စက်တင်ဘာလရဲ့နောက်ဆုံးနေ့လေးဟာအံ့သြမှင်သက်မှုတွေနဲ့စတင်ခဲ့တယ်။
မနက်အိပ်ရာထမနက်စာစားဖို့လက်ဖက်ရည်ဆိုင်သွားတော့လက်ဖက်ရည်တခွက်တစ်ထောင်ဖြစ်သွားပြီ။ပိုက်ဆံအိတ်လေးကိုမသိမသာစမ်းကြည့်မိလိုက်သေးတယ်။စျေးကဟင်းချက်စရာတွေဝယ်ပြီးပြန်လာတဲ့အမေကညည်းတယ်။စျေးထဲမှာကန်စွန်းရွက်ကအစအသားငါးအဆုံးစျေးတွေထိုးတက်ကုန်ပြီတဲ့။သူ့ကိုလဲဘာမှပြန်ပြောချင်တော့။ဒါနဲ့စိတ်ပြေလက်ပျောက်ဆိုင်ကယ်လေးပတ်စီးမယ်ဆိုပြီးဆီဖြည့်ဖို့ဆီဆိုင်သွားတော့ဆီတစ်ဗူးနှစ်ထောင်ဖြစ်သွားပြီ။နောက်ဆိုစက်ဘီးအစုတ်လေးကိုပြန်ထုတ်ဖုန်သုတ်ပြီးစီးရတော့မယ်။
ဒေါ်လာစျေးရွှေစျေးတက်တဲ့ဂရက်ဟာအောက်ခြေကိုချက်ချင်းရောက်လာပါပြီ။ကုန်စျေးနှုန်းတွေအကုန်ထိုးတက်ပြီးဝင်ငွေကတက်မလာတဲ့အပြင်ရှိတဲ့အလုပ်တွေပါနားနေရတော့မကြာမီမှာအကုန်ငတ်ကိန်းဆိုက်လာပါလိမ့်မယ်။