Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

နိုဝင်ဘာ ၀၂၊ ၂၀၂၃။ (ကြာသပတေး)

November 20, 2023
in အာဏာသိမ်း ဒိုင်ယာရီ
Reading Time:1 min read
Share on FacebookShare on Twitter

ရှမ်းပြည်နယ်မြောက်ပိုင်း၊ကွမ်းလုံမြို့နယ်ကစစ်ကောင်စီရဲ့တပ်ရင်းတစ်ခုတပ်ရင်းလိုက်လက်နက်ချအလင်းဝင်လာခဲ့ပါတယ်။ခလရ၁၄၃တပ်ရင်းဖြစ်ပြီးဒုတပ်ရင်းမှုးအပါအဝင်အင်အား၄၀ခန့်လက်နက်အပြည့်အစုံနဲ့လက်နက်ချလာတာပါ။ထိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုMNDAAကတစ်ဦးလျှင်လမ်းစားရိတ်၁၅သိန်းစီပေးပီးလွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်။ဒါဟာနွေဦးတော်လှန်ရေးကာလမှာကရင်နီပြည်နယ်မယ်စဲမြို့မှာစစ်ကောင်စီတပ်တွေတပ်ရင်းလိုက်လက်နက်ချပြီးနောက်ဒုတိယအကြိမ်ဖြစ်ပါတယ်။အဲ့တုန်းကပြောခဲ့သလိုပဲစစ်သူပုန်တွေဟာလက်နက်မချရင်သေရတော့မယ့်အခြေအနေရောက်မှ၊လုံးဝရွှေးချယ်စရာလမ်းမရှိမှလက်နက်ချတာပါ။ဒီတခေါက်ရှမ်းမြောက်ကတိုက်ပွဲတွေမှာတော့လက်နက်ချမယ့်စစ်သူပုန်တွေများလာလိမ့်မယ်ထင်တယ်။သူတို့မှာပြေးစရာလမ်းမရှိတော့ဘူးလေ။
တောင်ပိုင်းကကရင်ပြည်နယ်ဘက်မှာတော့KNUပူးပေါင်းအဖွဲ့တွေဟာကောကရိတ်မြို့အပြင်ကြာအင်းဆိပ်ကြီးမြို့ကိုပါတိုက်ခိုက်နေတယ်။ဒါပေမယ့်ထိုတိုက်ပွဲတွေမှာတော်လှန်ရေးအဖွဲ့တွေဘက်ကဒုစစ်ကြောင်းမှုးတစ်ဦးကျဆုံးသွားတယ်။ရှမ်းမြောက်မှာတမြို့ပီးတမြို့သိမ်းနေချိန်မှာကရင်ပြည်နယ်ထဲမှာတော့သိသာထင်ရှားတဲ့အောင်မြင်မှုတွေမတွေ့ရသေးပါဘူး။EROတွေဖြစ်တဲ့မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့တောင်ပိုင်းကKNUအဖွဲ့အခြေအနေချင်းတော့မတူကြပါဘူး။အဓိကအချက်တွေကတော့KNUမှာတပ်မဟာ၇ခုရှိပေမယ့်အမိန့်ပေးစနစ်တစ်ခုထဲအောက်မှာရှိမနေကြဘူး။ကိုယ့်တပ်မဟာအလိုက်တိုက်နေကြတယ်။ပီးတော့KNUဟာခဲယမ်းမြောက်ပိုင်းအဖွဲ့တွေလောက်ခဲယမ်းလုံလုံလောက်လောက်မသုံးနိုင်ဘူး။ဒါ့ကြောင့်တောင်ပိုင်းမှာတိုးတက်မှုတွေနှေးကွေးနေရခြင်းဖြစ်တယ်။

Related Posts

သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
အာဏာသိမ်း ဒိုင်ယာရီ

သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)

August 30, 2025

တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...

သြဂုတ် ၂၉၊ ၂၀၂၅။ (သောကြာ)
အာဏာသိမ်း ဒိုင်ယာရီ

သြဂုတ် ၂၉၊ ၂၀၂၅။ (သောကြာ)

August 29, 2025

တရုတ်ရဲ့ဖိအားကိုရင်ဆိုင်နေရတဲ့ ရှမ်းမြောက်ကနောက်တစ်ဖွဲ့ဖြစ်တဲ့ MNDAAအဖွဲ့ကိုလဲ စစ်ကော်မရှင်ကသိန္ဒီမြို့ကို ပြန်တောင်းနေတယ်လို့...

သြဂုတ် ၂၈၊ ၂၀၂၅။ (ကြာသပတေး)
အာဏာသိမ်း ဒိုင်ယာရီ

သြဂုတ် ၂၈၊ ၂၀၂၅။ (ကြာသပတေး)

August 28, 2025

စစ်ကောင်မရှင်နဲ့ TNLAတို့တရုတ်နိုင်ငံကူမင်းမြို့မှာ တွေ့ဆုံတဲ့ဆွေးနွေးပွဲကတော့ အဖြေမထွက်ပဲပြီးဆုံးသွားပါပြီ။စိတ်ဝင်စားဖို့ကောင်းတာက ထိုဆွေးနွေးပွဲမှာ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English