိုရင်နယ်စပ်ကစစ်ဘေးရှောင်ပြည်သူတွေအတွက်ပြောစရာစကားတောင်မရှိဘူး။ တကယ်ကသူတို့နှစ်ယောက်လုံးဟာဆမ်ဆောင်းရဲ့Brand သံတမန်တွေဖြစ်ပြီးစင်ကာပူမှာပြုလုပ်မယ့်ဆမ်ဆောင်းပွဲမှာတက်ရောက်ခွင့်မရခဲ့ရင်သံတမာန်ရာထူးကပြုတ်မှာဆိုးလို့စစ်ကောင်စီလက်အောက်ပြန်လည်ဝင်ရောက်ခဲ့တာပါ။အနုပညာရှင်တစ်ယောက်အနေနဲ့ပြည်သူကိုမရွှေးချယ်ပဲကိုယ်ကျိုးစီးပွားကိုသာရွှေးချယ်သွားခဲ့တာပါ။ဒီအတွက်အချိန်တန်ရင်ပြည်သူကပြန်လည်ဒဏ်ခတ်ပါလိမ့်မယ်။
Read moreDetailsမနေ့ပဇီကြီးကျေးရွာလေကြောင်းတိုက်ခိုက်ခံရမှုကြောင့်သေဆုံးသူအရေအတွက်ဟာ၁၅၀ကျော်အထိတိုးလာပါပြီ။သေဆုံးသူတွေထဲမှာကိုယ်ဝန်ဆောင်အမျိုးသမီးတွေအပြင်ကလေးအယောက်သုံးဆယ်လောက်ပါဝင်သွားတယ်။လေယာဉ်နဲ့ဗုံးကြဲတဲ့အပြင်ရဟတ်ယာဉ်နဲ့ပါအသက်ရှင်ကျန်ရစ်သူမရှိအောင်စိတ်ကြိုက်ပစ်ခတ်တိုက်ခိုက်သွားခဲ့တဲ့အတွက်မြေပြင်မှာရှိတဲ့ပြည်သူအားလုံးနီးပါသေဆုံးခဲ့ရတယ်။ရွာထဲကပြည်သူတွေဟာပြေးစရာမြေမရှိဖြစ်သွားခဲ့တယ်။ဒါအပြင်ညနေပိုင်းကူညီကယ်ဆယ်ရေလုပ်ငန်းတွေလုပ်ဆောင်နေချိန်မှာရဟတ်ယာဉ်နဲ့နောက်တကြိမ်လာရောက်ပစ်ခတ်ခဲ့လို့ကယ်ဆယ်ရေးလုပ်ငန်းတွေရပ်ဆိုင်းထားရတယ်။အခုချိန်ထိသေဆုံးသူအရေအတွက်အတိအကျမသိရသေးပဲပြန့်ကျဲနေတဲ့အလောင်းတွေ၊ခြေပြတ်လက်ပြတ်တွေကိုတစ်စစီလိုက်ကောက်နေရတယ်။ နိုင်ငံတကာကတော့ဒီဖြစ်ရပ်အပေါ်မှာပြင်းထန်စွာရှုံချလိုက်တယ်။သတင်းစာတွေမီဒီယာတွေပေါ်မှာခေါင်းကြီးပိုင်းကပါလာတယ်။ဒါပေမယ့်လဲရှုံချယုံအပြင်ထုံးစံအတိုင်းဘာမှဖြစ်လာမှာမဟုတ်ပါဘူး။အမြဲတမ်းခံနေရတာကကိုယ်တွေပြည်သူတွေပဲလေ။
Read moreDetailsစစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ပဇီကြီးကျေးရွာကိုစစ်ကောင်စီကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာကြောင့်ဒေသခံအနည်းဆုံးရှစ်ဆယ်ကျော်သေဆုံးသွားတယ်။ဒီနေ့မနက်ပိုင်းထိုရွာမှာNUGအုပ်ချုပ်ရေးရုံးဖွင့်ပွဲပြုလုပ်နေပြီးအကျွေးအမွေးနဲ့ဧည့်ခံရေးပါပါတာကြောင့်ဒေသခံတွေစုရုံးနေချိန်မှာစစ်တပ်ကလေကြောင်းကနေလာရောက်တိုက်ခိုက်သွားတာပါ။လေယာဉ်နဲ့အရင်ဗုံးကြဲတိုက်ခိုက်ပီးနောက်ရဟတ်ယာဉ်နဲ့ပါဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်သေဆုံးသူအရေအတွက်ဟာဒီထပ်အများကြီးပိုလာနိုင်ပါတယ်။အခုချိန်မှာတော့ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေကြတယ်။ ပဇီကြီးကျေးရွာတည်ရှိတဲ့ဒေသဟာစစ်ကောင်စီအုပ်ချုပ်ရေးအာဏာမရှိတော့ပဲစစ်ကြောင်းတောင်မထိုးနိုင်တဲ့ဒေသဖြစ်နေပြီးတော်လှန်ရေးအဖွဲ့တွေရဲ့လွတ်မြောက်နယ်မြေလိုဖြစ်နေပါပြီ။မြေပြင်ကစစ်ကြောင်းထိုးလို့မရတော့တဲ့အတွက်စစ်ကောင်စီဟာယုတ်မာစွာနဲ့လူစုလူဝေးဖြစ်နေတဲ့နေရာကိုဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ချင်းပြည်နယ်မှာစာသင်ကျောင်းလေကြောင်းတိုက်ခိုက်မှုကြောင့်အပစ်မဲ့ပြည်သူကိုးဦးသေဆုံးသွားဖြင့်ဘာမှမကြာသေးဘူး။အခုထိုကဲ့သို့အဖြစ်ဆိုးမျိုးထပ်မံကြုံတွေ့လိုက်ရပြန်ပြီ။
Read moreDetailsစစ်ကောင်စီဟာသူတို့ပြုလုပ်တဲ့သင်္ကြန်ပွဲတော်စည်ကားစေရေးလက်အောက်ခံဝန်ထမ်းတွေကိုအလှည့်ကျပါဝင်ရေကစားကြဖို့ဖိအားပေးနေပါတယ်။ဝန်ထမ်းတွေဟာသင်္ကြန်ကာလဆိုရင်ရုံးပိတ်ရက်ရှည်ရတဲ့အတွက်ကိုယ့်ဇာတိမြေကိုပြန်ကြတာများတယ်။အခုတော့ပြန်ခွင့်မပေးပဲချောဆွဲတဲ့သဘောပဲ။မဏ္ဏပ်တွေမှာပါဝင်ရေကစားမယ့်သူတွေကတော့လုံခြုံရေးအနေအထားစိုးရိမ်ရတယ်။တော်လှန်ရေးအဖွဲ့တွေကမစ်ရှင်တွေဖျက်မှာမဟုတ်ပဲစစ်ကောင်စီနဲ့ဝေးဝေးနေကြဖို့သတိပေးထားသလိုUGတွေကမလုပ်ရင်တောင်စစ်တပ်ကထိုးကျွေးတဲ့နည်းလမ်းတွေနဲ့ဖောက်ခွဲရေးလုပ်ပြီးPDFတွေကိုထိုးချနိုင်တယ်။ဒါကြောင့်စစ်ကောင်စီရဲ့မဏ္ဏပ်တွေနဲ့ဝေးဝေးနေတာအကောင်းဆုံးပဲ။
Read moreDetailsချင်းပြည်နယ်၊ဖလမ်းမြို့နယ်ကစာသင်ကျောင်းတစ်ခုကိုစစ်တပ်ကဗုံးကြဲတိုက်ခိုက်တာကြောင့်ကျောင်းအုပ်ဆရာကြီးအပါအဝင်ဒေသခံကိုဦးသေဆုံးသွားတယ်။အဲ့ဒီဘက်မှာဘာတိုက်ပွဲမှမရှိပဲအကြောင်းမဲ့လာပစ်သွားတာပါ။ဒါပေမယ့်ဖလမ်းမြို့နယ်ထဲကစစ်ကောင်စီတပ်စခန်းတစ်ခုကိုCANတော်လှန်ရေးအဖွဲ့တွေကမနေ့ကတိုက်ခိုက်သိမ်းပိုက်လိုက်တယ်။စစ်တပ်ဖက်ကအထိနာပြီးစခန်းမီးရှို့ခံလိုက်ရလို့မဆိုင်တဲ့အရပ်သားပစ်မှတ်ဖြစ်တဲ့စာသင်ကျောင်းကိုဗုံးကြဲသွားတာပါ။ဒါတောင်လာရောက်ဗုံးကြဲချိန်မှာကျောင်းပိတ်ထားလို့ဒီလောက်ကျောင်းစောင့်အနေနဲ့ရှိနေတဲ့ပြည်သူတွေသာထိခိုက်သေဆုံးသွားတာဖြစ်ပြီးကျောင်းဖွင့်ထားချိန်မှာဆိုရင်တော့မတွေးရဲစရာပဲ။စစ်သူပုန်တွေဟာသူတို့အထိနာပြီးဆိုရင်အရပ်သားပြည်သူတွေကိုမဲပြီးတိုက်ခိုက်လေ့ရှိတဲ့သူရဲဘောကြောင်တဲ့အပြုအမူတွေကိုဆက်တိုက်လုပ်ဆောင်လျက်ရှိတယ်။
