အာဏာသိမ်း ဒိုင်ယာရီ

အောက်တိုဘာ ၂၅၊ ၂၀၂၅။ (သောကြာ)

ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဌဒေါ်သက်သက်ခိုင်ကိုစစ်ကော်မရှင်ကရွေးကောက်ပွဲဝင်ခွင့်မပေးခြင်းမှာနောက်ကွယ်ကအကြောင်းတရားတွေရှိနေသေးတယ်။သူ့အရင်ကလဲNDFပါတီကဒေါ်စန္ဒါမင်းကိုရွေးကောက်ပွဲဝင်ပြိုင်ခွင့်ပိတ်ပင်ခဲ့သေးတယ်။ထိုပါတီနှစ်ခုလုံးဟာတနိုင်ငံလုံးအတိုင်းအတာနဲ့ဝင်ရောက်ယှဥ်ပြိုင်နိုင်တဲ့ပါတီတွေဖြစ်တယ်။အပိတ်ခံရသူနှစ်ဦးလုံးဟာလူသိများတဲ့သူတွေဖြစ်ကြပြီးသက်ဆိုင်ရာပါတီတွေရဲ့ခေါင်းဆောင်ပိုင်းတွေပါ။ထိုသူတွေကိုအခုကတည်းကဦးချိုးလိုက်ခြင်းအားဖြင့်စစ်အုပ်စုဟာနောင်မှာသူတို့ကိုအတိုက်အခံလုပ်နိုင်မယ့်သူတွေကိုဖယ်ရှားလိုက်ခြင်းသဘောပါပဲ။ပါတီစုံဒီမိုကရေစီလို့စစ်တပ်ကတွင်တွင်အော်နေပေမယ့်လဲဒီမိုကရေစီနဲ့ပတ်သတ်ပြီးမျိုးစေ့တောင်စိုက်ခွင့်မပေးပါဘူး။ဒီလိုအချိန်မှာစစ်တပ်ပါးစပ်ကထွက်လာတဲ့ဒီမိုကရေစီကိုယုံကြည်နေသူတွေကိုလဲအံသြမိတယ်။ ဒေါ်စန္ဒာမင်းနဲ့ဒေါ်သက်သက်ခိုင်ပြီးရင်အလှည့်ကျလာမယ့်သူနောက်တစ်ဦးကျန်ပါသေးတယ်။သူ့ကတော့၈၈မျိုးဆက်ကျောင်းသားခေါင်း​ဆောင်ဟောင်းပြည်သူ့ပါတီဥက္ကဌဦးကိုကိုကြီးပါ။သူ့ကိုသာစစ်အုပ်စုကရွေးကောက်ပွဲဝင်ပြိုင်ခွင့်ငြင်းပယ်လိုက်မယ်ဆိုရင်စစ်အုပ်စုဟာသူတို့အတွက်အတိုက်အခံဖြစ်လာနိုင်တဲ့အရာမှန်သမျှအခုကတည်းကချိုးနှိမ်ထားဖို့လုပ်ဆောင်နေတာသေချာသလောက်ပါပဲ။

Read moreDetails

အောက်တိုဘာ ၂၄၊ ၂၀၂၅။ (ကြာသပတေး)

ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဌဒေါ်သက်သက်ခိုင်ကိုရွေးကောက်ပွဲဝင်ပြိုင်ခွင့်စစ်ကော်မရှင်ကပိတ်ပင်လိုက်ပါတယ်။သူမဘဏ်တွေချေးယူထားတဲ့ဘီလီယံနဲ့ချီတဲ့ငွေတွေပြန်မဆပ်နိုင်သေးတဲ့အကြောင်းပြချက်နဲ့ပိတ်ပင်လိုက်တာပါ။ ဒေါ်သက်သက်ခိုင်ဟာအရင်ကNLD ပါတီကနေရွေးကောက်ပွဲဝင်ပြီးအနိုင်ရဖူးတယ်။ဒါပေမယ့်NLDပါတီကိုခြေစုံကန်ပြီးပြည်သူရှေ့ဆောင်ပါတီကိုတည်ထောင်ခဲ့တယ်။ပြီးခဲ့တဲ့၂၀၂၀ ရွေးကောက်ပွဲမှာဝင်ပြိုင်ခဲ့ပေမယ့်တစ်နေရာမှအနိုင်မရခဲ့ပါဘူး။အာဏာသိမ်းဖို့စစ်တပ်ကိုဆော်သြကြတဲ့ပါတီတွေထဲမှာဒေါ်သက်သက်ခိုင်ရဲ့ပါတီလဲပါတယ်။အာဏာသိမ်းပြီးနောက်တော့လဲစစ်ကောင်စီအစိုးရအဖွဲ့ထဲမှာအရေးမပါတဲ့ဝန်ကြီးတစ်နေရာရလိုက်သေးတယ်။အခုတော့စစ်တပ်ကအလိုမရှိတော့လို့မခိုင်လုံတဲ့အကြောင်းပြချက်တွေနဲ့ကန်ထုတ်လိုက်ပါပြီ။ရွေးကောက်ပွဲတောင်ဝင်ပြိုင်ခွင့်မပေးတော့ဘူးဆိုတော့အရိုးတောင်ကိုက်ခွင့်မပေးတော့တဲ့သဘောပဲ။ပြည်သူကိုသစ္စာဖောက်ခဲ့တဲ့သူအတွက်ဘယ်သူမှဝမ်းနည်းမနေပါဘူး။

Read moreDetails

အောက်တိုဘာ ၂၃၊ ၂၀၂၅။ (ဗုဒ္ဓဟူး)

ကရင်ပြည်နယ်၊မြဝတီမြို့အနီးမှာကျယ်ပြန့်စွာလုပ်ကိုင်နေတဲ့ကျားဖြန့်လုပ်ငန်းတွေအတွက်တော့မျက်ခုံးလှုပ်စရာဖြစ်လာပါပြီ။မြဝတီမြို့ပတ်ဝန်းကျင်ကိုတစိတ်တပိုင်းထိန်းချုပ်နိုင်ပြီးနောက်စစ်အုပ်စုကကျားဖြန့်လုပ်ငန်းတွေကိုစတင်အဖမ်းပြလာပြီ။ကျားဖြန့်လုပ်ငန်းခွင်တွေထဲဝင်ပြီးသေနတ်တကားကားနဲ့ဖမ်းဆီးမှုတွေပြုလုပ်နေတာတွေကိုသတင်းထုတ်ပြန်လာတယ်။ဒါပေမယ့်ရုပ်ပြကောင်းအောင်သာအဖမ်းပြမှန်းလူတိုင်းသိကြတယ်။ ကျားဖြန့်တွေအတွက်တကယ်ထိခိုက်မှုရှိလာနိုင်တဲ့နောက်အကြောင်းအရာတစ်ခုလဲရှိသေးတယ်။ထိုဒေမှာကျားဖြန့်တွေအသုံးပြုနေတဲ့Star link အင်တာနက်စနစ်ကိုအမေရိကန်ဘက်ကပိတ်လိုက်တယ်။စုစုပေါင်း ၂၅၀၀ခန့်အပိတ်ခံရတယ်လို့သိရတယ်။ထိုဒေသကကျားဖြန့်တွေဟာအရင်ကထိုင်းနိုင်ငံကအင်တာနက်ကိုသွယ်ယူအသုံးပြုကြတယ်။နောက်ပိုင်းမှာထိုင်းဘက်ကအင်တာနက်နဲ့လျှပ်စစ်မီးပိတ်ပင်လိုက်ပြီးနောက်Star linkကိုအသုံးပြုကြတာပါ။အခုstar link ပိတ်ခံရပြီးနောက်ကျားဖြန့်တွေဘယ်လိုဆက်လုပ်ကြမလဲမသိသေးဘူး။သူတို့ကတော့မရရတဲ့နည်းနဲ့ဆက်လုပ်ကြမှာပဲ။

Read moreDetails

အောက်တိုဘာ ၂၂၊ ၂၀၂၅။ (အင်္ဂါ)

