အာဏာသိမ်း ဒိုင်ယာရီ

နိုဝင်ဘာ ၂၄၊ ၂၀၂၅။ (တနင်္လာ)

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၏ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနှင့် ခင်ပွန်းတို့ကို အဂတိလိုက်စားမှုနဲ့အတိုင်ခံထားရတယ်။ သူတို့ကို ရုံးဝန်ထမ်းများအပေါ် အာဏာပြခြင်း၊ ဖိနှိပ်ခြင်းနှင့် လာဘ်စားမှုများဖြင့်တိုင်ကြားခံထားရခြင်းဖြစ်တယ်။ ဒါ့ကြောင့် ရာထူးမှယာယီရပ်ဆိုင်းပြီး စုံစမ်းစစ် ဆေးမည်ဖြစ်ကြောင်း  NUG ကထုတ်ပြန်ထားတယ်။ ဒါမတိုင်ခင်ကလဲ MDY PDF...

Read moreDetails

နိုဝင်ဘာ ၂၃၊ ၂၀၂၅။ (တနင်္ဂနွေ)

မြန်မာနိုင်ငံနှင့်ဟာ တရုတ်နိုင်ငံနဲ့အတူကမ္ဘာပေါ်မှာ အင်တာနက်လွတ်လပ်ခွင့် အဆိုးဆုံးနိုင်ငံဖြစ်နေကြောင်း နိုင်ငံတကာစစ်တမ်းတစ်ခုက ဖော်ပြလာတယ်။ စစ်တပ် အာဏာသိမ်းကတည်းက အင်တာနက်လိုင်းများကို ကန့်သတ်ထားရာမှာပြည်တွင်း အသုံးပြုနေရတဲ့ အင်တာနက်လိုင်းများဟာ အတော်ကိုဆိုးရွားနေဆဲဖြစ်တယ်။ အဓိကအချက်တွေကတော့အင်တာနက်လိုင်းမြန်နှုန်း လျော့ထားခံရသဖြင့် လိုင်းနှေးကွေးခြင်း၊ VPN ချိတ်ဆက်ရန် မိနစ်များစွာ စောင့်ဆိုင်းရခြင်းတို့...

Read moreDetails

နိုဝင်ဘာ ၂၂၊ ၂၀၂၅။ (စနေ)

စစ်ကိုင်းတိုင်းထဲမှာအင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးနေတဲ့စစ်အုပ်စုစစ်ကြောင်းတွေကိုဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီးစစ်ကြောင်းပျက်အောင်နှစ်​ကြိမ်တိုင်တိုင်တိုက်ခိုက်နိုင်ခဲ့ပါတယ်။စစ်ကိုင်းတိုင်းကန့်ဘလူမြို့နယ်ထဲမှာစစ်အုပ်စုနဲ့ပျူ​စောထီးတွေပူးပေါင်းအင်အားသုံးရာခန့်ရှိတဲ့စစ်ကြောင်းကိုဒီလ၁၂ရက်နေ့ကတကြိမ်ပူးပေါင်းတပ်ဖွဲ့တွေတိုက်ခိုက်ခဲ့လို့စစ်ကြောင်းပျက်ပြီးပြန်ဆုတ်သွားခဲ့တယ်။ဒါပေမယ့်စစ်အုပ်စုဟာအင်အားပြန်လည်ဖြည့်တင်းပြီးထပ်မံစစ်ကြောင်းထိုးလာခဲ့လို့ဒီနေ့မှာဒုတိယအကြိမ်တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားပြီးစစ်ကြောင်းပျက်ကာကန့်ဘလူမြို့ထဲပြန်ပြေးသွားခဲ့ပါတယ်။တိုက်ပွဲနှစ်ခုအတွင်းစစ်အုပ်စုဘက်က၈၀ကျော်သေဆုံးပြီးလက်နက်ခဲယမ်းတွေလဲသိမ်းဆည်းရမိတယ်။အလောင်းတောင်မကောက်နိုင်လို့​​တော်လှန်ရေးတပ်ဖွဲ့တွေကသဂြိုလ်ပေးရတယ်။ စစ်တပ်နဲ့ပျူ​စောထီးတွေအားကောင်းနဲ့ကန့်ဘလူနယ်မှာအခုလိုမျိုးနှစ်ကြိမ်တိုင်တိုင်စစ်အုပ်စုကိုစစ်ကြောင်းပျက်အောင်တိုက်ခိုက်နိုင်တာအားရစရာပါပဲ။အညာကဒေသခံတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းပူးပေါင်းနိုင်မှုဟာအတိုင်းအတာတစ်ခုအထိခရီးရောက်လာပြီ။ဒါပေမယ့်ဒီလောက်နဲ့တင်မလုံလောက်သေးပဲတပ်ပေါင်းစုတစ်ခုအသွင်ကြိုးစားသွားနိုင်မှခရီးဆုံးပန်းတိုင်ကိုမြင်ရမှာပါ။

Read moreDetails

နိုဝင်ဘာ ၂၁၊ ၂၀၂၅။ (သောကြာ)

ကရင်ပြည်နယ်ကကျားဖြန့်လုပ်ငန်းတွေလတ်တလောမှာရပ်တန့်သွားသလိုဖြစ်နေပေမယ့်အပြီးတိုင်ပျောက်ကွယ်သွားမှာတော့မဟုတ်ပါဘူး။စစ်အာဏာရှင်တွေအာဏာရနေသ၍တော့ကျားဖြန့်တွေဆက်လက်ရှင်သန်နေဦးမှာပဲ။အခုတောင်ပြိုကွဲသွားတဲ့ကျားဖြန့်လုပ်ငန်းတွေဟာရန်ကုန်နဲ့မန္တလေးလိုမြန်မာပြည်အတွင်းပိုင်းကအချက်အခြာကျတဲ့ဘုပ်ငန်းတွေကိုပြောင်းရွေ့နေကြပြီ။ဒါဟာလဲစစ်အုပ်စုကလိုလိုလားလားလက်ခံထားလို့ပါ။ဒါ့အပြင်ထိုလုပ်ငန်းတွေဟာရှမ်းပြည်နယ်ကစစ်အုပ်စုထိန်းချုပ်ထားတဲ့ဒေသတွေရောတိုင်းရင်းသားလက်နက်ကိုင်တွေထိန်ချုပ်ထားတဲ့ဒေသတွေမှာပါပြန့်ကျဲစွာတည်ရှိနေသေးတယ်။အမေရိကန်ကဖွဲ့စည်းထားတဲ့အထူးတပ်ဖွဲ့တောင်ဒါတွေကိုဘယ်လိုနှိမ်နင်းမလဲဆိုတာစဥ်းစားစရာပဲ။ အရင်ကအာဖရိကကဆိုမာလီယာနိုင်ငံဟာပင်လယ်ဓားမြတွေကြောင့်နာမည်ဆိုးနဲ့ကျော်ကြားခဲ့သလိုမျိုးအခုလဲမြန်မာနိုင်ငံဟာကျားဖြန့်လုပ်ငန်းတွေအများဆုံးတည်ရှိရာဒေသကြီးအဖြစ်ကမ္ဘာမှာနာမည်ဆိုးနဲ့ကျော်ကြားနေပါပြီ။ဒါတွေအားလုံးဟာအာဏာသိမ်းစစ်အုပ်စုကြောင့်ပဲဖြစ်ပါတယ်။

Read moreDetails

နိုဝင်ဘာ ၂၀၊ ၂၀၂၅။ (ကြာသပတေး)

