ဒီနေ့နေပြည်တော်ကစစ်ရုံးထဲမှာပေါက်ကွဲမှုဖြစ်ပွားတယ်။လူသူထိခိုက်မှုမရှိပေမယ့်ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာကစစ်တပ်အတွင်းစီးလို့ပြောလို့ရတဲ့ရုံးဖြစ်နေတယ်။တော်လှန်ရေးမှာဖရဲသီးလို့ခေါ်ကြတဲ့သူ့လူကိုယ့်ဘက်သားတွေစတင်လက်စွမ်းပြနေပြီပေါ့။ဒီကာလမှာတောက်လျောက်ငြိမ်ဝပ်ပိပြားနေတဲ့စစ်ကောင်စီရဲ့ဌာနချုပ်နေပြည်တော်မှာတောင်ဒီရက်ပိုင်းပေါက်ကွဲမှုတွေ၊ပစ်ခတ်မှုတွေခပ်စိတ်စိတ်ဖြစ်ပေါ်လာနေတယ်။ ရန်ကုန်နဲ့မန္တလေးမှာတော့နည်းနည်းငြိမ်သွားတယ်။ဟိုရက်တွေကအဖမ်းအဆီးတွေကြမ်းနေတာလဲပါမှာပေါ့။UG တွေလဲခဏကိုယ်ရောင်ဖျောက်နေတာထင်တယ်။
Read moreDetailsစက်တင်ဘာလရဲ့နောက်ဆုံးနေ့လေးဟာအံ့သြမှင်သက်မှုတွေနဲ့စတင်ခဲ့တယ်။ မနက်အိပ်ရာထမနက်စာစားဖို့လက်ဖက်ရည်ဆိုင်သွားတော့လက်ဖက်ရည်တခွက်တစ်ထောင်ဖြစ်သွားပြီ။ပိုက်ဆံအိတ်လေးကိုမသိမသာစမ်းကြည့်မိလိုက်သေးတယ်။စျေးကဟင်းချက်စရာတွေဝယ်ပြီးပြန်လာတဲ့အမေကညည်းတယ်။စျေးထဲမှာကန်စွန်းရွက်ကအစအသားငါးအဆုံးစျေးတွေထိုးတက်ကုန်ပြီတဲ့။သူ့ကိုလဲဘာမှပြန်ပြောချင်တော့။ဒါနဲ့စိတ်ပြေလက်ပျောက်ဆိုင်ကယ်လေးပတ်စီးမယ်ဆိုပြီးဆီဖြည့်ဖို့ဆီဆိုင်သွားတော့ဆီတစ်ဗူးနှစ်ထောင်ဖြစ်သွားပြီ။နောက်ဆိုစက်ဘီးအစုတ်လေးကိုပြန်ထုတ်ဖုန်သုတ်ပြီးစီးရတော့မယ်။ ဒေါ်လာစျေးရွှေစျေးတက်တဲ့ဂရက်ဟာအောက်ခြေကိုချက်ချင်းရောက်လာပါပြီ။ကုန်စျေးနှုန်းတွေအကုန်ထိုးတက်ပြီးဝင်ငွေကတက်မလာတဲ့အပြင်ရှိတဲ့အလုပ်တွေပါနားနေရတော့မကြာမီမှာအကုန်ငတ်ကိန်းဆိုက်လာပါလိမ့်မယ်။