ကရင်ပြည်နယ်မှာတော့စစ်ကော်မရှင်တပ်ဟာလေးကေကော်မြို့သစ်အပါအဝင်မြဝတီမြို့ဝန်းကျင်ဒေသကိုအပြီးတိုင်ထိန်းချုပ်နိုင်ဖို့အင်အားအလုံးအရင်းနဲ့ကြိုးစားနေပါတယ်။လောလောဆယ်မှာအင်အား၁၂၀၀ ခန့်နဲ့ထိုးစစ်ဆင်နေလို့KNUပူးပေါင်းအဖွဲ့တွေနဲ့နေ့စဥ်ဆိုသလိုတိုက်ပွဲတွေပြင်းထန်နေတယ်။လေးကေကော်မြို့ကိုစိုးမိုးထားတဲ့စွယ်တော်ကုန်းကိုလဲစစ်တပ်ကပြန်သိမ်းသွားပြီ။ထိုကုန်းကိုတော်လှန်ရေးပူးပေါင်းအဖွဲ့တွေကခက်ခက်ခဲခဲသိမ်းယူထားရတာပါ။အခုတော့လွယ်လွယ်ကူကူပဲလက်လွတ်လိုက်ရတယ်။အာရှလမ်းမကြီးကိုလဲစစ်ကော်မရှင်ကထိန်းချုပ်ထားပေမယ့်အခုထိမဖွင့်ပေးသေးတဲ့အတွက်ထိုင်းနိုင်ငံနဲ့နယ်စပ်ကုန်သွယ်ရေးဟာလဲရပ်ဆိုင်းနေဆဲပါ။

Read moreDetails

အောက်တိုဘာ ၂၁၊ ၂၀၂၅။ (တနင်္လာ)

မြန်မာ-အိန္ဒိယ နယ်စပ် ကုန်သွယ်ရေးရဲ့ အဓိက လမ်းမကြီးတစ်ခုဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေး-တမူး အာရှလမ်းမကြီးကိုလဲ စစ်အုပ်စုကပြန်လည် စိုးမိုး ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတယ်။ စစ်အုပ်စုက အင်အားအလုံး အရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်နေပြီး တော်လှန်ရေးတပ်တွေ အနေနဲ့...

Read moreDetails

အောက်တိုဘာ ၂၀၊ ၂၀၂၅။ (တနင်္ဂနွေ)

တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်အုပ်စုက နေ့စဉ်ရက်ဆက် လေကြောင်းတိုက်ခိုက်နေတာကြောင့် လက်ကျန်မိုးကုတ်ဒေသခံတွေဟာ စစ်ရှောင်ဖို့ ပြင်ဆင်နေကြပါပြီ။  မိုးကုတ်ကို TNLA သိမ်းပြီးနောက် ပြန်ဝင်လာတဲ့သူတွေရှိပေမဲ့ အခုအားလုံးနီးပါး ပြန်ထွက်ဖို့ ပြင်နေကြတယ်။ ငွေရေးကြေးရေး သိပ်မတက်နိုင်တဲ့သူတွေပဲ ကျန်နေခဲ့မှာပါ။...

Read moreDetails

အောက်တိုဘာ ၁၉၊ ၂၀၂၅။ (စနေ)

ထိုင်း-မြန်မာနယ်စပ်မှတဆင့် ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းများမှာ ယခုရက်ပိုင်းအတွင်း နေ့စဉ်နီးပါး ရာနှင့်ချီ၍ ဖမ်းဆီးခြင်း ခံနေရတယ်။ ပြီးခဲ့တဲ့နှစ်ရက်အတွင်းမှာပဲ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သား ၂၅၁ ဦး မှာ ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့တယ်။...