ကရင်ပြည်နယ်မှာစောချစ်သူရဲ့BFGတပ်တွေထိန်းချုပ်ထားတဲ့ ရွှေကုက္ကိုလ်မြို့ကကျားဖြန့်လုပ်ငန်းတွေကိုသတင်းတွေထွက်လာတဲ့အတိုင်းစစ်ကော်မရှင်တပ်တွေကဝင်ရောက်စီးနင်းနေပါတယ်။ထိုလုပ်ငန်းတွေမှရှိတဲ့နိုင်ငံခြားသားအများအပြားထိုင်းနိုင်ငံဘက်ကိုထွက်ပြေးနေပြီးမြန်မာအလုပ်သမားတွေလဲဘေးလွတ်ရာကိုပြေးနေရတယ်။စစ်ကော်မရှင်ကတော့ထိုလုပ်ငန်းတွေမှာထိုင်းနိုင်ငံ၊BGF၊DKBA၊KNUတို့ပါဝင်ပတ်သက်နေလို့ဒီလောက်အထိကြီးထွားလာရတာလို့အပြစ်ဖို့ထားတယ်။တကယ့်မူရင်းဇစ်မြစ်ကစစ်ကော်မရှင်ဆိုတာကိုရှောင်လွဲဖို့ကျန်တဲ့ဒေသတွင်းလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ထိုင်းနိုင်ငံကိုပါအရှက်မရှိစွပ်စွဲထားနေတာပါ။ ထိုင်းမြန်မာနယ်စပ်ကကျားဖြန့်လုပ်ငန်းတွေအဓိကစုစည်းရာနေရာကြီးနှစ်ခုဖြစ်တဲ့KK PARK နဲ့ ရွှေကုက္ကိုလ်တို့ဟာအချိန်တိုအတွင်းစီးနင်းဖျက်စီးခံလိုက်ရတဲ့အတွက်လုပ်ငန်းလည်ပတ်မှုတွေရပ်တန့်သွားတယ်။အရင်ကလျှပ်စစ်မီးအခက်အခဲ၊အင်တာနက်လိုင်းအခက်အခဲစတာတွေကိုအောင်မြင်စွာကျော်လွားနိုင်ခဲ့ပြီးလုပ်ငန်းလည်ပတ်မှုတွေရပ်တန့်တဲ့အထိမဖြစ်ခဲ့ဘူး။ညဘက်ဆိုရင်ထိုနေရာတွေကအဆောက်အအုံတွေဟာမီးစက်ကြီးတွေမောင်းပြီးလျပ်စစ်မီးတွေထိန်ထိန်လင်းခဲ့ကြတယ်။အခုလက်တလောမှာမြို့ပျက်ကြီးတွေလိုဖြစ်သွားပါပြီ။

Read moreDetails

နိုဝင်ဘာ ၁၉၊ ၂၀၂၅။ (ဗုဒ္ဓဟူး)

တနိုင်ငံလုံးက အခြားဒေသတွေနည်းတူစစ်အုပ်စုစစ်ကြောင်းထိုးနေတဲ့ဒဏ်ကို စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက ပြည်သူတွေလဲ အလူးအလဲခံနေရပါတယ်။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲမှာ စစ်အုပ်စုက အင်အားသုံးပြီး ရွာစဉ်ပတ်မွှေ စီးနင်ကာ လူသတ်၊ လုယက်၊ မီးရှို့နေပြီး တစ်လကျော်အတွင်း မီးရှို့ဖျက်ဆီးခံရတဲ့ကျေးရွာ ၁၇ရွာအထိ ရှိနေတယ်။ စစ်အုပ်စုက...

Read moreDetails

နိုဝင်ဘာ ၁၈၊ ၂၀၂၅။ (အင်္ဂါ)

မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့ကို TLNA ကိုယ်တိုင်စစ်တပ်ကိုခေါ်သွင်းလာမယ့်သတင်းက အတည်ဖြစ်သွားပါပြီ။ မိုးကုတ်မြို့ကိစ္စက မြေပြင်မှာ အခုတလော အရမ်းရှုပ်ထွေးပြီး ပြောင်းလဲနေပါတယ်။  TNLA ဟာ သူတို့ ဆုတ်ခွာချိန်မှာ စစ်ကောင်စီတပ်တွေကို မိုးကုတ်မြို့ထဲကို လိုက်ပို့ပေးဖို့ ဒါမှမဟုတ် အကူအညီပေးဖို့ အစီအစဉ်တွေ...

Read moreDetails

နိုဝင်ဘာ ၁၇၊ ၂၀၂၅။ (တနင်္လာ)