Read moreDetailsချင်းပြည်နယ်ပြီးတော့ဒီတခေါက်ပြန်ပီးအလှည့်ကျတာတော့ကယားပြည်နယ်ပါပဲ။စစ်ကောင်စီဟာချင်းပြည်နယ်မှာလိုပဲကယားဘက်မှာနယ်မြေစိုးမိုးမှုပြန်ရအောင်ကြိုးစားလုပ်ဆောင်နေပါတယ်။စစ်ဆင်ရေးလုပ်ဖို့အတွက်ပြည်မဘက်ကအင်းအားသုံးရာကျော်စစ်ကားအစီးလေးဆယ်လောက်နဲ့ပြီးခဲ့တဲ့ရက်တွေကစပြီးအင်အားဖြည့်စစ်ကြောင်းထိုးပါတယ်။သူတို့ရဲ့အဓိကရည်မှန်းချက်ကPDFတွေရှိနေတဲ့ဒီမော့ဆိုကိုပြန်ထိန်းချုပ်နိုင်ဖို့ပေါ့။တိုက်ပွဲတွေနှစ်ရက်တာအပြင်းအထန်ဖြစ်ပွားခဲ့တယ်။PDFတွေရဲ့အပြင်းအထန်ခုခံမှုကြောင့်ဒီမော့ဆို့ကိုရောက်ဖို့နေနေသာသာလွိုင်ကော်တောင်မရောက်လိုက်ပဲတပ်လန်ပြီးပြန်ဆုတ်သွားပြီ။ ပြန်ဆုတ်တဲ့လမ်းမှာထုံးစံအတိုင်းရွာတွေမီးရှို့သွားသေးတယ်။ နှစ်ရက်တာတိုက်ပွဲအပီးမှာစစ်သူပုန်လေးဆယ်ခန့်သေဆုံးတယ်လို့KPDFကသတင်းထုတ်ပြန်တယ်။တခြားအတည်မပြုနိုင်တဲ့သတင်းတွေအရတော့ချီတက်လာတဲ့အယောက်သုံးရာမှာရှစ်ဆယ်ခန့်သာအကောင်းအတိုင်းကျန်တယ်ပြောကြတယ်။ ချင်းပြည်နယ်နဲ့ကယားပြည်နယ်ဘယ်သူကအရင်လွတ်မြောက်နယ်မြေဖြစ်မလဲစောင့်ကြည့်ရမှာပဲ။
Read moreDetailsNUGကာဝန်ကတော့တော်လှန်ရေးကိုမကြာမီနောက်တဆင့်မြှင့်မယ်လို့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေကြေငြာလိုက်ပြန်ပြီ။ဘယ်လိုမြှင့်မလဲတော့ပြောမသွားဘူး။ကြာတော့false hopeပေးသလိုခံစားလာရတယ်။နိုင်ငံတကာကအားကိုးမရပါဘူးဆိုသူကလဲတောက်လျှောက်လေပစ်နေသလိုပဲ။ကိုယ်တွေကအတွင်းသတင်းတွေလဲမသိနိုင်တော့NUGထဲဘယ်လိုဘာတွေဖြစ်နေလဲဆိုတာမှန်းရခက်တယ်။သူထမ်းထားရတဲ့တာဝန်ကဝန်နဲ့အားမမျှတာသိပေမယ့်၇လကျော်ကြာလာတဲ့အခါမှာတစ်ခုခုကိုအကော်အထည်ဖော်စေချင်ပြီ။NUGအဆင်ပြေနေပါစေလို့ပဲမျှော်လင့်တယ်။.