Read moreDetailsထိုင်းနိုင်ငံ၊မဲဆောက်မြို့မှာဆေးရုံတက်ကုသနေတဲ့PDFသုံးဦးကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးပြီးစစ်ကောင်စီလက်ထဲအပ်လိုက်တယ်။ဖမ်းဆီးခံရချိန်မှာNUGကပြန်လည်လွတ်မြောက်ရေးကြိုးပမ်းခဲ့ပေမယ်ံလဲထိုင်းအာဏာပိုင်တွေကလက်မခံပဲလွှဲပြောင်းပေးလိုက်တာဖြစ်တယ်။လွှဲပြောင်းပေးနေချိန်ထွက်ပေးဖို့ကြိုးစားရာမှာသေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခြင်းခံရလို့တစ်ဦးသေဆုံးသွားတယ်လို့လဲသိရတယ်။စစ်ကောင်စီလက်ထဲရောက်သွားရင်တော့အစအနပျောက်သွားမှာပဲ။နှိပ်စက်ညှင်းပန်းသတ်ဖြတ်လိုက်မှာပဲ။ ဒီဖြစ်စဉ်မှာထိုင်းအာဏာပိုင်တွေရဲ့လုပ်ရပ်ကြောင့်ထိုင်းနိုင်ငံထဲကိုရွှေ့ပြောင်းခိုလှုံနေသူမြန်မာနိုင်ငံသားတွေအတွက်ခြိမ်းခြောက်မှုတွေဖြစ်လာတယ်။NUGကတော့အလားတူဖြစ်ရပ်မျိုးထပ်မဖြစ်ဖို့ညှိနှိုင်းနေတယ်။ဘာပဲဖြစ်ဖြစ်ထိုင်းနိုင်ငံရဲ့ရပ်တည်မှုဟာစစ်ကောင်စီဖက်တဖြည်းဖြည်းပါလာပြီ။
Read moreDetailsစစ်ကောင်စီဟာ၂၀၂၃ခုနှစ်သင်္ကြန်ပွဲကိုစည်းကားအောင်ကျင်းပဖို့ပြင်ဆင်နေပါတယ်။တိုင်းပြည်အတွင်းပုံမှန်ပြန်ဖြစ်နေသယောင်ဖော်ပြချင်တဲ့အတွက်အာဏာသိမ်းပြီးနောက်သင်္ကြန်ကိုစိတ်ဓာတ်စစ်ဆင်ရေးရေးအနေနဲ့လက်နက်လိုနှစ်တိုင်းအသုံးချနေတာပဲလေ။ဒါပေမယ့်ပြည်သူအများစုကတော့တော်လှန်သင်္ကြန်အဖြစ်စစ်ကောင်စီပြုလုပ်ပေးတဲ့ပျော်ပွဲရွှင်ပွဲတွေမှာမပါဝင်ကြဘူး။ဒီနှစ်မှာလဲစစ်ကောင်စီကမြို့ကြီးအများစုမှာမဏ္ဏပ်တွေတည်ဆောက်လျက်ရှိတယ်။မြို့ပြပျောက်ကျားအဖွဲ့တွေနဲ့တော်လှန်ရေးအင်အားစုတွေကတော့စစ်ကောင်စီကျင်းပပေးတဲ့သင်္ကြန်ပွဲတော်မှာမပါဝင်ဖို့သတိပေးထားတယ်။
Read moreDetailsတနေ့ကဖြစ်ပွားခဲ့တဲ့ကရင်ပြည်နယ် ၊ မြဝတီမြို့နယ် ရွှေကုက္ကို မြို့သစ်အနီးတဝိုက်ရှိ စစ်ကောင်စီတပ်နှင့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) များပူးပေါင်း အထိုင်ချထားသည့် စခန်း ငါးခုကို တော်လှန်ရေး အင်အားစုတွေ သိမ်းပိုက်နိုင်ခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်နဲ့ BGF ၈၅ ယောက်သေပြီး...
