အာဏာသိမ်း ဒိုင်ယာရီ

ဇွန် ၁၇၊ ၂၀၂၅။ (အင်္ဂါ)

ကမ္ဘာ့နိုင်ငံရေး အခြေအနေပြောင်းလဲလာမှုတွေကြောင့် ပြည်တွင်းရွှေစျေးနဲ့ဒေါ်လာစျေးတွေတက်ရိပ်ပြလာပါတယ်။အရှေ့အလယ်ပိုင်းဒေသမှာ အစ္စရေး​နဲ့အီရန်တို့အပြန်အလှန်ဒုံးကျည်တွေနဲ့ပစ်နေတာကြောင့် စစ်ဖြစ်မှာစိုးရိမ်ပြီး ကမ္ဘာ့ရွှေစျေးတက်လာတယ်။ဒါ့ကြောင့်မြန်မာ့ရွှေစျေးဟာလဲ တစ်ကျပ်သားကို သိန်း၈၀ကျော်ရှိလာပါပြီ။ရွှေစျေးဟာသိန်း၆၀ ကျော်မှာကာလ အတန်ကြာငြိမ်နေခဲ့ရာမှ အခု သိန်းနှစ်ဆယ်ကျော်တက်သွားတယ်။ဒေါ်လာစျေးတွေကတော့ တက်ရိပ်ပြလာပေမယ့် ရွှေစျေးလောက်တော့မတက်ပါဘူး။ရွှေစျေး၊ဒေါ်လာစျေးတွေတက်လာရင် ကုန်စျေးပါလိုက်တက်လာတာကြောင့် စောင့်ကြည့်နေရတယ်။

Read moreDetails

ဇွန် ၁၆၊ ၂၀၂၅။ (တနင်္လာ)

ကချင်ပြည်နယ်၊ ဖားကန့်ကိုရောက်ရှိသွားတဲ့ စစ်ကောင်စီတပ်ဟာ အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်မှုများ  ဆက်တိုက်ကျူးလွန်နေတယ်။ ထိုစစ်ကောင်စီစစ်ကြောင်းက လမ်းသွားလမ်းလာအရပ်သားများကို ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါစစ်ကြောင်းထွက်ခွာသွားပြီးနောက် သေဆုံးနေသည့် အရပ်သား ၁၀ဦး ကျော်အထိရှိလာပါပြီ။ အချို့ကိုပစ်သတ်ပြီး ရေတွင်းထဲပစ်ချသွားတယ်။ အချို့ကိုတော့ ကိုယ်ခန္ဓာအစိတ်အပိုင်းများဖြတ်တောက်ပြီး ဆာလာအိတ်အတွင်းထည့်ထားတယ်။ ...

Read moreDetails

ဇွန် ၁၅၊ ၂၀၂၅။ (တနင်္ဂနွေ)

ပြည်ပထွက်အလုပ်လုပ်ခွင့်ကို  စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက မူဝါဒတွေ ပြောင်းလဲ ပြီး စိစစ်ခွင့်ပြုမှုတွေ ကြန့်ကြာတာကြောင့် ပြည်ပထွက်ဖို့ လုပ်ဆောင်ထားတဲ့ အလုပ်သမားတွေဟာ အတိုးငွေ  ပိကာနစ်နာဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေကြပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ကုန်ပိုင်းက စပြီး  အလုပ်သမားတွေအတွက်...

Read moreDetails

ဇွန် ၁၄၊ ၂၀၂၅။ (စနေ)