Read moreDetailsမြို့ပေါ်မှာလူမသိသူမသိဖမ်းဆီးခံရတဲ့လူငယ်တွေပိုများလာတယ်။သတင်းတွေကနေအတည်ပြုလို့မရပေမယ့်အရင်ကထက်ဖမ်းဆီးမှုတွေခပ်စိတ်စိတ်ဖြစ်လာတာသေချာတယ်။ကိုယ့်ဘေးပတ်ဝန်းကျင်မှာ၊ကိုယ့်မိတ်ဆွေအသိအကျွမ်းတွေဆီကတဆင့်ခိုင်လုံတဲ့သတင်းတွေကြားနေရတယ်။ပိုရင်နာဖို့ကောင်းတာကဖမ်းဆီးခံရတဲ့လူငယ်တွေဟာအရင်လိုသပိတ်အဖွဲ့တွေကမဟုတ်တော့ဘူး။မြို့ပြပျောက်ကျားတော်လှန်ရေးအတွက်ပြင်ဆင်နေကြတဲ့လူငယ်လေးတွေဆိုတော့သူတို့နဲ့အတူတန်ဖိုးကြီးလက်နက်တွေပါပါကုန်တယ်။ စစ်ကောင်စီရဲ့ထောက်လှမ်းရေးယန္တရားဟာဗိုလ်ခင်ညွှန့်ခေတ်ကလိုအရမ်းကြီးအစွယ်မရှိတော့ပေမယ့်အာဏာသိမ်းပြီးခုနှစ်လကျော်ကြာလာတဲ့ခုလိုအချိန်မှာတဖြည်းဖြည်းနဲ့အချိတ်အဆက်မိလာပြီလို့ယူဆရတယ်။ကြာရင်မြို့ပေါ်ကမြေအောက်လူငယ်လေးတွေလုံးပါးပါးလာလိမ့်မယ်။
Read moreDetailsဒေါ်လာစျေးနဲ့ရွှေစျေးဟာဒီနေ့တရက်ထဲမှာပဲမိုးပေါ်ထောင်တက်သွားခဲ့ပါတယ်။ဒေါ်လာစျေးက၂၂၀၀ကနေ၂၇၀၀၊ရွှေစျေးက၁၉သိန်းကနေ၂၂သိန်းထိထိုးတက်သွားခဲ့တာပါ။စျေးကွက်နှစ်ခုစလုံးထိန်းမနိုင်သိမ်းမရပျက်သွားပြီးလို့ယူဆနေကြပါတယ်။ နောက်ကနေကပ်လျက်လိုက်လာတာကတော့ငွေကြေးဖောင်းပွမှုပေါ့။မြန်မာကျပ်ငွေဟာဇင်ဘာဘွေတို့၊ဗန်နီဇွဲလားတို့လို့ဖြစ်လာနိုင်တယ်ဆိုပြီးထင်ကြေးတွေလဲပေးနေကြတယ်။ စစ်ကောင်စီဟာဗဟိုဘဏ်မှတဆင့်ဒေါ်လာတွေထုတ်ရောင်းနေပေမယ့်စျေးကွက်ထဲရောက်မလာခဲ့ပဲသူတို့အချင်းချင်းသာလက်သိပ်ထိုးဝယ်ယူနေခဲ့ပါတယ်။အဓိကပြသာနာကစစ်ကောင်စီကိုအယုံအကြည်မရှိကြတော့တာပါပဲ။ကုန်သွယ်ရေးမှာလဲစစ်အာဏာသိမ်းမှုကြောင့်ပို့ကုန်တွေရပ်ဆိုင်းနေပြီးသွင်းကုန်တွေသာတိုးနေသောကြောင့်အခြေအနေတွေကိုပိုဆိုးလာစေခဲ့တယ်။အစပိုင်းမှာသိပ်မသိသာပေမယ့်အခုရှစ်လကျော်ကြာလာတဲ့အခါမှာစီးပွားရေးတစ်ခုလုံးပြိုဆင်းလာတော့တာပါပဲ။ ရှေ့လျောက်ဒီထက်ပိုဆိုးလာဖို့ပဲရှိမယ်။စစ်အာဏာရှင်စနစ်တည်မြဲနေသ၍ပေါ့။
Read moreDetailsMilitary council threatens to confiscate apartments and houses linked to terrorism မန္တလေးမြို့လည်ကောင်ကကညနရုံးထဲမှာဗုံးပေါက်လို့ပွဲစားတွေထိခိုက်ကုန်ကြတယ်။ရန်ကုန်ကညနရုံးမှာလဲအရင်ကပေါက်ကွဲမှုတွေဖြစ်ခဲ့တာပဲ။ဒါပေမယ့်ရုံးရှေ့လောက်မှာပဲကွဲတာ၊ခုမန္တလေးကရုံးထဲမှာကွဲတော့တော်တော်များများထိကုန်ကြတယ်။စစ်ကောင်စီရဲ့ဝင်ငွေရပေါက်ထောက်တိုင်ဆိုတော့အခွန်ရုံးတို့၊မီတာရုံးဆိုတာဝေးဝေးကရှောင်တာကောင်းလိမ့်မယ်။ ရန်ကုန်မြို့ရဲ့လမ်းမပေါ်မှာတော့ကားနဲ့လှည့်တတ်တဲ့လှည်းကင်းတွေ၊ပတ်ကင်းတွေတော်တော့နည်းသွားပြီ။ဟိုတခေါက်စမ်းချောင်းမှာအပစ်ခံရလို့ဗိုလ်မှူးတကောင်ပါသွားကတည်းကပဲ။ခုတော့မြို့ပေါ်ကဝတ်ကျင်းအသီးသီးမှာဘန်ကာအထပ်ထပ်နဲ့ကုတ်နေကြပြီ။
Read moreDetailsစစ်သူပုန်တွေအထိနာသွားတဲ့စစ်ကိုင်းတိုင်းအထက်ပိုင်းအထက်ပိုင်းပင်လယ်ဘူးဒေသတဝိုက်ကိုအင်တာနက်ရော၊ဖုန်းလိုင်းပါဖြတ်လိုက်ပါပြီ။ဟိုနေ့ကမှစစ်ကောင်စီကအဲ့ဒီဒေသကိုအာရုံမရဘူးပြောလို့တောင်မပြီးသေးဘူး..ချက်ချင်းလက်ငင်းထိုးစစ်ဆင်မယ့်သတင်းတွေကြားလာရပြီ။PDF တွေဘေးကင်းပါစေ။ ချင်းပြည်နယ်မှာတော့ထန်တလန်တမြို့လုံးလူဦးရေသောင်းချီစစ်ရှောင်ကုန်ကြပြီ။မြို့ထဲမှာဘယ်သူမှမရှိကြတော့ဘူး။ဟိုတနေ့ကမြို့ထဲကိုစစ်သူပုန်တွေလက်နက်ကြီးနဲ့ရမ်းသမ်းပစ်လို့အိမ်တွေမီးလောင်ကတည်းကအကုန်လန့်ဖြန့်ပြီးထွက်ပြေးကုန်ကြတာပဲ။ မြို့လုံးကျွတ်စစ်ရှောင်ရတဲ့အခြေအနေမျိုးဆိုတာဒီဘက်ခေတ်မြန်မာ့သမိုင်းမှာမရှိခဲ့ဖူးပါ။တိုက်ပွဲတွေပိုပြင်းထန်လာဖို့ကတော့ကျိန်းသေသလောက်ပဲ။
Read moreDetailsဟိုတလောကရန်ကုန်လေဆိပ်မှာAirKBZလေယာဉ်ကိုပျက်ကျအောင်လေဝင်ပေါက်တွေထဲသစ်ရွက်ခြောက်အစအနတွေထည့်ထားပြီးလုပ်ကြံတယ်လို့သတင်းတွေတက်လာတယ်။အဲ့တုန်းကတော့ဘယ်သူတွေဉာဏ်တိမ်ပြီးလုပ်တာပါလိမ့်လို့ပဲတွေးမိတယ်။လေယာဉ်တစ်စင်းကိုပျက်ကျအောင်လုပ်ချင်ရင်လူမသိသူမသိလုပ်လို့ရတဲ့နည်းတွေအများကြီးကိုး။ ဒီနေ့တော့တရားခံတွေမိပြီလို့စစ်ကောင်စီဘက်ကြေငြာလိုက်တယ်။ဖတ်ကြည့်လိုက်တော့စစ်ကောင်စီရဲ့လုပ်နေကျပုံစံအတိုင်းလုပ်ကြံအမှုဆင်ထားတာပါပဲ။လေကြောင်းလိုင်းဝန်ထမ်းတွေကိုတရားခံအဖြစ်စွပ်စွဲထားပြီးအင်ဂျင်နီယာဌာနကမန်နေဂျာအဆင့်ပုဂ္ဂိုလ်တွေလဲပါဝင်လာတယ်။အဲ့ဒီမှာစပြီးယုတ္တိမတန်တာကလေယာဉ်သန့်ရှင်းရေးဝန်ထမ်းကမန်နေဂျာကိုလုပ်ခိုင်းတယ်ဆိုတဲ့စွပ်စွဲချက်ပဲ။အဲ့ဒီမှာတင်လုံးဝအဓိပ္ပါယ်မရှိတော့ဘူး။တခြားမဖြစ်နိုင်တဲ့အချက်အလက်များစွာရှိသေးတယ်။အံသြဖို့ကောင်းတာကနိုင်ငံရဲ့အကြီးဆုံးလေကြောင်းလိုင်းဘက်ကဘာသံမှထွက်မလာတာပဲ။အားလုံးဟာစစ်ကောင်စီအလိုကျအတိုင်းပဲဖြစ်သွားတယ်ထင်ပါတယ်။ အလားတူဖြစ်ရပ်မျိုးပြီးခဲ့တဲ့တပတ်လောက်ကဧရာဝတီဘဏ်မှာလဲဖြစ်ခဲ့သေးတယ်။ပဲခူးမြို့နားမှာဘဏ်ငွေပို့ကားဓားမြတိုက်ခံရတယ်လို့သိန်းလေးသောင်းခန့်ပါသွားတယ်။တရက်တောင်မကူးပဲတရားခံမိတယ်ဆိုပြီးPDF တွေကိုလွှဲချတယ်။တကယ်တမ်းကစစ်ကောင်စီကပဲဇတ်လမ်းရိုက်သွားတာ။ CNNသတင်းထောက်လာတုန်းကရန်ကုန်ကကိုယ့်ကုန်တိုက်နှစ်ခုကိုယ့်ဘာသာကိုယ်မီးရှို့ပြီးပြည်သူကိုလွှဲချကတည်းကစစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်တွေကဘယ်သူမှမယုံကြတော့ပါဘူး။
Read moreDetailsစစ်ကိုင်းတိုင်းအထက်ပိုင်းကောလင်း၊ဝန်းသို၊ပင်လယ်ဘူးဒေသတွေကဒီနှစ်ရက်တာကာလတိုက်ပွဲတွေမှာစစ်ကောင်စီတပ်သားလေးဆယ်ခန့်ဘဝကူးသွားပီးလက်နက်ခဲယမ်းများစွာကိုPDFတွေသိမ်းဆည်းနိုင်ခဲ့တယ်။ပီးခဲ့တဲ့တပတ်လောက်ကတိုက်ပွဲတွေမှာလဲစစ်သူပုန်လေးဆယ်ခန့်သေဆုံးတယ်လို့NUGကသတင်းထုတ်ပြန်ထားတော့ရက်ပိုင်းအတွင်းရှစ်ဆယ်ခန့်ဘဝကူးသွားတဲ့သဘောပဲ။ NUGရဲ့သတင်းထုတ်ပြန်ချက်အရဒေသခံPDFတွေဟာKIAရဲ့ကြီးကြပ်မှုနဲ့တိုက်ပွဲဝင်ကြတယ်လို့ပြောတယ်။တချို့ကလဲNUGလက်အောက်ကPDFတပ်ဖွဲ့တွေလို့ပြောကြတယ်။စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်စပ်မှာအရင်လတွေထဲကစစ်သူပုန်တွေကိုငရဲပို့ပေးနေကြတာ။တခါပို့ရင်အနည်းဆုံးနှစ်ဆယ်၊သုံးဆယ်ပါတယ်။ဒါပေမယ့်စစ်ကောင်စီကအဲ့ဒီဒေသကိုဘာကြောင့်မှန်းမသိအာရုံသိပ်မရဘူး။အဲဒီဘက်မှာရွာလုံးကျွတ်ထွက်ပြေးရတဲ့သတင်းတွေ၊စစ်ရှောင်တွေရျိတယ်လို့မကြားမိသေးဘူး။ သူတို့ကစစ်ကိုင်းတိုင်းအနောက်ပိုင်းကိုပဲအသေအလဲဖိနေကြတာ။ခုတော့ကောင်းကောင်းခံလိုက်ရပြီပေါ့။
Read moreDetailsYou can copy without credits to our site. We Need Freedom.