Read moreDetailsမနေ့ကမနက်ပိုင်းရွှေကုက္ကိုမြို့ဖက်မှာတိုက်ပွဲတွေဖြစ်နေသလိုနေ့ခင်းပိုင်းမှာမြဝတီမြို့အနီးမှာပဲတော်လှန်ရေးအဖွဲ့တွေနဲ့စစ်ကောင်စီတပ်တွေဒီနေ့အထိဆက်လက်တိုက်ပွဲဖြစ်ပွားလျက်ရှိတယ်။ပြီးခဲ့တဲ့သုံးရက်ကလည်းမြဝတီကိုပြန်လာတဲ့စစ်တပ်အင်အားလေးဆယ်လောက်ပါတဲ့စစ်ကားကိုကော်ဘရာစစ်ကြောင်းကတိုက်ခိုက်ခဲ့တဲ့အပြင်ဝေါလေဗျူဟာကုန်းကိုဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ဗျူဟာကုန်းမှာရှိတဲ့ဟောင်ဝစ်ဇာအမြောက်ထိခိုက်ပျက်စီးသွားတယ်။ထိုအမြောက်ဟာအနီးအနားကျေးရွာတွေကိုရမ်းသမ်းပစ်ခတ်ပြီးဒုက္ခပေးနေတဲ့အမြှောက်တစ်ခုပါ။အခုတော့ပျက်စီးသွားပါပြီ။ ထိုင်းမြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်ကကော့ကရိတ်မြို့ကစပြီးမြဝတီအထိမတ်လ၂၅ရက်နေ့ကစပြီးတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေလို့အာရှလမ်းမကြီးကိုပိတ်လိုက်ရပြန်ပြီ။မကြာမှီသင်္ကြန်ရောက်တော့မယ့်အချိန်မှာထိုင်းမြန်မာကုန်သွယ်ရေးရပ်ဆိုင်းသွားတဲ့အတွက်ပြည်တွင်းမှာသင်္ကြန်ကာလကုန်ဈေးနှုန်းတွေတက်လာနိုင်တယ်လို့ပြောဆိုနေကြတယ်။
Read moreDetailsကရင်ပြည်နယ်၊မြဝတီမြို့ရွှေကုက္ကိုမြို့သစ်မှာစစ်တပ်လက်အောက်ခံBGFစခန်းတွေကိုကရင်ပူးပေါင်းတပ်ဖွဲ့တွေဒီမနက်အစောပိုင်းမှာစီးနင်းတိုက်ခိုက်ခဲ့တယ်။ရွှေကုက္ကိုမြို့သစ်ဆိုတာကရင်ပြည်နယ်မှာတရုတ်ရင်းနှီးမြုပ်နှံမှုနဲ့တည်ဆောက်ထားတဲ့လောင်းကစားမြို့ပါ။ထိုမြို့ကိုBGFတပ်ဖွဲ့တွေကထိန်းချုပ်ထားတယ်။ဒီမနက်မှာတော့လောင်းကစားရုံတွေရှိတဲ့နေရာတွေမှာပါနှစ်ဖက်တိုက်ပွဲတွေဖြစ်နေတယ်။တိုက်ပွဲပြင်းထန်တဲ့အတွက်စစ်တပ်ကလေကြောင်းကနေပစ်ကူပေးနေတယ်။မြို့နေလူထုသုံးထောင်လောက်ကတော့သောင်ရင်းမြစ်ကိုကူးပြီးထိုင်းဖက်ထွက်ပြေးနေရတယ်။နှစ်ဖက်အထိအခိုက်အကျအဆုံးကိုတော့အတိအကျမသိရသေးဘူး။ကရင်ပြည်နယ်ထဲမှာတော့စစ်ခွင်ဟာတဖြည်းဖြည်းကျယ်ပြန့်လာနေတယ်။
Read moreDetailsYou can copy without credits to our site. We Need Freedom.