လားရှိုးမြို့ကိုတရုတ်အကူအညီနဲ့စစ်ကောင်စီက ပြန်လည်ရရှိသွားပြီးနောက်မြို့ထဲကိုစစ်အင်အားတွေ အဆက်မပျက်ဖြည့်တင်းနေပါတယ်။မြို့ထဲကို အင်အားဖြည့်မယ်ဆိုရင်MNDAAနဲ့ညှိနှိုင်းရမယ်လို့သိတာပေမယ့် ဒီအချက်ဟာအသက်ဝင်ပုံမပေါ်ပါဘူး။ဒေသခံတွေကတော့ လားရှိုးမြို့ကိုအင်အားဖြည့်တင်းပြီးရင် အနီးအနားကဒေသတွေကိုပြန်လည်တိုက်ခိုက်မှာ စိုးရိမ်နေကြတယ်။ ဒါ့အပြင်မြို့ပေါ်ကို စစ်ကောင်စီရောက်လာပြီးနောက်ရာဇဝတ်မှုတွေ ပေါများလာပါတယ်။စစ်ကောင်စီဟာ စစ်ရေးလောက်သာစိတ်ဝင်စားပြီး မြို့တည်ငြိမ်ရေးမဲ့အုပ်ချုပ်ရေးပိုင်းကို ပစ်ထားတဲ့အတွက်ဒုစရိုက်မှုတွေ ပေါများလာတယ်။ရန်ကုန်၊မန္တလေးလိုမြို့ကြီးတွေမှာ တောင်ရာဇဝတ်သားတွေကို ဖမ်းဆီးဖို့စိတ်မဝင်စားတာကြောင့် လားရှိုးမြို့ကပြည်သူတွေဟာ မလုံခြုံမှုတွေခံစား​နေရတယ်။

Read moreDetails

ဇွန် ၁၃၊ ၂၀၂၅။ (သောကြာ)

အေအေနဲ့ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ဟာ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းပဲခူးတိုင်းဧရာဝတီတိုင်းအစပ်​က ဒေသတွေမှာလဲ ဆက်လက်ရှိနေပါတယ်။ ထိုဒေသတွေကို ဧပြီလလောက်ကတည်းက ထိုးစစ်ဆင်ခဲ့ပေမယ့် အခြေအနေတွေက သိသာစွာတိုးတက်လာခြင်းမရှိပါဘူး။ အဓိကအချက်ကတော့ စစ်ကောင်စီဘက်က လူအင်အားတွေအဆက်မပျက် ဖြည့်တင်းနိုင်နေလို့ပါပဲ။ စစ်ကောင်စီက တရုတ် ရုရှားတို့ဆီကနေ စစ်လက်နက်ရင်းမြစ်လောက်မဟုတ်ပဲ နည်းပညာပိုင်းရော...

Read moreDetails

ဇွန် ၁၂၊ ၂၀၂၅။ (ကြာသပတေး)

ရခိုင်ပြည်နယ်က တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းနဲ့ရင်းနှီးမြုပ်နှံမှုများတည်ရှိရာ ကျောက်ဖြူမြို့ကို အေအေတပ်တော်က တဖြည်းဖြည်းတိုက်ယူနေပါတယ်။အေအေဟာကျောက်ဖြူထိုးစစ်ကိုဖေဖော်ဝါရီလကတည်းကစခဲ့တာဖြစ်ပြီး မြို့နဲ့လက်တကမ်းအကွာအထိရောက်လာပါပြီ။စစ်ကောင်စီကလဲ ကျောက်ဖြူမြို့ကိုမဆုံးရှုံးရရေးအတွက် စစ်ကူတွေအကြိမ်ကြိမ်ပို့ဆောင်နေတာ အင်အားတစ်ထောင်ကျော်ရှိနေပါပြီ။ဒါပေမယ့်အေအေရဲ့ထိုးစစ်မှာ သေဆုံးသူတွေထွက်ပြေးသူတွေများနေလို့ အင်အားပို့မလောက်ဖြစ်နေတယ်။တရုတ်စီမံကိန်းတွေရှိတဲ့အတွက် ​မြို့ကိုသိမ်းနိုင်ဖို့အချိန်ယူနေရပုံပဲ။

Read moreDetails

ဇွန် ၁၁၊ ၂၀၂၅။ (ဗုဒ္ဓဟူး)