Read moreDetails

အောက်တိုဘာ ၁၈၊ ၂၀၂၅။ (သောကြာ)

မန္တလေးမြို့​​မြောက်ဘက်မတ္တရာမြို့နားထိနယ်မြေစိုးမိုးနိုင်ခဲ့တဲ့MDY PDFတပ်တွေလဲစစ်တပ်ရဲ့ပြင်းထန်တဲ့ထိုးစစ်ကြောင့်နယ်မြေတွေပြန်လည်လက်လွတ်နေရတယ်။ ကနဦးကာလမှာနှစ်ဖက်စစ်ဆိုင်ထားတဲ့မတ္တရာမြို့အနောက်ခြမ်းက​​ကျေးရွာတွေကိုစစ်တပ်ကနယ်မြေစီုးမိုးမှုရယူသွားတယ်။ပီးတော့ဖယောင်းတောင်နဲ့အယ်ဖာဘိလပ်မြေစက်ရုံလိုမျိုးအရေးပါတဲ့နေရာတွေကိုဆက်ပြီးလက်လွတ်လိုက်ရတယ်။အခုဆိုရင်MDF PDFတပ်ဖွဲ့တွေအခိုင်အမာခြေကုတ်ယူထားတဲ့မတ္တရာမြို့အနောက်ခြမ်းကိုစစ်တပ်ကအပြင်းအထန်ထိုးစစ်ဆင်နေတာကြောင့်နေရာအတော်များများကဆုတ်ခွာပေးလိုက်ရတယ်။မတ္တရာမြို့မြောက်ဘက်ကသပိတ်ကျင်းမြို့ကိုစစ်ကော်မရှင်ကပြန်လည်သိမ်းပိုက်သွားပြီးစဉ့်ကူးမြို့ဟာလဲစစ်အုပ်စုလက်ထဲအလွယ်တကူကျရောက်သွားနိုင်တာကြောင့်မတ္တရာနယ်ကိုလဲတော်လှန်ရေးတပ်ဖွဲ့တွေဆက်ထိန်းထားနိုင်ဖို့မလွယ်တော့ပါဘူး။

Read moreDetails

အောက်တိုဘာ ၁၇၊ ၂၀၂၅။ (ကြာသပတေး)

သီပေါမြို့ကိုစစ်ကော်မရှင်ကပြန်လည်ရရှိခဲ့တဲ့အတွက်မန္တလေးကနေလားရှိုးအထိလမ်းပြန်ပွင့်သွားပြီ။၁၀၂၇စစ်ဆင်ရေးဒုတိယပိုင်းကရရှိခဲ့တဲ့အောင်မြင်မှုတွေအားလုံးနီးပါးပြန်လည်လက်လွတ်လိုက်ရပါပြီ။TLNAနဲ့မဟာမိတ်တပ်တွေဟာမန္တလေးလားရှိုးလမ်းမကြီးကိုထိန်းချုပ်ပြီးပြင်ဦးလွင်မြို့နားထိရောက်ရှိခဲ့ပေမယ့်အခုတော့ထိုလမ်းမကြီးပေါ်ကနောင်ချို၊ကျောက်မဲ၊သီပေါမြို့တွေကိုလက်လွတ်လိုက်ရပါပြီ။ပြင်ဦးလွင်ကိုသိမ်းပြီးမန္တလေးမြို့အထိချီတက်မယ့်အစီအစဥ်ဟာလဲအိပ်မက်ဖြစ်သွားပါပြီ။

Read moreDetails

အောက်တိုဘာ ၁၆၊ ၂၀၂၅။ (ဗုဒ္ဓဟူး)

ရှမ်းပြည်နယ်မြောက်ပိုင်းသီပေါမြို့ကိုစစ်ကော်မရှင်ကပြန်လည်သိမ်းပိုက်သွားပါပြီ။ ကျောက်မဲကိုရရှိပြီးလဝက်ခန့်အကြာမှာပဲသီပေါမြို့ကိုထပ်မံရရှိခဲ့တာဖြစ်တယ်။TLNAဟာသီပေါမြို့ကိုတော့ပြင်းပြင်းထန်ထန်မခုခံခဲ့လို့အခုလိုအချိန်တိုအတွင်းစစ်ကော်မရှင်ဘက်ကရရှိသွားတာပါ။သီပေါမြို့ကိုရရှိပီးနောက်စစ်တပ်ရဲ့ထိုးစစ်ဟာသတ္ထုတွင်းတွေတည်ရှိရာနမ္မမြို့ကိုဦးတည်မယ်လို့ယူဆရတယ်။

Read moreDetails
Page 5 of 182 1 4 5 6 182

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist