ဒီနေ့နေပြည်တော်ကစစ်ရုံးထဲမှာပေါက်ကွဲမှုဖြစ်ပွားတယ်။လူသူထိခိုက်မှုမရှိပေမယ့်ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာကစစ်တပ်အတွင်းစီးလို့ပြောလို့ရတဲ့ရုံးဖြစ်နေတယ်။တော်လှန်ရေးမှာဖရဲသီးလို့ခေါ်ကြတဲ့သူ့လူကိုယ့်ဘက်သားတွေစတင်လက်စွမ်းပြနေပြီပေါ့။ဒီကာလမှာတောက်လျောက်ငြိမ်ဝပ်ပိပြားနေတဲ့စစ်ကောင်စီရဲ့ဌာနချုပ်နေပြည်တော်မှာတောင်ဒီရက်ပိုင်းပေါက်ကွဲမှုတွေ၊ပစ်ခတ်မှုတွေခပ်စိတ်စိတ်ဖြစ်ပေါ်လာနေတယ်။
ရန်ကုန်နဲ့မန္တလေးမှာတော့နည်းနည်းငြိမ်သွားတယ်။ဟိုရက်တွေကအဖမ်းအဆီးတွေကြမ်းနေတာလဲပါမှာပေါ့။UG တွေလဲခဏကိုယ်ရောင်ဖျောက်နေတာထင်တယ်။