မနေ့ကပျက်ကျခဲ့တဲ့လေယာဥ်ကို ဒေသခံတော်လှန်ရေးအဖွဲ့တွေက သူတို့ပစ်ချခဲ့တာဖြစ်ကြောင်း အပြိုင်အဆိုင်သတင်းထုတ်ပြန်နေကြတယ်။တကယ်တမ်းတော့ ထိုလေယာဥ်ဟာပစ်ချခံလိုက်ရတာမဟုတ်ပဲ စက်ချွတ်ယွင်းပြီးပျက်ကျတာမျိုး ပိုဖြစ်နိုင်ပါတယ်။ ပျက်ကျသွားတဲ့လေယာဥ်ဟာသက်တမ်းလွန်နေပြီဖြစ်တဲ့ တရုတ်ထုတ်F7လေယာဥ်အမျိုးအစားအတည်ပြုနိုင်ခဲ့တယ်။ထိုလေယာဥ်တွေကို စစ်တပ်က၁၉၉၀ခုနှစ်လောက်ထဲကတရုတ်နိုင်ငံက ဝယ်ယူအသုံးပြုနေတာဖြစ်လို့ အခုဆိုရင်သက်တမ်း၃၅နှစ်ကျော်နေပါပြီ။မပစ်ချလဲသူ့ဘာသာသူပျက်ကျဖို့ ရာခိုင်နှုန်းများနေပြီ။ဒါ့အပြင်စစ်ကိုင်းတိုင်းလို ဒေသမျိုးမှာလေယာဥ်ပစ်လက်နက် ကောင်းကောင်းမရှိပါဘူး။ပြီးခဲ့တဲ့ရက်တွေကဝယ်လိုရပီလို့ ပြောထားခဲ့တဲ့လေယာဥ်ပစ်လက်နက်တွေကလဲ ဒီလောက်မြန်မြန်ရောက်မလာနိုင်သေးဘူးလေ။ဒီနေရာမှာပစ်ချသည်ဖြစ်စေ ၊ပျက်ကျသည်ဖြစ်စေစစ်ကောင်စီရဲ့ လေယာဥ်တစ်စီးပျက်စီးသွားဖို့က အရေးကြီးဆုံးပဲမဟုတ်လား။

Read moreDetails

ဇွန် ၁၀၊ ၂၀၂၅။ (အင်္ဂါ)

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်ထဲမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ဂျက်ဖိုက်တာလေယာဥ် တစ်စီးဒီနေ့ပျက်ကျခဲ့ပါတယ်။ထိုလေယာဥ်ဟာ ရွာတစ်ရွာထဲပျက်ကျခဲ့တာဖြစ်ပြီးအပျက်အစီးတွေကြားထဲမှာ လေယာဥ်မှုးအလောင်းလို့ ယူဆရတဲ့အရာတွေကို တွေ့ရှိထားတယ်။ပျက်ကျသွားတဲ့လေယာဥ်အမျိုးအစားကိုတော့ မသိရသေးပါဘူး။ထိုဒေသကတော်လှန်ရေးအဖွဲ့တွေကတော့ သူတို့ပစ်ချလိုက်တာလို့ ပြောကြတယ်။ ပုလဲမြို့နယ်မှာဇွန်လ၂ရက်နေ့ကတည်းက ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။စစ်ကောင်စီက နေ့စဥ်ဗုံးကြဲခုခံနေရင်း ဒီနေ့​ဂျက်လေယာဥ်တစ်စီးပျက်ကျခဲ့တာပါ။

Read moreDetails

ဇွန် ၀၉၊ ၂၀၂၅။ (တနင်္လာ)

ILOက မြန်မာနိုင်ငံကို Article 33 ဖြင့် အရေးယူဒဏ်ခတ်မှုဟာ ဒါဒုတိယအကြိမ်ဖြစ်ပြီး စစ်အာဏာရှင် သန်းရွှေလက်ထက်ကလည်း ပထမအကြိမ်အဖြစ် လုပ်ဆောင်ခဲ့ဖူးတယ်။ အဲ့ဒီတုန်းက စာရွက်ပေါ်မှာသာ အရေးယူခဲ့ပြီး ထိရောက်တဲ့တုန့်ပြန်မှုတွေ မလုပ်ဆောင်ခဲ့ပါဘူး။ NUG ကတော့ ဒီအရေးယူမှုကို ပြည်သူတွေရဲ့အောင်ပွဲလို့ပြောထားတယ်။...

Read moreDetails

ဇွန် ၀၈၊ ၂၀၂၅။ (တနင်္ဂနွေ)

အကြမ်းဖက်စစ်အာဏာသိမ်းထားသော စစ်ကောင်စီနှင့် မြန်မာနိုင်ငံကို ILO Article 33 အရ အရေးယူရန် အပြည် ပြည် ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် ညီလာခံက ဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။ လူငယ်များနှင့် အလုပ်သမားများကို စစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မ စစ်ထဲသွပ်သွင်းပြီး အလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေး...

Read moreDetails
Page 18 of 182 1 17 18 19 182

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist