အာဆီယံလူသားချင်းစာနာမှုအကူအညီပေးရေးယာဉ်တန်းဟာရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့အနီးမှာပစ်ခတ်ခံလိုက်ရတယ်။ထိုယာဉ်တန်းဟာPNLOဆက်ဆံရေးရုံးမှာစစ်ဘေးဒုက္ခသည်တွေကိုကူညီရေးဆွေးနွေးဖို့သွားချိန်လမ်းမှာပစ်ခတ်ခံရလို့လှည့်ပြန်သွားရတယ်။ပစ်ခတ်မှုကြောင့်လူတွေထိခိုက်တာမရှိပေမယ့်ကားတွေတော့ပျက်စီးသွားတယ်။တိုက်ခိုက်မှုရဲ့တရားခံတော့မပေါ်သေးဘူး။စစ်တပ်နဲ့တော်လှန်ရေးအဖွဲ့တွေတဖက်နဲ့တဖက်လွှဲချနေကြတယ်။ တကယ်ကထိုနေရာဟာစစ်တပ်ထိန်းချုပ်မှုနယ်မြေအောက်မှာရှိနေပြီးတော်လှန်ရေးအဖွဲ့တွေအလွယ်တကူလှုပ်ရှားလို့မရတဲ့နေရာဖြစ်တယ်။ပြီးတော့အာဆီယံအစည်းအဝေးရှိတဲ့အချိန်မှာဒီကိစ္စဖြစ်လာတာဆိုတော့ဘယ်သူလုပ်တာဖြစ်နိုင်မလဲစဉ်းစားကြည့်ပေါ့။
Read moreDetailsစစ်ကောင်စီကအကယ်ဒမီပေးပွဲကိုသုံးနှစ်စာပေါင်းပြီးပြုလုပ်လိုက်တယ်။ထိုပွဲကိုပြည်တွင်းကအနုပညာရှင်တွေအကုန်မတက်မနေရလို့ခြိမ်းခြောက်ထားတာကြောင့်တော်တော်များများတက်ရောက်ကြတာတွေ့ရတယ်။ဒါပေမယ့်လဲထိုအကယ်ဒမီပေးပွဲသတင်းတွေလူထုကြားမှာမပြန့်နှံခဲ့ဘူး။ဘယ်သူတွေဘာရသွားတယ်ဆိုတာတောင်မသိလိုက်ဘူး။စစ်ကောင်စီလုပ်သမျှပွဲတွေအကုန်ပြည်သူကသပိတ်မှောက်ထားကြတယ်။ ထိုပွဲမှာအကယ်ဒမီရတဲ့သူတွေအတွက်လဲတကယ့်ကိုအောက်သက်သက်ဖြစ်နေမှာပဲ။စစ်ကောင်စီပေးတဲ့အကယ်ဒမီကိုပြည်သူကသပိတ်မှောက်ထားတဲ့အတွက်သူတို့လဲလွတ်လွတ်လပ်လပ်ပျော်နိုင်မယ်မထင်ဘူး။
Read moreDetailsစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြီးခဲ့တဲ့တပ်မတော်နေ့မှာPDFတွေနဲ့သူတို့ကိုကူညီထောက်ပံပေးနေတဲ့EAOတွေကိုအပြတ်တိုက်မယ်လို့ကြိမ်းဝါးသွားတယ်။အဲ့ဒီနောက်စစ်အသုံးစားရိတ်ကိုဒီနှစ်မှာနှစ်ဆနီးပါးမြှင့်တင်လိုက်တယ်။စစ်တပ်ကတော့ဒီနှစ်မှာမီးကုန်ရမ်းကုန်ကြမ်းမယ့်သဘောရှိတယ်။တဖက်မှာလဲNUGကနောက်ဆုံးအဆင့်တန်ပြန်ထိုးစစ်ဆင်ကာလအတွက်ပြင်ဆင်နေကြောင်းပြောထားတယ်ဆိုတော့ဒီနှစ်ထဲမှာတိုက်ပွဲတွေပိုမိုပြင်းထန်လာမယ့်ပုံပဲ။မိုးရာသီကရောက်တော့မယ်ဆိုတော့မိုးတွင်းမှာပဲစစ်ဆိုင်ကြမလား၊မိုးကုန်မှဖြစ်လာမလားမပြောတတ်သေးဘူး။ပြည်သူတွေကတော့မြေဇာပင်ဖြစ်ဦးမှာပဲ။
Read moreDetailsစစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေရဲ့ လူအင်အား man power ဟာ စစ်တပ်ရဲ့လူအင်အားထက် သာလွန်နေပြီ ဖြစ်တဲ့အကြောင်း၊ အခုအချိန်မှာ တန်ပြန် ထိုးစစ် အကြို ကာလကို ရောက်နေပြီး နောက်ဆုံးအဆင့် တန်ပြန်ထိုးစစ်ဆင်ကာလအတွက်ပြင်ဆင်နေကြောင်းNUGကပြောလိုက်ပြန်တယ်။NUGကထိုကဲ့သို့လေနဲ့ပဲတိုက်နေတာအခုဆိုရင်၂၀၂၃နှစ်တဝက်ကုန်ခါနီးပါပြီ။မကြာမီမှာမိုးရာသီကာလရောက်လာပါတော့မယ်။မိုးရာသီဆိုတာမြန်မာပြည်မှာစစ်တိုက်ရခက်ခဲတဲ့ရာသီတစ်ခုပါ။အဲ့ဒီတော့NUGရဲ့ပြင်ဆင်မှုဟာမိုးကုန်တဲ့အထိသွားမယ့်သဘောရှိတယ်။ NUGကအဲ့လိုလေကြီးမိုးကြီးတွေပြောပြီးအချိန်တွေကုန်လာလိုက်တာအခုဆိုရင်တော်လှန်ရေးကာလသုံးနှစ်ထဲဝင်လာပြီ။တချို့ဒေသတွေမှာစစ်တပ်ရဲ့နောက်တန်းအခြေစိုက်တပ်ရင်းစခန်းတွေကိုတိုက်ခိုက်နိုင်မှုတွေရှိလာပေမယ့် ခုအချိန်ထိမဟာဗျူဟာမြောက်ထိုးစစ်ဆင်မှုတွေတစ်ခုမှမတွေ့ရသေးပါဘူး။တဖြည်းဖြည်းနဲ့NUG ရဲ့ထိုးစစ်ဟာသူပြောနေတဲ့လေလုံးတွေကြားမှာပဲပြီးဆုံးမသွားဖို့မျှော်လင့်တယ်။
Read moreDetailsစစ်ကောင်စီဟာမနေ့ကကဆုန်လပြည့်နေ့မှာနိုင်ငံရေးအကျဉ်းသားနှစ်ထောင်ကျော်ကိုပြန်လွှတ်ပေးခဲ့တယ်။ဒါပေမယ့်ထိုပြန်လွှတ်ပေးမှုဟာမြန်မာပြည်ကိုတရုတ်၊ရုရှားအပါအဝင်နိုင်ငံတကာကလာရောက်ချိန်နှင့် ချိန်ကိုက်လွှတ်ပေးခြင်းသာဖြစ်တယ်။ ဖမ်းဆီးထားတဲ့လူတွေကိုပြန်လွှတ်ပြီးသူ့ရဲ့လမ်းစဉ်ကိုလက်ခံအောင်လုပ်တာကဟိုအရင်တွေကတည်းကလည်း လုပ်နေကျပဲ။ အခုတော့ စကစနဲ့ တွေ့ဆုံမှုတွေ လုပ်လာနေကြတာနဲ့အချိန်ကိုက် စီစဉ်ထားတဲ့ အတိုင်းလျော့ပေးနေတယ်။လက်ရှိမှာစစ်ကောင်စီ၏ဖိတ်ကြားချက်ဖြင့်မြန်မာနိုင်ငံကိုတရုတ်နိုင်ငံတော်ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်ကန်း၊ ရုရှားအစိုးရကိုယ်စားလှယ်အဖွဲ့တို့အပြင် အာဆီယံ စီးပွားရေးအကြံပေးကောင်စီ(ASEAN-BAC) ဥက္ကဋ္ဌတို့ရောက်ရှိနေတယ်။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့အခါကြီးရက်ကြီးတွေမှာအကျဉ်းသားတွေလွှတ်ပေးလေ့ရှိပေမယ့်နိုင်ငံအကျဉ်းသားတွေအများဆုံးလွှတ်ပေးတာဟာဒီတကြိမ်ပထမဦးဆုံးပဲ။ဒါပေမယ့်လဲဒါဟာဖိအားတွေများနေတဲ့စစ်ကောင်စီရဲ့လှည့်ကွက်တစ်ခုပဲ။
Read moreDetailsမြန်မာစစ်တပ်ဟာအင်အားချိနဲ့လာပြီးတပ်ဖွဲ့ဝင်အင်အားလျော့နည်းလာတယ်လို့နိုင်ငံတကာစစ်တမ်းတစ်ခုကဆိုပါတယ်။အာဏာမသိမ်းခင်ကမြန်မာစစ်တပ်ဟာတပ်ဖွဲ့ဝင်အင်အားသုံးသိန်းမှလေးသိန်းအထိရှိမယ်လို့ခန့်မှန်းခဲ့ပေမယ့်အခုအချိန်မှာထက်ဝက်ခန့်သာကျန်တော့တယ်။တကယ်တမ်းအင်အားတစ်သိန်းခွဲခန့်သာရှိပြီးအာဏာသိမ်းပြီးနောက်ပိုင်းCDMနဲ့တိုက်ပွဲမှာသေဆုံးမှုတွေကြောင့်နှစ်သောင်းကျော်ဆုံးရှုံးခဲ့တယ်။ဒါ့ကြောင့်အာဏာသိမ်းစစ်ကောင်စီဟာ အတိုက်အခံတွေရဲ့ လက်နက်ကိုင်တော်လှန်မှုကို နှိမ်နင်းဖို့နဲ့ အာဏာ ချုပ်ကိုင်မှု ခိုင်မာကျစ်လစ်အောင် မလုပ်ဆောင်နိုင်တော့ဘူးလို့ ဆိုပါတယ်။ မြန်မာစစ်တပ်ကထိခိုက်သေဆုံးတဲ့အချက်အလက်တွေကိုအဆင့်အသီးသီးမှာလိမ်လည်ထားတာကြောင့်သူတို့ရဲ့အင်အားအမှန်ကိုစစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေတောင်အသေအချာမသိနိုင်တော့တဲ့အခြေအနေဖြစ်နေပါပြီ။ဒီအချက်ဟာတော်လှန်ရေးအင်အားစုတွေကောင်းကောင်းအသုံးချရမယ့်အချက်တစ်ခုဖြစ်လာလိမ့်မယ်။
Read moreDetailsစစ်ကိုင်းတိုင်းရှိ စစ်ရှောင် ပြည်သူများအဖို့ စစ်ကောင်စီ၏ အကြမ်းဖက်နှိပ်စက်သတ်ဖြတ်ခြင်း၊ မီးရှို့ခြင်းများ ကြုံတွေ့နေရသည့်အပြင် ပူပြင်းခြောက်သွေ့လှသောဧပြီလက စတင်ကာ တစ်ပူပေါ်နှစ်ပူဆင့်စေသည်မှာ ရေရှားပါးမှုပြဿနာပဲ။စစ်ကိုင်းတိုင်းမှာ မိုးခေါင်ရေရှားမှုကြောင့် ချိုးရေအသာထား၊ သောက်သုံးရေပင် ရရှိရန်ခက်ခဲနေတယ်။ရေဆိုတစ်ရက်ခြားလောက်ပဲချိုးနေရတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဝင်ရောက်ခဲ့တဲ့ ကျေးရွာများတွင်လည်း လျှပ်စစ်ထရန်စဖော်မာများ၊ ရေဘုံဘိုင်များကို...
Read moreDetailsတရုတ်နိုင်ငံခြားရေးဝန်ကြီးမြန်မာပြည်ကိုရောက်လာပြီးစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့တွေ့ဆုံသွားတယ်။ဒါဟာအာဏာသိမ်းပြီးနောက်စစ်ခေါင်းဆောင်ကိုလာရောက်တွေ့ဆုံတဲ့ပထမဆုံးတရုတ်ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးပဲ။တရုတ်ဟာအခုနောက်ပိုင်းမှာစစ်ကောင်စီကိုပေါ်ပေါ်ထင်ထင်ထောက်ခံမှုတွေခပ်စိပ်စိပ်ပြုလုပ်လာတယ်။ ဒီတခေါက်တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ခရီးစဉ်မှာထူးခြားမှုတစ်ခုကအာဏာရှင်ဟောင်းဦးသန်းရွှေကိုသွားရောက်တွေ့ဆုံခဲ့တာပဲ။တရုတ်ဟာမင်းအောင်လှိုင်ကိုထိန်းချုပ်ပြောဆိုလို့မရတော့တဲ့နောက်မှာအရင်အာဏာရှင်ဟောင်းဦးသန်းရွှေရဲ့အကူအညီကိုရယူလိုနေတယ်လို့သုံးသပ်ကြတယ်။တချို့ကတော့အနားယူနေတဲ့ဦးသန်းရွှေပြန်ပါလာရင်စစ်ကောင်စီရဲ့ထိပ်ပိုင်းမှာအပြောင်းအလဲတွေဖြစ်နိုင်မယ်လို့ယူဆကြတယ်။ဒါပေမယ့်ဘယ်လိုပဲပြောင်းလဲပါစေပြည်သူတွေအတွက်တော့ထူးမယ်မထင်ဘူး။သူတို့အချင်းချင်ကပုလင်းတူဗူးဆို့တွေပဲလေ။တရုတ်ကဘာလိုချင်တာလဲ၊စစ်ကောင်စီဘာဆက်လုပ်မှာလဲဆိုတာကိုတော့သတိထားစောင့်ကြည့်ရမယ်။
Read moreDetailsမန္တလေးမြို့မှာ အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်ခြင်းကြောင့် သောက်သုံးရေပြတ်လပ်မှုများ ကြုံနေရတယ်။မန္တလေးမြို့မှာစည်ပင်သာယာရေးကော်မတီနယ်နမိတ်မြို့ပေါ်ရပ်ကွက်နေသူများကစည်ပင်ပေးသည့် ရေကို အသုံးများပြီး အခု အချိန်ကန့်ချက်ဖြင့် ရေပေးနေသလို အဝီစိတွင်းရေကို အားထားနေသည့် မြို့သစ်ပိုင်း နေသူများမှာလည်း မီးပျက်ချိန်များလို့ ရေတင်မရသည့် အခက်အခဲနှင့် ကြုံနေရတယ်။ ရေကို မီးလာတဲ့အချိန်လေး...
Read moreDetailsစစ်အာဏာရှင်တော်လှန်ရေးလှုပ်ရှားမှုတွေကိုရန်ပုံငွေရှာဖွေပေးနေတဲ့တော်လှန်ရေးထောက်ပို့YouTubeချန်နယ်တွေဖြစ်တဲ့ပဒေသာပင်ချန်နယ်များကိုဒီလကုန်မှာရပ်နားတော့မယ်တဲ့။အဓိကကတော့လူဝင်နှုန်းကျနေတာပဲ။အရင်ကတသိန်းလောက်ဝင်ခဲ့ရာကနေအခုနေ့တိုင်း၁၅၀၀၀လောက်ပဲဝင်တယ်။တခြားချန်နယ်တွေဆိုဒီထက်ပိုဆိုးသေးတယ်။ဒါ့ကြောင့်တလကိုဝင်ငွေသိန်း၃၀ကျော်သာရရှိတော့လို့ရပ်နားဖို့ဆုံးဖြတ်လိုက်ရတာပဲ။ အခုလိုချန်နယ်တွေ၊ကလစ်အပ်ပလီကေးရှင်းတွေအားနည်းလာနေတာတော့ကြာပါပြီ။အဓိကတော့လူတွေငြီးငွေ့လာကြတာပဲ။ပီးတော့အခုနောက်ပိုင်းမီးတွေတအားပြတ်တော့အဲ့ဒီအတွက်ကိုအချိန်မပေးနိုင်ကြတော့ဘူး။တော်လှန်ရေးကာလနှစ်နှစ်ကျော်ကြာလာပြီးတဲ့နောက်မှာထို့ကဲ့သို့အင်တာနက်အားပြုထောက်ပို့လုပ်ငန်းတွေပျောက်ကွယ်သွားတော့မယ်။
Read moreDetailsYou can copy without credits to our site. We Need Freedom.