ဒေါ်လာစျေးနဲ့ရွှေစျေးဟာဒီနေ့တရက်ထဲမှာပဲမိုးပေါ်ထောင်တက်သွားခဲ့ပါတယ်။ဒေါ်လာစျေးက၂၂၀၀ကနေ၂၇၀၀၊ရွှေစျေးက၁၉သိန်းကနေ၂၂သိန်းထိထိုးတက်သွားခဲ့တာပါ။စျေးကွက်နှစ်ခုစလုံးထိန်းမနိုင်သိမ်းမရပျက်သွားပြီးလို့ယူဆနေကြပါတယ်။
နောက်ကနေကပ်လျက်လိုက်လာတာကတော့ငွေကြေးဖောင်းပွမှုပေါ့။မြန်မာကျပ်ငွေဟာဇင်ဘာဘွေတို့၊ဗန်နီဇွဲလားတို့လို့ဖြစ်လာနိုင်တယ်ဆိုပြီးထင်ကြေးတွေလဲပေးနေကြတယ်။
စစ်ကောင်စီဟာဗဟိုဘဏ်မှတဆင့်ဒေါ်လာတွေထုတ်ရောင်းနေပေမယ့်စျေးကွက်ထဲရောက်မလာခဲ့ပဲသူတို့အချင်းချင်းသာလက်သိပ်ထိုးဝယ်ယူနေခဲ့ပါတယ်။အဓိကပြသာနာကစစ်ကောင်စီကိုအယုံအကြည်မရှိကြတော့တာပါပဲ။ကုန်သွယ်ရေးမှာလဲစစ်အာဏာသိမ်းမှုကြောင့်ပို့ကုန်တွေရပ်ဆိုင်းနေပြီးသွင်းကုန်တွေသာတိုးနေသောကြောင့်အခြေအနေတွေကိုပိုဆိုးလာစေခဲ့တယ်။အစပိုင်းမှာသိပ်မသိသာပေမယ့်အခုရှစ်လကျော်ကြာလာတဲ့အခါမှာစီးပွားရေးတစ်ခုလုံးပြိုဆင်းလာတော့တာပါပဲ။
ရှေ့လျောက်ဒီထက်ပိုဆိုးလာဖို့ပဲရှိမယ်။စစ်အာဏာရှင်စနစ်တည်မြဲနေသ၍ပေါ့။