စစ်ကော်မရှင်နဲ့လက်အောက်ခံBGFအဖွဲ့ကျားဖြန့်လုပ်ငန်းတွေကိုနှိမ်နင်းတော့မယ်လို့ပြောကြားပြီးညတွင်းချင်းပဲBGFထိန်းချုပ်နယ်မြေရွှေကုက္ကိုမြို့ကကျားဖြန့်အလုပ်သမားတွေရွေ့ပြောင်းနေတယ်။အရင်တခေါက်ကKK Park မှာသာဝင်ရောက်စီးနင်းမှုတွေ၊ဖျက်စီးမှုတွေရှိခဲ့​​​ပေမယ့်အခုBGFလက်အောက်ကရွှေကုက္ကိုမှာပါဝရုန်းသုန်းကားတွေဖြစ်လာနေပြီ။ကျားဖြန့်လုပ်ငန်းတွေကအလုပ်သမားတွေထွက်ပြေးတိမ်းရှောင်ကြတယ်ဆိုပေမယ့်သူ​ဌေးတွေကိုတော့စစ်အုပ်စုခေါင်းဆောင်တွေနဲ့BGFကအကာအကွယ်ပေးထားတယ်။အမေရိကန်ကထိုင်းနယ်နယ်စပ်မှာ Scam Center Strike Force ဖွဲ့စည်းလိုက်ပြီးနောက်အခုလိုကျားဖြန့်တွေကိုနှိမ်နင်း​မယ်ဆိုပြီးဖြစ်လာတာပါ။ထိုအဖွဲ့ကဘာမှတောင်မလုပ်ရသေးတဲ့အချိန်မှာပဲစစ်အုပ်စုနဲ့အပေါင်းအပါတွေကြောက်ချီးပန်းနေပြီ။

Read moreDetails

နိုဝင်ဘာ ၁၆၊ ၂၀၂၅။ (တနင်္ဂနွေ)

မကြာသေးမှီကတော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်နိုင်ခဲ့တဲ့တနင်္သာရီတိုင်း​၊မောတောင်​မြို့နဲ့စစ်ကိုင်းတိုင်းကဗန်းမောက်မြို့ကိုအကြမ်းဖက်စစ်တပ်ကပြန်လည်ရယူနိုင်ဖို့ကြိုးစားနေပါတယ်။မောတောင်မြို့ကိုမြေပြင်ကစစ်ကူပေးလို့မရတဲ့အတွက်လေကြောင်းကနေရဟတ်ယာဥ်ငါးစီးနဲ့အင်အားတစ်ရာကျော်ချပေးခဲ့တယ်။ဒါပေမယ့်ထိုအင်အားတွေထဲကတဝက်လောက်ကတော်လှန်ရေးအဖွဲ့တွေထံလက်နက်ချသွားလို့မြို့ကိုပြန်မသိမ်းနိုင်ခဲ့ပါဘူး။ ဗန်းမောက်မြို့မှာလဲမြို့အနောက်ဘက်တစ်မိုင်ခန့်အကွာမှာနေ့စဥ်တိုက်ပွဲတွေဖြစ်နေတယ်။အခုချိန်အထိတော့စစ်တပ်စစ်ကြောင်းတွေမြို့ထဲမဝင်နိုင်သေးပါဘူး။အကြမ်းဖက်စစ်တပ်ကတနိုင်ငံလုံးမှာထိုးစစ်ဆင်ပြီးနယ်မြေတွေပြန်သိမ်းနေချိန်မှာအဆိုပါနှစ်မြို့တော်လှန်ရေးအင်အားစုတွေလက်ထဲပါသွားတာစစ်ကော်မရှင်နားရွက်ကိုတံတွေးဆွတ်သလိုဖြစ်နေတယ်။

Read moreDetails

နိုဝင်ဘာ ၁၅၊ ၂၀၂၅။ (စနေ)

အရှေ့တောင်အာရှအထူးသဖြင့် မြန်မာပြည်မှာ ကြီးထွားလာနေတဲ့ ကျားဖြန့်လုပ်ငန်းတွေကို အရေးယူဖို့ကြိုးစားလာတာအကြောင်းမဲ့တော့မဟုတ်ပါဘူး။ ဥတို့နိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်လာနေလို့ပါ။ ထိုကျားဖြန့်လုပ်ငန်းတွေဟာ အမေရိကန်နိုင်ငံအထိ ပြန့်နှံလာနေပြီး အမေရိကန်နိုင်ငံသားတွေဆီကနေ ဒေါ်လာဘီလီယံပေါင်းများစွာကို ခိုးယူနေကြတယ် လို့ဆိုတယ်။ အရှေ့တောင်အာရှအခြေစိုက် အွန်လိုင်းရာဇဝတ်လိမ်လည်မှုလုပ်ငန်းများမှ အမေရိကန်နိုင်ငံသားများကိုပစ်မှတ်ထားလာပြီး ပြီးခဲ့သည့် ၂၀၂၄...

Read moreDetails
Page 2 of 182 1 2 3 182

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist